သရေခေတ္တရာ ပြည်မြို့တော်

ဆရာဝန်လုပ်မှာလား ၊ ဈေးရောင်းမှာလား

ဆရာဝန်လုပ်မှာလား ၊ ဈေးရောင်းမှာလား

သရ၀ဏ်(ပြည်)

တလောကကျောင်းနေဘက် ငယ်သူငယ်ချင်းတစ်ယောက် ပြန်တွေ.သည် ။ ကိုးတန်းတုန်းကသူနှင်. အ.ထ.က(၁) ပြည်မြို.မှာ စာသင်ခန်းတစ်ခန်းထဲ၌ ကျောင်းအတူနေဖူး ၊ ပညာဆည်းပူးဖူးသည် ။ သူက ဟိန္ဒူဘာသာဝင် ။ကျွန်တော်တက္ကသိုလ်တက်နေစဉ်သူသည် ဆေးကျောင်းသူတစ်ယောက်နှင်.အိမ်ထောင်ကျသွားသလိုလို သတင်းကြားသည် ။ နောက်တော.သူနှင်.ကျွန်တော် အဆက်ပြတ်သွားသည် မှာ နှစ် (၂၀)ခန်.ကြာသည် ။ ပြီးခဲ.သော လကတော.သူနှင်. မမျှော်လင်.ပဲ ပြန်တွေ.သည်။

သူသည် တိုက်နှင်. ကားနှင်. ချမ်းသာသောလူတစ်ယောက်ဖြစ်နေပါပြီ ။ သားတစ်ယောက် သမီးတစ်ယောက်ရ၍ စော်ဘွားကြီးကုန်းတွင် ရေပိုက်နှင်.ပိုက်ဆက်ပစ္စည်း အရောင်းဆိုင်ဖွင်.ထားကာ စီးပွားရေးအတော်အဆင်ပြေနေလေသည် ။ သူ.အမျိုးသမီးဘာလုပ်နေသလဲဟုကျွန်တော်ကမေးရာ

“ ဆေးကျောင်းပြီးလို.ဆရာဝန်ဘွဲ.တော.ရတယ် ၊ ဒါပေမယ်. ဆရာဝန်အလုပ်ကဘာလုပ်မှာလဲကွာ ။ ငါသူ.ကို ငါ.ဆိုင်မှာပဲ ရေပိုက်တွေရောင်းခိုင်းထားတယ် ။ အခုဆိုရင်သူကအရောင်းအ၀ယ်မှာ ငါ.ထက်တောင်တော်နေသေးတယ် ။ သူ.ခြေ သူ.လက် အားလုံး သူ.ကိုလွှဲထားလို.ရတာကြောင်. ငါလဲဆိုင်ကိုသူနဲ.ပဲ လွှဲထားပြီး တစ်နေ.တစ်နေ. ကလေးကို ကျောင်းကြို ကျောင်းပို.လုပ်လိုက် ၊ လျှောက်လည်လိုက်နဲ. ဟန်ကျနေတယ်ကွ “
“ ဒါဆို မင်းမိန်းမ ဆေးမကုတော.ဘူးပေါ. “

“ မင်းကလဲ ကျားကိုက်ပါတယ်ဆိုမှ အပေါက်လေးနဲ.လား လာမေးနေတယ်။ ဘာဖြစ်လို.ဆေးကုတော.မလဲကွ ၊ ငါ.ဆိုင်က ဒီလောက်ဝင်ငွေကောင်းနေမှပဲ “

သူ.စကားဆုံးသည်နှင်. ကျွန်တော်.မျက်စေ.ထဲဝယ် ရုပ်ရှင်ဆန်ဆန် မြင်ယောင်လာသည်မှာ ဖုန်များတက်နေသော နားကြပ်တစ်စုံ ၊ ဆေးကျောင်းတက်ခွင်.ရအောင်ငယ်စဉ် သူငယ်တန်းမှစကာ နောက်ဆုံးနှစ် အပိုင်း ( ခ) အထိ ကျက်မှတ်ထားခဲ.သော စာအုပ်များ ၊ အသစ်ကျပ်ကြွတ် ငွေစက္ကူများ၊ ရေပိုက် ၊ပိုက်ဆက်ပစ္စည်း ၊ ဘုံပိုင်ခေါင်း ၊ ဆော.ကက် ၊ ချက်ဘားများ ကို ကိုင်တွယ်ရောင်းချနေသော လက်များ ၊ ဂဏန်းပေါင်းစက် တစ်ခု ၊ ဆရာဝန်မရှိသဖြင်. မျှော်နေကြသော တောမြို. ၊ နယ်စွန်နယ်ဖျား ဆေးရုံဆေးခန်းမှ လူနာများ ၊ နောက်ဆုံးပေါ် ALPHARD ကားဖြူကြီး

လောကကြီးဝယ် မည်သည်.အလုပ် မည်သည်.အသက်မွေးဝမ်းကျောင်းမှု သည် အခြား မည်သည်.အလုပ် မည်သည်.အသက်မွေးဝမ်းကျောင်းမှုထက် သာလွန်မြင်.မြတ်သည်ဟု ကျွန်တော်မဆုံးဖြတ် ၀ံ.ပါ ။ ဆရာဝန်တစ်ယောက်သည် လူ.အသိုင်းအ၀ိုင်းအတွက် အရေးကြီးသလို ၊ ပိုက်ဆက်သမားတစ်ယောက် ၊ ဖိနပ်ချုပ်သမားတစ်ယောက်သည်လည်း လောကကြီးအတွက် အသုံးဝင်ပါသည် ။မည်သူသည် မည်သူ.ထက်သာသည် ဟုပြောရခက်ပါသည် ။ အလုပ်တစ်ခုကို နှိမ်.ချပြောဆိုရန် ကျွန်တော်.တွင် ရည်ရွယ်ချက်မရှိပါ ။

နောက်ထပ်တွေးစရာတစ်ခုထပ်ရသည် မှာ Real Lives .., Real Stories မဂ္ဂဇင်းတွင် ဆရာဝန်တစ်ယောက်အကြောင်းဖတ်ရ၍ ဖြစ်သည် ။ ထိုဆရာဝန်သည်လည်းအမျိုးသမီးဆရာဝန်တစ်ဦးဖြစ်ပါသည် ။ သူသည် ဆေးကျောင်းတက်၍ ဘွဲ.ရပြီးသောအခါ အိမ်ထောင်ကျ၍ ယောက္ခမများ၏ စီမံမှု အရ ဆရာဝန်အလုပ်ကိုမလုပ်ရတော.ပဲ ရန်ကုန်မြို. မဟာ ဗန္စုလလမ်းတွင်ရွှေဆိုင်ထွက်၍ ရွှေဆိုင်ပိုင်ရှင် ဘ၀ကိုခံယူခဲ.သူဖြစ်သည် ။ ထိုစာ အုပ်ထဲ၍ ခရေစေ.တွင်းကျပင် ရွှေလောကသို.အစိမ်းသက်သက်ဝင်ရောက်ခဲ.ပုံ ၊ ယောက္ခမ ၏သင်ကြားပေးမှုဖြင်. တဖြည်းဖြည်းနားလည်လာပုံ ၊ ခေတ်ပညာတတ်တစ်ယောက်ဖြစ်သဖြင်. ခေတ်မီစီမံခန်.ခွဲမှုပညာများဖြင်. ပေါင်းစပ်လိုက်သောအခါ သူ.ရွှေဆိုင်သည် တဟုန်ထိုးအောင်မြင်လာပုံ ၊ သူသင်ယူလာခဲ.သော ဆေးပညာကိုနှမြောသော်လည်း ဆရာဝန်အဖြစ်ဆေးကုသရန် ရည်ရွယ်ချက်မရှိတော.ပုံ များကို အင်တာဗျူးဆောင်းပါး၌ ထည်.သွင်းပြောပြထားပါသည် ။

ဆရာဝန်ဖြစ်မှ ဈေးသည် အဖြစ်သို. ပြောင်းလဲ ရောက်ရှိသွားသူနှစ်ယောက်အကြောင်း ကို ဥပမာအဖြစ် တင်ပြရသော်လည်း အကယ်စင်စစ် အပြင်လောကကြီး၌ ဆရာဝန်ဘွဲ.ရကာမှ အဆိုတော်လုပ်နေ သူများ ၊ ရုပ်ရှင်မင်းသား မင်းသမီးလုပ်နေသူများ ၊ စာရေးဆရာ လုပ်နေသူများ ၊ ခြံစိုက်စားနေသူများ ၊ ဆေးဆိုင်ဖွင်.ရောင်းနေသူများ ၊ ဆောက်လုပ်ရေးကန်ထရိုက် လုပ်နေသူများ ၊ ပွဲစားလုပ်နေသူများစွာလဲရှိသေးသည် ။ ဤကမ္ဘာပေါ်ဝယ် မည်သူတစ်ဦးတစ်ယောက်မှ ကိုယ်ရထားသောဘွဲ.နှင်. အသက်မွေးဝမ်းကျောင်းအလုပ်ကို လုပ်စားပါမည်ဟု သစ္စာဓိဌာန် ပြုထားခြင်းမရှိလေရာ မည်သူမဆို ဘာဘွဲ.ကိုရရ ကိုယ်ကြိုက်တာကိုယ်လုပ်နိုင် သည်မှာ ထိုသူများ၏ အခွင်.အရေးဖြစ်သည် ။

သို.သော် ပြောစရာရှိသည်မှာ မြန်မာပြည်၏အနေအထားနှင်. တက္ကသိုလ်ဝင်ခွင်.ရွေးချယ်ပုံ စနစ်ဖြစ်သည် ။ အများသိကြသည်.အတိုင်း မြန်မာနိုင်ငံ၌ တက္ကသိုလ်ဝင်ခွင်.ရွေးချယ်ပုံမှာ ဆယ်တန်းအောင်သော အမှတ်အနည်းအများကိုလိုက်၍ အမှတ်အများဆုံးလူ ( ) ကို ရန်ကုန် ဆေးတက္ကသိုလ် ၊ နောက်ထပ် တိုင်းနှင်.ပြည်နယ် များမှ အမှတ်အများဆုံး ( ) ကို မန္တလေးဆေးတက္ကသိုလ် ၊ မကွေးဆေးတက္ကသိုလ် စသည်ဖြင်. လူဦးရေကိုအမှတ်ဖြင်.ကန်.၍ ခေါ်ယူခြင်းဖြစ်သည် ။ ထို.ကြောင်. ဥပမာ အမှတ်အများဆုံး လူ ( ၁၀၀ ) ကို ဆေးတက္ကသိုလ်တစ်ခုက ခေါ်ယူသည် ဆိုလျင် အမှတ် တစ်မှတ်မျှကပ်လျော.နေသော ( ၁၀၁) ယောက်မြောက် ကျောင်းသား ကျောင်းသူမှာ ( အမှတ်တစ်မှတ်လျော.နည်းမှုအတွက်နှင်. ) မည်မျှဆေးပညာကိုတန်ဖိုးထား ၀ါသနာပါသည်ဖြစ်စေ ဆေးတက္ကသိုလ်ဝင်ခွင်. မရတော.ပေ ။ဆေးပညာကိုမည်မျှ ၀ါသနာ မပါသူဖြစ်စေ ဆယ်တန်းကိုအမှတ်ကောင်းနှင်.အောင်ပါက ဆေးတက္ကသိုလ်တက်ခွင်.ရမည်ဖြစ်သည် ။

ဤနေရာ၌ ၀ါသနာမပါပဲဆေးတက္ကသိုလ်တက်ခွင်. ရခဲ.သော ကျောင်းသား ၊ကျောင်းသူတစ်ယောက်အတွက် ၊ တက်ချင်ပါလျက် အမှတ်တစ်မှတ် နှစ်မှတ် ကြောင်. ကပ်၍ ပြုတ်ကျန်ရစ်ခဲ.သော ဆေးပညာကိုဝါသနာပါသည်. ကျောင်းသားမှာ ဘ၀နှင်.ချီ ၍ နစ်နာရတော.သည် ။ဘွဲ.ရကာမှ ဆေးမကုပဲ ဈေးသည်လုပ်မည်. ဆေးကျောင်းသားလောင်းတစ်ယောက်အတွက် နေရာဖယ်ပေးခဲ.ရသော ( ၁၀၁ ) ယောက်မြောက် ကျောင်းသားမှာ သူလည်းဆရာဝန် မဖြစ် ။ သူ.နေရာတွင် ရှေ.က၀င်သွားသူ တစ်ဦးမှာလည်း အချိန်ကုန်လူပန်း၊ နိုင်ငံတော်၏ ဘဏ္ဍာများပြုန်းတီးပြီး သဲထဲရေသွန်ဖြစ်ကြခြင်းမှာ စနစ် မကောင်းသောကြောင်.ဖြစ်သည် ။

ဆယ်တန်းအောင်စ ၊အသက် (၁၆ ) နှစ်သာသာ အရွယ်သည် ဘ၀ အတွေ.အကြုံ နည်းသေးသည် ဖြစ်ရာ ထိုအရွယ်တွင် ဘ၀တစ်ခုလုံးနှင်.ဆိုင်သော တက္ကသိုလ်ဝင်ခွင်.ကို ( ပြင်ဆင်ခွင်.မရှိ ) တစ်ခါတည်း အပြီး သတ် ရွေးချယ်လျှောက်ထားစေခြင်းမှာ အကောင်းထက်အဆိုးကို ပို၍ ဖြစ်ပေါ်စေမည်ဖြစ်သည် ။ဝါသနာပါသည် ဖြစ်စေ ၊မပါသည်ဖြစ်စေ ၊ ပါရမီပါသည် ဖြစ်စေ ၊မပါသည် ဖြစ်စေ ဆယ်တန်းတွင်မျက်စေ.စုံမှိတ် ကျက်အားကြောင်. အမှတ်ကောင်း သူသာဆရာဝန်ဖြစ်ခွင်.ရှိ၍ အမှတ်မကောင်းသော်လည်း အိုင်ကျူ ( I.Q ) မြင်.သော ၊ ဆရာဝန်တကယ်ဖြစ်လိုသော ၊ဆေးပညာကိုဝါသနာပါ သော ၊ လူ.အသက်ကယ်ရတာ ဂုဏ်ယူသော လူငယ်များ ဆရာဝန်ဖြစ်ခွင်. လုံးဝလမ်းဆုံးနေသော စနစ်သည် နိုင်ငံနှင်.လူမျိုးအတွက် မကောင်းသော အကျိုးဆက်များကိုသာ ပေါ်ထွန်းလာစေမည်ဖြစ်သည် ။

ထိုစနစ်အစား တက္ကသိုလ် ဒုတိယနှစ်အောင်မှ ၀င်ခွင်.စာမေးပွဲ စစ်၍ ဆေးတက္ကသိုလ် ၊စက်မှုတက္ကသိုလ် စသည်ဖြင်. လက်သင်.ခံသောစနစ်သည် ပို၍ လူမှန်နေရာမှန်ရွေးချယ်နိုင်ပေ၏ ။ ကျောင်းသားများအနေနှင်.လည်း အသက် (၁၆) နှစ်အရွယ်တွင် မိဘကခိုင်း၍ လုပ်ရသည်ထက် ၊ တက္ကသိုလ်တွင် ( ၂ )နှစ်တက် ပြီးကာမှ ကိုယ်.၀ါသနာ ကိုယ်အချိန်ယူ စဉ်းစား ပြီး ဆုံးဖြတ်ခြင်းက အမှန်တရားနှင်. နီးစပ်နိုင်ပေသည်။ နိုင်ငံကျော်စာရေးဆရာမကြီး ကြည်အေး သည် ရိုးရိုးဝိဇ္ဖာဘွဲ. ( B.A ) ဘွဲ. ကိုရယူပြီးမှ ဆေးတက္ကသိုလ်ဝင်ခွင်.ကို ၀င်ဖြေပြီးအောင်မြင်သဖြင်. ဆရာဝန်တစ်ယောက်ဖြစ်လာခဲ.ကြောင်း သိမှတ်ဖူးပါသည် ။ ယခုလိုစနစ်မျိုးနှင်.ဆိုလျင် ဆယ်တန်းအောင်ကတည်းက တစ်ခါထဲ ဆုံးဖြတ်လိုက်သဖြင်. ကြည်အေးလည်း ဆရာဝန်ဖြစ်လာနိုင်မည်မဟုတ်ချေ ။

နိုင်ငံခြားတိုင်းပြည်များတွင် လူတစ်ယောက်သည် မည်သည်.အသက်အရွယ် သို.ရောက်နေသည်ဖြစ်စေ ဆေးပညာအပါအ၀င် သက်ဆိုင်ရာ ဘာသာရပ်တွင် တက္ကသိုလ်တစ်ခုခုက ၀င်ခွင်.စစ်ဆေးပြီး အရည်အချင်းကိုကြေနပ်လက်ခံပါက တက်ရောက်၍ ဆက်လက်ပညာသင်ခွင်.ရှိပေသည် ။ ထို.ကြောင်.အသက်ကြီးမှ ပါရဂူဘွဲ.ရသူများ ၊ ဆေးပညာဘွဲ.ရသူများ ၊ ဘီအေ ၊ အမ်အေ ၊ ရှေ.နေဘွဲ.ရသူများလည်း မရှားပေ ။ ပညာလိုအိုသည်မရှိပေ။

မြန်မာပြည်မှာလို လူတစ်ရာကိုပဲရွေးလိုက်ပြီဖြစ်၍ ( ၁၀၁ ) ယောက်မြောက် ပြုတ်ကျန်ခဲ.ပေတော. ဆိုသည် မှာတိုးတက်သောနိုင်ငံများ၌ မရှိတော.ပေ ။ဤကဲ.သို.တစ်လမ်းသွားတစ်ဖက်ပိတ် ပညာရေးစနစ်မျိုးကိုသာ ကျင်.သုံးခဲ.မည်ဆိုပါက အမေရိကန်ပြည်ထောင်စု၌ သမ္မတကြီး အေဗရာဟမ်လင်ကွန်းသည်ပင်လျင် ဥပဒေဘွဲ. ရလာစရာအကြောင်းမရှိပေ ။

ဝါသနာမပါပဲ နုနယ်ပျိုရွယ်စဉ် အသက် (၁၆ )နှစ် နှင်. ( ၂၀ ) ကြားတွင် မိဘက၀င်ဆုံးဖြတ်၍ ဆရာဝန် ၊အင်ဂျင်နီယာဖြစ်လာရသူများသည် သူတို.ဆန္ဒမပါပဲ ဘ၀ကိုရွေးချယ်ခဲ.ရသူများဖြစ်၍ လုပ်ငန်းခွင်၌ မပျော်ပိုက်ချေ ။ အချို.မှာအရည်အချင်းမပြည်.မီ ပေ ။ ဆေးရံ ဆေးခန်းများ ၌ မကြာခနကြားရတတ်သော ပေါင်းသင်းဆက်ဆံရေးဆိုးသည်.ဆရာဝန် ၊ လူနာများအားအလွဲလွဲ အမှားမှား ကုသမှုပေးသည်.ဆရာဝန် ၊ ပေါ.လျော.၍ လူသေစေသောဆရာဝန် ၊ ငွေမျက်နှာမှတစ်ပါး အခြားဘာမှ စိတ်မ၀င်စားသောဆရာဝန် ၊ လူနာများအား အောက်လက်ငယ်သားသဖွယ် အော်ငေါက်ဆက်ဆံ တတ်သော ဆရာဝန် စသည်များမှာ ၀ါသနာမပါပဲ ဆေးပညာ ကိုဝါသနာအရ မဟုတ်ပါပဲ ဆယ်တန်းအောင်စဉ်ပွင်.လာသော အခွင်.အရေးတံခါးတစ်ချပ် မှ တစ်ဆင်. လျှောတိုက် မျှောချလာခဲ.သူ များဖြစ်သည် ။ ၀ါသနာကိုအခြေခံ ကာကြိုးစားလာခဲ.သော ဆရာဝန်များကတော. တစ်စထက်တစ်စ နာမည်ကျော်ကြားကာ အများကလေးစား ချစ်ခင်ရသော အောင်မြင်သည်. ဆရာဝန်ကြီးများ ဖြစ်လာကြသည် သာ များ လေသည် ။

တချို.ကလည်း ဆေးပညာနှင်.ဘွဲ.ရ ပြီးမှ အခြားဝါသနာပါရာအလုပ်များ သို.ပြောင်းလဲ စွန်.ခွာသွားလေသည် ။ ဆရာဝန်တစ်ယောက် သူ.အလုပ်ကိုစွန်.သွားတိုင်း ၊ တိုင်းပြည်၌ တစ်မျိုးနစ်နာ လေသည် ။ အထူးသဖြင်.လူတစ်သိန်းလျင် ဆရာဝန် ( ၃၀ ) ယောက်နှုန်းသာရှိသော မြန်မာနိုင်ငံလို နိုင်ငံမျိုး၌ ဆရာဝန်တစ်ယောက်လျော.သွားခြင်းမှာ လူ ( ၃၃၃၃ ) ဦး၏ ကျန်းမာရေး စောင်.ရှောက်မှု ဟာကွက် တစ်ခုဖြစ် သွားခြင်းဖြစ်သည် ။ ရွှေရောင်းခြင်းကြောင်. ၊ ရေပိုက်ရောင်းခြင်းကြောင်. ထိုလူနှစ်ဦး၏မိသားစု များ ချမ်းသာကြွယ်ဝ ကောင်း ကြွယ်ဝ သွားပါမည်။ သို.သော် လူများစု၏ ကျန်းမာရေးစောင်.ရှောက်မှု ကွက်လပ် ကြီး ဖြစ်သွား သည်ကိုကား မည်သို.မျှ အစားမထိုးနိုင်ပါပေ ။

နဂိုထဲက ၀ါသနာ မပါ ၍ ၀င်မလျှောက်ခဲ.လျင် ထိုလူနှစ်ယောက်၏နေရာတွင် အမှတ်ကပ်၍ ပြုတ်ကျန်ခဲ.သောလူနှစ်ဦးလည်းဆရာဝန်ဖြစ်မည် ၊ နိုင်ငံတော်နှင်. ပြည်သူတွေအတွက်လဲ အကျိုးရှိမည် ၊ ၀ါသနာမပါပဲဆေးကျောင်းတက်ခဲ.ရသော ကျောင်းသားများအတွက်လည်း ခြောက်နှစ်ကျော်ကာလပါတ်လုံး ငွေကုန် လူပန်းခဲ.သည်များလဲသက်သာမည် ။ အားလုံးအတွက် အကျိုးရှိမည်ဖြစ်သည် ။ ၀ါသနာအရဖြစ်လာရသောဆရာဝန် ၊ အင်ဂျင်နီယာ ၊ဥပဒေပညာရှင် ၊ စစ်ဗိုလ် စသည်တို.သည် ၀င်ငွေ ဘယ်လောက်ပဲနည်းပါးသည်ဖြစ်စေ ပညာရှင်မာနတော.ရှိကြမည်ဖြစ်သည် ။ မည်မျှဝင်ငွေနည်းသည် ပဲဖြစ်ဖြစ် မိမိရွေးချယ်ခဲ.သော Professional အလုပ်တစ်ခုကို တန်ဖိုးထားလေးစားမည်ဖြစ်သည် ။ ကိုယ်.ကိုယ်ကို ဥပမာပေး၍ ပြောရလျင် တစ်နေ.ကိုငွေတစ်သိန်းမှန်မှန်ပေးမည် စာရေးခြင်း၊ စာဖတ်ခြင်းကို တစ်သက်လုံးစွန်.လွှတ်ရမည်ဆိုလျင် ကျွန်တော်သည် ဘယ်တော.မှလက်ခံမည် မဟုတ်ချေ ။ငွေသည်အရေးကြီးသည် မှန် သော်လည်း လောကကြီး၌ ငွေထက်တန်ဖိုးရှိသောအရာများစွာလည်း ရှိပါသေးသည် ။
အခြားနိုင်ငံများ၌လည်းဆရာဝန်ဘွဲ.ရကာမှအခြားအလုပ်လုပ်သူများလဲရှိသည်ဟု စောဒကတက်ချင်လဲတက်နိုင်ပါသည် ။သို.သော်တိုးတက်ပြီးနိုင်ငံများ၌ လူဦးရေနှင်.စာလျင်ဆရာဝန်အရေအတွက်မှာ အလွန်များပြားသဖြင်. တစ်ယောက်တစ်လေ လျော.သွားခြင်းမှာ မထောင်းတာလှပေ ။ ဥပမာ အမေရိကန်ပြည်ထောင်စု၌ လူတစ်သိန်းလျှင် ဆရာဝန် ( ၅၄၉ ) ယောက်ရှိပါသည် ။ ဗြိတိန်တွင် လူတစ်သိန်းလျင် ဆရာဝန် ( ၁၆၆ ) ယောက် ၊ စင်္ကာပူတွင် (၁၄၀)၊ အီတလီတွင် (၆၀၆ )ယောက် ၊ရုရှားတွင် (၄၁၇)ယောက်၊တရုတ်တွင် (၁၆၄ ) ယောက် ၊ မြန်မာတွင် (၃၀ ) ယောက်သာ ရှိပါသည် ။ ရှင်နည်းရာ အဂ္ဂလူထွက်ဆိုသကဲ.သို. မရှိမဲ. ရှိမဲ. ဆရာဝန်များက ဆေးမကုကြသောအခါ တိုင်းပြည်မှာ မိအေးနှစ်ခါနာ ဆိုသလို ဖြစ်နေပေသည် ။

မြန်မာနိုင်ငံ၌ ပြုပြင်ရမည်မှာ မိဘတို.၏ စိတ်နေစိတ်ထား ( mind set ) ကိုလည်းပြုပြင်ရမည် ဖြစ်သည် ။ လောကကြီး၌ ဆရာဝန် ၊အင်ဂျင်နီယာ ၊ စစ်ဗိုလ် အလုပ်သာ အမြတ်ဆုံးဖြစ်ဘိသည်.အလား ထိုလမ်းကြောင်းသို. မိမိသားသမီးများကို ဖားစီး ငါးစီး အတင်းအဓမ္မ ပုံစံဝင်အောင် လမ်းကြောင်းနေကြခြင်းသည် တကယ်တမ်း၌ ဟုတ်ရော ဟုတ်ရဲ.လား ၊ငါ.သားသမီးဝါသနာနှင်.ရော ကိုက်ရဲ.လားဟု တက္ကသိုလ်ဝင်ခွင်.မလျှောက်မီ အပြန်ပြန်အလှန်လှန် စဉ်းစားကြဖို. လိုမည်ဖြစ်သည် ။ လူ.လောက၌ ဆရာဝန်အားလုံး လူတော်များမဟုတ်ကြသလို ၊ ဆရာဝန်မဟုတ်သူတိုင်းလည်း လူညံ.များမဟုတ်ကြပါ ။ ၀ါသနာကိုမူတည်၍ အံဝင်ခွင်ကျ ကြိုးစားသူများသည် သူ.နယ်ပယ်နှင်.သူ အစွမ်းထက်သောခေါင်းဆောင်များ ဖြစ်လာကြမည် ဖြစ်သည် ။

အရေးကြီးသည်မှာ လူများသည် မိမိဝါသနာပါရာအလုပ်ကို သင်ကြားခွင်.ရကြဖို.ပဲလိုပါသည် ။ ထိုသို.မဟုတ်ပါက ဆရာဝန်ဖြစ်ပြီးမှဈေးရောင်းခြင်း ၊ ဈေးသည် ဖြစ်ပြီးမှ အပ်ပုန်း ကိုင်ခြင်း စသော ကမောက်ကမ ကိစ္စများ အတောမသတ်အောင်ဖြစ်လာနေမည် ဖြစ်ပါကြောင်း ။

သရ၀ဏ် (ပြည်)

ကိုးကား
World statistics
JACARANDA
Atlas ( Sixth Edition )

စောင်.ကြည်. ဂျာနယ်
၃.၉.၂၀၁၃

နောက်ဆုံးရ သတင်းများ
Find Us On Facebook
Visitors
006500
Visit Today :
This Month :
Who's Online :
Your IP Address: 162.158.79.142
Android မှ ဖတ်ရှုရန်

Copyright © 2014 http://www.pyaycity.com. All Rights Reserved.
Powered By Webmaster Myanmar