သရေခေတ္တရာ ပြည်မြို့တော်

အုတ်ဖိုမြို့တွင် မိုးကြိုးပစ်ခံရ၍ သေဆုံး

၂၅-၆-၂၀၁၃ ရက်နေ့ ၁၅း၁၅ အချိန် ပဲခူးတိုင်းဒေသကြီး၊ အုတ်ဖိုမြို့နယ်၊ ကွင်းကျယ် ကျေးရွာနေ ထွန်းထွန်းဦး(ခ)ဖိုးသား(၃၈)နှစ်သည် လယ်ထွန်နေစဉ်မိုးကြိုးပစ်ခံရသဖြင့် အခင်းဖြစ် နေရာတွင်သေဆုံးသွားခဲ့ကြောင်း ၁၆း၁၅ အချိန် ကျေးရွာအုပ်ချုပ်ရေးမှူးမှ အုတ်ဖိုမြို့မရဲစခန်းသို့ အကြောင်းကြားခဲ့သည်။ အကြောင်းကြားချက်အရ

အုတ်ဖိုမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များအခင်းဖြစ် ကျေးရွာသို့သွားရောက်စစ်ဆေးခဲ့ရာ   သေဆုံးသူ၏အလောင်းအား ကျေးရွာဓလေ့ထုံးစံအတိုင်း ရွာမှဘုန်းကြီးများပင့်ဖိတ်၍ ၁၆း၀၀ အချိန်တွင် မြေမြှုပ်သဂြုင်္ိလ်ခဲ့ပြီးဖြစ်ကြောင်း သိရှိရသဖြင့် ရဲလုပ်ထုံးလုပ်နည်းအရဆောင်ရွက် ရန်ပြောကြားခဲ့ရာ မြေမြှုပ်သင်္ဂြိုလ်ပြီးဖြစ်သဖြင့် အလောင်းအား တူးဖော်ရန်မဖြစ်နိုင်ကြောင်း၊ သေဆုံးသူ၏ဖခင် ဦးသူငယ်(၆၅)နှစ်နှင့်ရပ်မိရပ်ဖများက တားမြစ် ပြောဆိုခဲ့သဖြင့် အုတ်ဖိုမြို့မရဲစခန်း၊ သေမှုသေခင်း ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်/မဟုတ် စစ်ဆေးနိုင်ရန်အတွက်အလောင်းအား ပြန်လည်တူးဖော်စစ်ဆေးနိုင်ရေး သေဆုံးသူ၏ မိသားစုဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့တို့နှင့်ညှိနှိုင်းခဲ့ပြီး ၂၆-၆-၂၀၁၃ ရက်နေ့ နေ့လည်ပိုင်းတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ မြို့နယ်တရားသူကြီး၊ မြို့နယ် ကျန်းမာရေးဦးစီးဌာမှတာဝန်ရှိသူများနှင့်အတူအလောင်းအား ပြန်လည်တူးဖော်စစ်ဆေးမည် ဖြစ်ကြောင်း သိရှိရပါသည်။

နောက်ဆုံးရ သတင်းများ
Find Us On Facebook
Visitors
006500
Visit Today :
This Month :
Who's Online :
Your IP Address: 162.158.79.142
Android မှ ဖတ်ရှုရန်

Copyright © 2014 http://www.pyaycity.com. All Rights Reserved.
Powered By Webmaster Myanmar