သရေခေတ္တရာ ပြည်မြို့တော်

ဖိနပ်နဲ.မတော်လို့ ခြေဖနောင့် လှီးသူများ

ဖိနပ်နဲ.မတော်လို့ ခြေဖနောင့် လှီးသူများ

ယနေ.မြန်မာနိုင်ငံ၏စီးပွားရေးမြို.တော် ရန်ကုန်တွင် မြို.တွင်းကားကြပ်မှု ၊ ယာဉ်ကြောပိတ်ဆို.မှုများ ဆိုးဆိုးရွားရွားဖြစ်ပေါ်နေသည် ။ ယခင်ကအိမ်မှအလုပ်သို. လေးဆယ်.ငါးမိနစ်ခန်.လိုင်းကားစီးကာသွားလျင်ရောက်သောခရီးကို ယခုအခါ တစ်နာရီခွဲ ၊ နှစ်နာရီခန်. အချိန်ယူကာ သွားလာနေရပေသည် ။

လူတို.၏အဖိုးတန်လှသောအချိန်သည် ကုန်ထုတ်လုပ်မှု ၊ ၀န်ဆောင်မှု တို.တွင်အချိန်မကုန် ပဲ ၊ ကားစီးရင်းအချိန်ကုန်နေကြရသည် ။
လှည်းတန်းဂုံးကျော်တံတားကြီးပြီးလျင် ယာဉ်ကြောပိတ်ဆို.မှုသက်သာမည်ဟု တွေးခဲ.ကြသော်လည်း ယခုအခါ ယာဉ်ကြောမှာ ကြပ်မြဲ ကြပ်လျက်ရှိသည် ။ လှည်းတန်းမှာတံတားဆောက်လျင် ဟံသာဝတီအ၀ိုင်းနှင်.မြေနီကုန်းမှာသွားပြီးယာဉ်ကြောပိတ်ဆို.မည် ။ရွှေဂုံတိုင်မှာ တံတားဆောက် ၍ ပြီးလျင် ဦးထောင်ဘိုကုန်းအ၀ိုင်းမှာသွားပြီးကြပ်မည် ။ အရာရာသည် ဂျာအေးသူ.အမေရိုက်သလို လုံးလည်ချာပါတ် လိုက်နေသည် ။ နောင်တွင် မန္တလေး ၊ ပဲခူး ၊ ပြည် ၊ နေပြည်တော် စသောမြို.ကြီးများမှာလည်း ယာဉ်ကြောပိတ်ဆို.မှုများဖြစ်ပေါ်လာနိုင်သဖြင်. ယခုကတည်းက ရေရှည်စီမံချက်များရှိသင်.ပါသည် ။ အဓိကပြသနာမှာ ကိစ္စတစ်ခုကိုဖြေရှင်းရာတွင် အခြေအမြစ်ကျကျ ဘက်စုံထောင်.စုံမှ စီမံခန်.ခွဲမှု မပြုခဲ.ကြခြင်းဖြစ်သည် ။ ၎င်းအစား တစ်ပွဲထိုး လက်ပူတိုက်သည်. နည်းလမ်းများကိုသာ ခေတ်အဆက်ဆက် ကျင်.သုံးလာခဲ.ကြသည် ။ ယာဉ်ကြောဘာကြောင်.ကြပ်သနည်း ၊ အခြားနိုင်ငံများတွင်မည်သို.စီမံခန်.ခွဲဖြေရှင်းကြသနည်း ၊ စသည်များကိုလေ.လာအတုယူသင်.ပါသည် ။ ယခုတော. ခုံးကျော်တံတားဆောက်ခြင်း၊ လူသွားစင်္ကြန်ပလက်ဖောင်းများကို လှီးထုတ်ပစ်ခြင်းစသည်များကို ရန်ကုန်မြို.တော်စည်ပင်သာယာရေးကော်မတီက အပူတပြင်းဆောင်ရွက်လာပါသည် ။ ထိုလုပ်ငန်းများသည်ကောင်းပင်ကောင်းသော်လည်း ရန်ကုန်တွင် ဘာကြောင်.ယာဉ်ကြောပိတ်ဆို.ရသလဲ ၊ မည်သို.လုပ်လျင် ယာဉ်ကြောပိတ်ဆို.မှုကို ဖြေရှင်းနိုင်မလဲဟူသောပြသနာတွင် အောက်ပါအတိုင်း အကြောင်းများစွာပါဝင်နေပါသည် ။

၁။ ကားရပ်နားစရာ နေရာများ လုံလောက်အောင်မရှိခြင်း

ကမ္ဘာ.မြို.ကြီးတော်တော်များများတွင်ရှိသောကားအစီးရေမှာ ရန်ကုန်မြို.ရှိကားစီးရေထက်များပါသည် ။ မြန်မာတစ်နိုင်ငံလုံးတွင်မော်တော်ယာဉ်အစီးရေပေါင်း ( ၄၁၈၆၉၁ ) စီး ရှိပြီး ၊ ရန်ကုန်တိုင်းတွင် ၂၀၁၁ စာရင်းအရ မော်တော်ယာဉ်စုစုပေါင်း ( ၂၅၉၄၂၁ ) စီး ရှိပါသည် ။ အသစ်ထပ်တိုးမှတ်ပုံတင်လာသော ယာဉ်စီးရေ လေးသောင်းရှိသည်ဆိုသဖြင်. ရန်ကုန်တိုင်းဒေသကြီး၏မော်တော်ယာဉ်အစီးရေမှာ ( ၂၉၉၄၂၁ ) စီးဖြစ်သည် ။ သို.သော်မြန်မာတစ်ပြည်လုံးတွင်ရှိသော ကားအစီးရေ လေးသိန်းကျော်မှာ နယူးယောက် ၊ လော.စ်အိန်ဂျလီ ၊ ဟောင်ကောင် ၊ စင်ကာပူ ၊ ဘန်ကောက် စသော ကမ္ဘာ.မြို.ကြီးများထက် ယာဉ်စီးရေများစွာလျှော.နည်းပါသည် ။ သို.သော်ရန်ကုန်မြို.၏အားနည်းချက်မှာ စနစ်တကျတည်ဆောက်ထားသော မော်တော်ကားရပ်နားကွင်း ( Parking Lot ) များ မရှိသလောက် ဖြစ်နေခြင်းဖြစ်သည် ။ ကားလမ်းမကြီးများပေါ်တွင် တော်သလိုကြည်.ရပ်နေရသော Car Parking များကို ဆိုလိုခြင်းမဟုတ်ပါ ။အချက်အချာကျသသောမြို.၏နေရာတော်တော်များများ တွင် ဘောလုံးကွင်းမြက်ခင်းတစ်ခုစာ ခန်.ကျယ်ဝန်းသော ယာဉ်ရပ်နားစခန်းများကို ဆိုလိုပါသည် ။ အင်္ဂလန် ၊အမေရိကန် စသောနိုင်ငံများရှိ မြို.ကြီးများတွင် ဘယ်နေရာကိုပဲသွားသွားအခပေး၇သော ယာဉ်ရပ်နားကွင်းများ ကို မြို.လုံးပါတ်လည် တည်ဆောက်ထားသဖြင်. ယာဉ်သွားလမ်းပေါ်တွင် ကားများရပ်ထားတာမတွေ.ခဲ.ရ ပေ။ မြန်မာပြည်မှာတော.အစိုးရသည် ထိုကိစ္စကိုလုံးဝထည်.သွင်းစဉ်းစားခြင်းမရှိ ၊ နိုင်ငံတော်ပိုင်မြေလွတ်မြေကွက်များကို တစ်ခုပြီးတစ်ခုလေလံပစ်၍ ရောင်းချမှုများကိုသာပြုလုပ်ခဲ.သည် ။ မည်သည်.၀န်ကြီး ၊ မည်သည်.အရာရှိ ၊ မည်သည်.ဌာနကမှ ဤနေရာ ၊ဤမြေကွက်ကိုတော. ကားရပ်နားရန်နေရာအဖြစ် ဆောင်ရွက်ကြမည်ဟု ပြောသံမကြားရပေ ။ အကယ်၍ စိတ်စေတနာရှိ၍ လုပ်ရကောင်းမှန်းလည်းသိခဲ.မည် ဆိုခဲ.လျင် နေပြည်တော်သို. ပြောင်းရွှေ.သွားသဖြင်. အသုံးမချတော.သော ဌာနဆိုင်ရာမြေကွက်များကို အသုံးချပါက ရနိုင်ပါသည် ။
ယခုတော. မြေကွက်မြင်လျင် ရောင်းစားဖို.သာသိနေသဖြင်. စနစ်ကျသောကားရပ်နားကွင်းများ ရှာမရပဲ ကားများမှာ ဟိုနားရပ်ရကောင်းနိုးနိုး ၊ သည်နားရပ်ရကောင်းနိုးနိုးဖြင်. စည်းကမ်းဖောက်ဖျက်ကာ လမ်းပေါ်တွင် ယာဉ်ကြောနှစ်ထပ်ရပ် သည်အထိ ရုပ် ပျက် ဆင်းပျက် ဖြစ်လာခဲ.လေသည် ။

၂။ အမြန်လမ်း ( Free Way ) များ မရှိခြင်း

နိုင်ငံခြားတိုင်းပြည်များတွင် မော်တော်ယာဉ်များကြပ်ခဲ၍ ပိတ်ဆို.မနေခြင်းမှာ တစ်နေရာမှတစ်နေရာသို. အလျင်အမြန်မောင်းနှင်နိုင်သော အမြန်လမ်းမ ( အမေရိကန်တွင် Free Way ဟုခေါ်၍ ၊ အခြားနိုင်ငံများက Express Way ဟုခေါ်သည် ) ကို ခေတ်မီမြို.အင်္ဂါရပ်နှင်.အညီ ထည်.သွင်းဖောက်လုပ်ထားသောကြောင်. ဖြစ်သည် ။ အမြန်လမ်း ( Free Way ) ဆိုသည် မှာ ကန်.လန်.ဖြတ်လမ်းများ ၊ မီးပွိုင်.များမပါဝင်ပဲ ရန်ကုန်-နေပြည်တော်လမ်းမကြီးကဲ.သို. မရပ်မနားရွေ.လျားမောင်းနှင်နိုင်သော လမ်းမကြီးများဖြစ်သည် ။ ထိုအမြန်လမ်းမကြီးကိုရန်ကုန်မြို.၏အပြင်ဘက်မှ စက်ဝိုင်းပုံပါတ်၍ ဖောက်နိုင်ခဲ.မည်ဆိုလျင် ဥပမာ မြောက်ဥက္ကလာမှ ဆူးလေ သို.သွားမည်.သူတစ်ယောက်သည် ကမ္ဘာအေးဘုရားလမ်း ၊ ပြည်လမ်း ၊ဝေဇယန္တာလမ်းစသော ယာဉ်ကြောပိတ်ဆို.တတ်သည်.လမ်းများမှ တမေ.တမောစောင်.ဆိုင်းမောင်းနှင်စရာမလိုပဲ မြို.ပြင်အမြန်လမ်းမှ မိနစ်အစိတ် ၊သုံးဆယ်ခန်.တွင် ရန်ကုန်မြို.လယ်နှင်.အနီးဆုံးနေရာသို. ရောက်သွားပေလိမ်.မည် ။ထို.အတူ ဆူးလေမှ အင်းစိန်သို.သွားမည်.သူလည်း ရန်ကုန်-အင်းစိန် ယာဉ်ကြောအကြပ်ထဲသို. ၀င်စရာမလိုပဲ မြို.ပါတ်လမ်းမှ သွားနိုင်ပေလိမ်.မည် ။

ဤကိစ္စကို ဆောက်လုပ်ရေးဝန်ကြီးဌာန မှ အကောင်အထည်ဖော်ရမည် ဖြစ်သည် ။ ဤသို. ရန်ကုန် မြို.ပါတ် အမြန်လမ်းဖောက်လုပ်ရန် လယ်ယာမြေအချို.နှင်. ကိုယ်ပိုင်မြေအချို.တော.လမ်းအတွက် နိုင်ငံတော်မှ တန်ရာတန်ဖိုးပေး၍ သိမ်းယူရပေမည် ။ မလိုအပ်ပဲအလကားနေရင်းပင် မြေသိမ်းနေသောခေတ်တွင် အမှန်တကယ်အများအကျိုးအတွက် လိုသလောက်သာသိမ်းယူခဲ့လျင်လည်း မည်သူကမှ ကန်.ကွက်ကြမည် မထင်ပေ။ ယခုအစိုးရသည် စကားပြောတာနှင်. အချိန် (၃) နှစ်ခန်. ကုန်လွန်သွားပြီဖြစ်ရာ နောက်တက်လာသောအစိုးရလက်ထက်တွင်သာ လုပ်ကောင်းပါရဲ.ဟုမျှော်လင်.မိပေသည် ။

၃။ မြို.ပါတ်ရထားစနစ် ညံ.ဖျင်းခြင်း

နိုင်ငံတကာမြို.ကြီးများတွင်မြို.သူမြို.သားများအလုပ်သွားကြသောအခါ အဒိကစီးနင်းကြသည်မှာ မြို.ပါတ်ရထားဖြစ်သည် ။ကမ္ဘာနှင်.ရင်ဘောင်တန်းလျင် ခေတ်နှင်.အမီမလိုက်နိုင်တော.ပဲ နှစ်ပေါင်းများစွာခေတ်နောက်ကျကျန်ခဲ.သောကိစ္စ နှစ်ခုတွင် မြန်မာ.ရုပ်ရှင်နှင်. မြန်မာ.မီးရထားဌာနနှစ်ခုပါဝင်ပါသည် ။ မီးရထားဌာနသည် အင်္ဂလိပ်တို.စတင်တည်ထောင်ဖွဲ.စည်းပေးခဲ.စဉ်ကအတိုင်း စနစ်တကျဖွဲ.စည်းပုံဖြင်.ချီတက်နေခဲ.သည်ကားမှန်ပါ၏ ။ သို.သော် စီမံခန်.ခွဲမှုနှင်.နည်းပညာများ စက်ပစ္စည်းများတွင် အဆင်.မြှင်.တင်မှု ( Upgrade ) မရှိခဲ.သဖြင်. တစ်ကမ္ဘာလုံး၏ကျော်တက်သွားခြင်းကိုခံရကာ ကမ္ဘာ၌ မြေအောက်ရထား ၊ မိုးပျံရထား ၊ ကျည်ဆန်ရထား များဆွဲနေနိုင်စဉ် မြန်မာ.မီးရထားမှာတော. ကိုလိုနီခေတ် ၊ လွတ်လပ်ရေးရကာစ စစ်ပြီးခေတ် အတိုင်းပင် ရှိနေပါသေးသည် ( တစ်ခါတစ်ရံ ကိုလိုနီခေတ်ကမှ ပို၍ အချိန်မှန်ပါသေးသည် ) ။

ရန်ကုန်မြို.ပါတ်ရထားကိုကျွန်တော်သည် နိုင်ငံခြားသား ဧည်.သည်များနှင်. အကြိမ်ကြိမ်စီးဖူးပါသည် ။ အားနည်းချက်များစွာရှိသော်လည်း တစ်ခွန်းတည်းသောစကားကိုဆိုရလျင် “ မြို.ပါတ်ရထားဆိုသည် မှာ ဆင်းရဲသားများ ၊ ကုန်စိမ်းသည်များ ၊ပျံကြများနှင်.သာသက်ဆိုင်သည် “ ဟု ရန်ကုန်လူထုအများစုကထင်မြင်ယူဆနေသော အမြင်ကို ပြောင်းအောင်မလုပ် နိုင်ခြင်းဖြစ်သည် ။ ဤကိစ္စသည် ဘူတာရုံတစ်ခုကိုထုံးသုတ်ရုံ ၊ တွဲဆိုင်းများအရေအတွက်တိုးလာအောင်လုပ်ရုံထက် ပိုမိုကြီးမားသော ပြုပြင်ပြောင်းလဲရေးကြီးလိုအပ်ပါသည် ။ ဆင်.ပါးစပ် နှမ်းပက်ခြင်းမျိုးမဟုတ်သော ငွေကြေးစုပုံသုံးစွဲခြင်းမျိုးလိုပါသည် ။မြို.ပါတ်ရထားကမ္ဘာ.အဆင်.မီဖြစ်ရေး ငွေလုံးငွေရင်းနှင်. ဘတ်ဂျက်ချပေးဖို.လိုပါသည် ( ထိုဘတ်ဂျက်ငွေများ အဆင်.ဆင်. အငွေ.ပျံပျောက်ကွယ်မသွားပဲ တကယ်သုံးဖို.လိုအပ်ပါသည် ) ။ လူအများ မြို.ပါတ်ရထားမစီးချင်ကြသော အဓိကပြသနာမှာ အချိန်မမှန်ခြင်းနှင်. ဘူတာရုံကလေးများသည် အင်္ဂါရုပ်စုတ်ပြတ်နေပြီး လူကြီးလူကောင်းများ သွားရန်မသင်.သော နေရာများသဖွယ် ဖြစ်နေခြင်းဖြစ်သည် ။ အချို.ဘူတာရုံများတွင် သားစိမ်း ငါးစိမ်းစသော ပျံကျဈေးများကိုပင် ခင်းကျင်းရောင်းချနေလေသည် ။ လမ်းမကြီးနှင်.ဘူတာကိုဆက်သွယ်ထားသောလမ်းများမှာလည်း လမ်းသွယ် လမ်းကြိုလမ်းကြား များထဲတွင် ရောက်နေပေသည် ။ ဘူတာသို.၀င်လမ်း ၊ထွက်လမ်း သည် ရန်ကုန်ဘူတာကြီးတစ်ခုသာ ကောင်းကောင်းကန်းကန်းရှိပြီး လမ်းဘူတာအများစုမှာ အကြီးစားပြုပြင်ထိန်းသိမ်းမှု ၊ အဆင်.မြှင်.တင်မှုလုံးဝ မရှိသောကြောင်. မြို.ပါတ်ရထားစီးမိလျင် ကိုလိုနီခေတ် ရန်ကုန် မြင်ကွင်းကိုပြန်ရောက်သွားသလို ခံစားရပါသည်။ ရထားအားလုံးသည် ထွက်ချိန်ရောက်ချိန် ၊ အချိန်မှန်ဝင်ထွက်ကာ ၊ တွဲအားလုံးသပ်ရပ်ကောင်းမွန်လျက် ဘူတာအားလုံး နီယွန်မီးရောင်တထိန်ထိန် ၊ ပြောင်လက်တောက်ပနေသော ကွန်ကရက်ပလက်ဖောင်းများဖြစ်ခဲ.လျင် ၊ ဆယ်မိနစ်တစ်စီးလောက် အဆက်မပြတ်ပြေးဆွဲဝင်ထွက်နေခဲ.လျှင် ၊ ရထားစီးသူဆယ်ဆ တိုးလာပြီး လမ်းမများပေါ်ဝယ် ကားစီးသူ ထက်ဝက် လျော.သွားပါလိမ်.မည် ( လူစီးရထားနှင်. ကုန်စိမ်းတင်သောရထားကို လည်းခွဲခြား ပြေးဆွဲစေချင်ပါသည် ၊ ။ ဤကိစ္စသည်လည်း ရွှေပြည်တော်မျှော်တိုင်းဝေး နေဦးမည်လား မသိပေ ။

၎။ ယာဉ်မောင်းများ၏ စည်းကမ်းမဲ.မောင်းနှင်မှုများ

ယာဉ်ကြောပိတ်ဆို.မှုများ၏ ကိုးဆယ်ရာခိုင်နှုန်းမှာ စည်းကမ်းမဲ.မောင်းနှင်သော ယာဉ်မောင်းများကြောင်.ဖြစ်သည် ။ အထူးသဖြင်.လိုင်းကားသမားများသည် စည်းကမ်းအမဲ.ဆုံးဖြစ်သည် ။မီးပွိုင်.များတွင် နောက်မှတန်းမစီပဲ တစ်ဖက်ယာဉ်ကြောသို.၀င်ကာ ( ယာဉ်ကြောပြောင်းပြန် ) မောင်းနှင်သောကြောင်. မျက်နှာချင်းဆိုင်လာသောကားများ နှင်.တွေ.ကာ ရှေ.တိုးမရ ၊ နောက်ဆုတ် မရဖြစ်ပြီး ယဉ်ကြောပိတ်ဆို.မှုကြီးဖြစ်တော.သည် ။ ထို.အပြင်ကျောင်းကြိုကားများသည် ဘယ်သူ.မှ ဂရုမစိုက်ဟန်ဖြင်. ယာဉ်မရပ်ရသောကားလမ်းမကြီးပေါ်ဝယ် တစ်စင်းနှင်.တစ်စင်းယှဉ်ကာ ယာဉ်ကြောနှစ်ထပ်အထိပိတ်ရပ်ထားတတ်သည် ( အထူးသဖြင်. ဒဂုံ – ၁ ) ။ဘတ်စ်ကားများသည် မှတ်တိုင်တွင် လူတင် လူချသောအခါ လမ်းဘေးသို.ကပ်မရပ်ပဲ ၊ လမ်းလယ်မှာပင် ရပ်၍ တင်ကြ ချကြရာ နောက်ကားမှာသွား၍ မရတော.ပဲ ပိတ်နေတော.သည် ။

၅။ ယာဉ်ထိန်းရဲများ စည်းကမ်းအတိုင်းအရေးမယူကြခြင်း

ယာဉ်မရပ်ရနေရာတွင် ယာဉ်ရပ်ခြင်း ၊ လမ်းပြောင်းပြန်မောင်းခြင်း ၊ မှတ်တိုင်မဟုတ်ပဲရပ်ခြင်း စသည်.နေရာများတွင် ဥပဒေအတိုင်းကြောသားရင်သားမခွဲပဲ တိတိကျကျအရေးယူပါက ဤကဲ.သို.ဥပဒေကို ပြောင်ပြောင်တင်းတင်း စိန်ခေါ်သောလုပ်ရပ်များ ဖြစ်လာမည်မဟုတ် ၊ အဂတိလေးပါးတွင် ဘယာဂတိ ဟူသော ကြောက်ရွံ.သဖြင်. အရေးမယူရဲခြင်းသည်လည်း အဂတိလိုက်စားခြင်းထဲတွင်ပါဝင်နေသောကြောင်. တပ်မတော်အရာရှိများ၏ ကားကြောင်. ၊ ရဲအရာရှိများ၏ကားကြောင်. ၊ နိုင်ငံတော်လူကြီးမင်းများ၏ကားကြောင်. ဆိုကာ ဥပဒေအတိုင်းမလုပ်ဝံ.ခြင်းသည်လည်း ကြီးမားသောအကျင်.ပျက်ခြစားမှုကြီးပင်ဖြစ်သည် ။ ဆင်းရဲသား၏ကား ( တက္ကစီဆရာ ၊ လိုင်းကားဆရာ )ကို ဖမ်းရဲသလို ၊ ဥပဒေဖောက်ဖျက်ပါက ဗိုလ်ချုပ်၏သားဖြစ်ပါစေ ဖမ်းရဲဖို.လိုပေလိမ်.မည် ။ ထိုသို.ဖြစ်ဖို.ဆိုလျင် နိုင်ငံတော်အကြီးအကဲဆိုသူများက ဥပဒေအရဆောင်ရွက်မည်. ဥပဒေဘက်တော်သားများကိုခိုင်ခိုင်မာမာရပ်တည်ကာကွယ်ပေးဖို.လိုပေလိမ်.မည် ။အင်းလျားလမ်းမီးပွိုင်.တွင် လူကြီးဟောင်းတစ်ဦး၏မြေးက ယာဉ်ထိန်းရဲသားအား အိမ်သို.ခေါ်ယူရိုက်နှက်သော အဖြစ်များကိုခွင်.ပြုထားသမျှ မည်သည်.ယာဉ်ထိမ်းရဲမျှ ဥပဒေအတိုင်းဆောင်ရွက်ဝံ.မည်မဟုတ်ပေ ။ ဥပဒေစိုးမိုးရေးဟု ပြောနေကြသူများ သည် အမှန်ကိုရဲရဲဝံ.၀ံ.ပြောဆိုကြဖို.အချိန်တန်လေပြီ ။ စည်းကမ်းဖောက်သောယာဉ်ကိုကရိန်းဖြင်. (မည်သူ.ကားပင်ဖြစ်စေ ) ချက်ခြင်းဖယ်ရှားဝံ.သော နိုင်ငံ၌ ဥပဒေကိုကျော်လွန်၍ မည်သူကမျှ အာဏာမပြ၀ံ.ပေ ။ မြန်မာနိုင်ငံတွင် လှည်.ကင်းဟူ၍ ရှိသော်လည်း နိုင်ငံခြားတိုင်းပြည် များလို Traffic Rangers ဟုခေါ်သော ယာဉ်စည်းကမ်းလမ်းစည်းကမ်းဖောက်ဖျက်သူများကို သာ အရေးယူရန် နေရာအနှံ. မော်တော်ယာဉ်များဖြင်.စောင်.ကြည်.နေသောအဖွဲ. များလိုပေလိမ်.မည် ။ လာဘ်ထိုး၍ ရနေသမျှကာလပါတ်လုံး မည်သူကမျှ စည်းကမ်းကိုလိုက်နာကြမည်မဟုတ်ပေ။

၆။ ယာဉ်ရပ်နားစနစ်မှားယွင်းခြင်း

နိုင်ငံတကာ၌ ကားတစ်စီး ရပ် နားရန် Parking ထိုးသော အခါ မြန်မာနိုင်ငံကဲ.သို. ဖင်ဖြင်.နောက်ပြန်ဆုတ်၍ ကားပါကင်ထိုးခြင်းကိုခွင်.မပြုပါ ။ခေါင်းဖြင်.သာထိုးဝင်ရပါသည် ။ ရည်ရွယ်ချက်မှာ ကားတစ်စီးသည် ခေါင်းဖြင်.ရှေ.တည်.တည်.တိုးဝင်သောအခါ အချိန်တိုအတွင်း အလွယ်တကူဝင်နိုင်သောကြောင်. နောက်ကားများကိုအနှောက်အယှက် မဖြစ် ။ အကယ်၍ နောက်ပြန်ဆုတ်ကာ ဖင်ဖြင်. ( မြန်မာနိုင်ငံလို ) ကားရပ်ရမည်ဆိုလျင် ရှေ.တိုးနောက်ဆုတ်လုပ်ရတာနှင်. ကားအသွားအလာများကရပ်စောင်.ရလျင် ယာဉ်ကြောပိတ်ဆို.မှုဖြစ်နိုင်သည် ။ ထို.ကြောင်.ကားပါကင်ထိုးရာ၌ ခေါင်းနှင်.မ၀င်ပဲ ဖင်ဖြင်.၀င်လျင် ( နောက်ဆုတ်ပြီး ဘက်ဂီယာဖြင်.ယာဉ်ရပ်လျင် ) ဖမ်းဆီးအရေးယူကာ ဒဏ်ငွေရိုက် သည် ။ မြန်မာနိုင်ငံတွင် တော.ပြောင်းပြန်ဖြစ်သည် ။ ယာဉ်ရပ်နားရာတွင် ခေါင်းနှင်. ၀င်၍ ရပ်လျင် အရေးယူခံရမည်ဟုသိရသည် ။ တကယ်.ကိုကမောက်ကမ စည်းကမ်းဖြစ်သည် ။ ယာဉ်တစ်စီးနောက်ဆုတ်ကာ ပါကင်ထိုးဖို. ရှေ.တိုးနောက်ဆုတ်လုပ်ရတာတစ်စီးလျင် မိနစ်ဝက် ( စက္ကန်. ၃၀ ) ကြာသည် ဟုယေဘုယျတွက်ကြည်.လျင်ပင် ရန်ကုန်တစ်မြို.လုံး၌တစ်နေ.လျင်ကားစီးရေ တစ်သောင်းပါကင်ထိုးပါက မိနစ်ငါးထောင်ကျော် ယာဉ်ကြောပိတ်ဆို.မှုဖြစ်နိုင်ပေသည် ။ ခေါင်းနှင်.ပါကင်ထိုးခြင်းမှာ မိမိကြောင်. သူတစ်ပါးယာဉ်ကြောအသွားအလာမပိတ်ရလေအောင် လုပ်ထားခြင်း ဖြစ်သည် ။မိမိကားထွက်သောအခါတွင်မူကားယာဉ်အသွားအလာရှင်းချိန်ကိုစောင်.၍ ဘက်ဂီယာဖြင်.ဆုတ်ရပေမည် ။ လူတစ်ယောက်အတွက် အများကယာဉ်ကြောပိတ်ဆို.ခံစရာမလိုသော စနစ်ဖြစ်သည်။ ခက်ခဲသောနည်းပညာလည်းမဟုတ် ၊ ငွေကုန်ကြေးကျလည်းမရှိသောစနစ်ဖြစ်၍ ရန်ကုန်တွင်ကျင်.သုံးသင်.ပါသည် ။

၇။ လမ်းတိုးချဲ.ရန်ပလက်ဖောင်းများကိုဖယ်ရှားခြင်း

ဤနည်းမှာလူတစ်ယောက်သည် ဖိနပ်တစ်ရံဝယ်လာပြီး စီးကြည်.သောအခါ ဖိနပ်ကအနည်းငယ်သေးသဖြင်.ဖနောင်.အနည်းငယ်ထွက်နေသည်ကို ဖိနပ်နှင်.ခြေထောက်တော်သွားအောင် ခြေဖနောင်.ကိုဓါးဖြင်.လှီးခိုင်းသောနည်းစနစ် လိုဖြစ်နေပါသည် ။ ကမ္ဘာပေါ်တွင်ကားများသာရှိသည်မဟုတ် ၊ သက်ရှိလူသားများလည်းရှိသည် ။ကားသွားဖို.လမ်းလိုသလို လူသွားဖို.လည်း ကျယ်ဝန်းသော ပလက်ဖောင်းများလည်းလိုမည်ဖြစ်သည်။ ပလက်ဖောင်းဟူရာ ၌လည်းလူတစ်ကိုယ်စာလမ်းလျှောက်၍ ရရုံ နှစ်ပေအကျယ်ပလက်ဖောင်းလေးတွေမှသည် ၊ ပေ (၂၀ ) ၊ပေ(၃၀)ကျယ်သော ပလက်ဖောင်းများအထိ သူ.နေရာနှင်.သူ လိုပေလိမ်.မည် ။ ရန်ကုန်မြို.ကွက်ကိုတည်သွားသောအင်္ဂလိပ်တို.သည် ထိုလိုအပ်ချက်အတိုင်းလမ်းသွယ်များတွင် လေးပေခန်.ပလက်ဖောင်းများကို ထည်.သွင်.တည်ဆောက်ခဲ.၍ ဆူးလေ ၊အနော်ရထာ ၊ ဗိုလ်ချုပ်လမ်း ၊ မဟာဗန္စုလလမ်းတို.တွင် ကျယ်ဝန်းသောပလက်ဖောင်းများကိုထည်.သွင်းတည်ဆောက်ခဲ.ကြသည် ။ နိုင်ငံတကာတွင်လည်းကားလမ်းမကြီးပေါ်၌ ယာဉ်များကြပ်ညပ်ကာသွားလာနေကြသလို ကျယ်ဝန်းသောဧရာမပလက်ဖောင်းပေါ်၌လည်း လူအများပျားပန်းခတ်မျှသွားလာနေကြသည်ကိုရုပ်ရှင်များ ၊ ဓါတ်ပုံများ ၊တီဗီဇာတ်လမ်းထဲမှာ မကြာခန မြင်ဖူး တွေ.ဖူးကြပေလိမ်.မည် ။ မည်သည်.နိုင်ငံ မှ ပလက်ဖောင်းကိုဖြို၍ ကားရပ်နားရန် လမ်းတစ်ကြောစာထပ်ချဲ.သည် ကား မကြားမိပေ။ ထပ်ချဲ.လိုက်သော ယာဉ်တစ်ကြောစာနေရာသစ်မှာလည်း လက်ဘက်ရည်ဆိုင်များအတွက် ခုံခင်းရန်နေရာကောင်းများဖြစ်သွားပေသည် ။ ရန်ကုန်မြို.တော်စည်ပင်သာယာရေးကော်မတီသည် ကားလမ်းချဲ.ရန်ဟုဆိုကာအရိပ်ရအပင်ကြီးများကိုခုတ်ခြင်း ၊ ပလက်ဖောင်းများကိုဖျက်ခြင်း ၊ ရှေးဟောင်းအဆောက်အဦ ပေါ်တီကိုများကိုဖြိုချခြင်းများ တွင်တွင်ကြီးလုပ်နေပေသည်။

ရန်ကုန်မြို.၏လမ်းမကြီးများ၌ ပလက်ဖောင်းများသည်လမ်းလျှောက်ရခက်လောက်အောင် တဖြည်းဖြည်းနှင်.ကျဉ်းမြောင်း၍လာခဲ.လေပြီ ။ ၎င်းအပြင်ဈေးသည်များသည် သေးငယ်သောပလက်များပေါ်တွင် ထပ်ဆင်.နေရာယူလျက် ဘိုးဘွားပိုင်လမ်းများသဖွယ်ဆိုင်ခင်းရောင်းချနေကြရာ စည်ပင်သာယာဝန်ထမ်းများနှင်. လိုင်စင်ယူထားဘိသည်.အလား ဖြစ်နေပေသည် ။ ထိုအခါလူအများက ကားလမ်းမပေါ်ဆင်း၍ လမ်းလျှောက်ကြရာ ကားများမှာ လူကိုရှောင်ရသည်.အတွက်မောင်းမရပဲ ကျပ်မြဲကျပ်လျက်ရှိပေသည် ။ တကယ်ဆိုလျင်ပလက်ဖောင်းကိုလည်းဖျက်စရာမလိုပဲ ပလက်ဖောင်းပေါ်တွင်ကျူးကျော်ထားသော ဈေးဆိုင်များ ၊ ဈေးခုံများ ၊ ဆိုင်းဘုတ်များ ၊ ရေပိုက်များ ( ဗိုလ်ဆွန်ပက်လမ်းကို ဥပမာသွားကြည်.ပါ ) ကိုသာ ဥပဒေအတိုင်း စည်ပင်သာယာကအလုပ်လုပ်ခဲ.မည်ဆိုလျင် ပလက်ဖောင်းလည်းမဖျက်ရ ၊ ယာဉ်ကြောလည်းမပိတ်တော.ဆိုတာမျိုးဖြစ်ပေလိမ်.မည် ။ ယခုတော. မြို.တော်စည်ပင်သည် လူအင်အားမလောက်၍ ပေလော ၊ အပေးအယူများရှိနေ၍လားမသိ ရန်ကုန်တစ်မြို.လုံးပလက်ဖောင်းပေါ်တွင် ဈေးဆိုင်များလုပ်ချင်တာလုပ်သမျှ ခွင်.ပြုထားပေသည် ။ တစ်စုံတစ်ယောက်က တိုင်ကာ တောကာမှ ကောက်ရိုးမီးသဖွယ်ခေတ္တ ခန အရေးယူလေ.ရှိသည် ။ ထို.နောက်တွင်တော. ဒုံရင်း ဒုံရင်းသဖွယ်သာ ရှိပေတော.သည် ။

ယာဉ်ကြောပိတ်ဆို.မှုကိုဖြေရှင်းရာ၌ ပြည်သူလူထုလမ်းလျှောက်သွားမည်. ပလက်ဖောင်းများ ဖြိုဖျက်နေခြင်းကို အမြန်ဆုံးရပ်ကြပြီး တခြားနည်းလမ်းများကိုသာစဉ်းစားလုပ်ကိုင်ကြပါဟု တိုက်တွန်းလိုက်ပါသည် ။ အစိုးရ၏ပျက်ကွက်မှုအတွက် ပြည်သူတွေ၏ရပိုင်ခွင်.ထဲက ၀င်၍ ပေးဆပ်နေရတာတော. မဖြစ်သင်.ပါကြောင်း ။

သရ၀ဏ်(ပြည်)

News Watch ဂျာနယ် ၊ ၁၀.၉.၂၀၁၃

 

နောက်ဆုံးရ သတင်းများ
Find Us On Facebook
Visitors
006500
Visit Today :
This Month :
Who's Online :
Your IP Address: 162.158.79.142
Android မှ ဖတ်ရှုရန်

Copyright © 2014 http://www.pyaycity.com. All Rights Reserved.
Powered By Webmaster Myanmar