၁။ရေခဲ
ငွေကုန်သက်သာပြီး၊ ညတွင်းချင်း ၀က်ခြံဒိဋ္ဌ ပျောက်စေတဲ့ဆေးကတော့ ရေခဲဖြစ်ပါတယ်။ ရေခဲအတုံးကလေးကို အ၀တ်နဲ့ထုပ်ပြီး၊ ၀က်ခြံပေါ် မိနစ် ၂၀ (သို့မဟုတ်) နာရီဝက်လောက်အုပ်ထားပါ။ နီရဲယောင်ကိုင်းနေသော ၀က်ခြံဖုလေး အယောင်လျော့တဲ့အထိ ရေခဲထုပ်နှင့် မကြာခဏ ကပ်ပေးပါ။
ရေခဲရဲ့ အစွမ်းကြောင့် ချွေးပေါက်ပွင့်လာပြီး၊ အတွင်းထဲရှိ ဖုန်မှုန့်နှင့်အဆီတို့ လွယ်ကူစွာထွက်လာပါလိမ့်မယ်။ ထိုအခါလက်နဲ့ အသာအယာညှစ်ထုတ်ရုံပါပဲ။ ၀က်ခြံညှစ်ပြီးနောက်အယောင်လျော့စေရန် ရေခဲထုပ်ထပ် ကပ်ပေးလိုက်ပါဦး။
၂။ပျားရည်နဲ့လက်ဖက်ရွက်အဆီ
ပျားရည်နဲ့ လက်ဖက်ရွက်အဆီတို့ကလည်း ညတွင်းချင်း ၀က်ခြံပျောက်စေတဲ့အကောင်းဆုံးအိမ်တွင် ကုထုံးလေးပါပဲ။ ဒီနည်းက ၀က်ခြံဖု သေးသေးလေးတွေအတွက် အဆင်ပြေစေပါတယ်။ မျက်နှာသစ်ပြီးနောက်၊ ထိုနှစ်မျိုးရော၍ ၀က်ခြံပေါ်လိမ်းပေးရုံပါပဲ။
၃။သံပုရာရည်
ဒီနည်းကတော့ နှာခေါင်းတစ်ဝိုက် ဆားဝက်ခြံများသာမက၊ ၀က်ခြံအစိုများအားလုံးအတွက် အသုံးဝင်ပါတယ်။ ဆားဝက်ခြံများပေါ် သံပုရာသီးစိပ်လေးဖြင့် ပွတ်တိုက်ပြီး(သို့မဟုတ်)သံပုရာရည်လိမ်းပြီး၊ မျက်နှာမသစ်ဘဲ ဒီအတိုင်းအိပ်ပါ။ နံနက်အိပ်ရာနိုးတဲ့အခါ မှန်ပြေးကြည့်လိုက်ပါဦး။ မယုံကြည်နိုင်လောက်ကောင်းမွန်တဲ့ သံပုရာရည်အစွမ်းကို ကျေးဇူးတင်ရှိနေမှာပါ။
၎။ပျားရည်နဲ့ သစ်ကြံပိုးခေါက်
ပျားရည်နဲ့ သစ်ကြံပိုးခေါက်မှုန့်က ၀က်ခြံတွေ ညတွင်းချင်း ပျောက်စေတာမယုံမရှိကြပါနဲ့နော်။ အဲဒီ နှစ်ခု သမအောင်ရောနယ်ထားတဲ့ အနှစ်ပျစ်ပျစ်ကို မျက်နှာပေါ်လိမ်းပြီးဒီအတိုင်းအိပ်ပါ။ နံနက်ရောက်တဲ့အခါ သုံးနေကျမျက်နှာသစ်ဆပ်ပြာနဲ့သန့်စင်ပါ။ ပျားရည်နဲ့ သစ်ကြံပိုးခေါက်ရနံ့ မွှေးမွှေးလေးက ၀က်ခြံတွေအတွက်တော့ အော်ဂလီဆန်စေတဲ့အနံ့အဖြစ် သက်ရောက်စေတာကြောင့်ဝက်ခြံတွေ ထွက်ပြေးကုန်ကြပါင်္ပြီပေါ့ရှင်။
ပေါက်ပေါက်
Leave a Reply
You must be logged in to post a comment.