သရေခေတ္တရာ ပြည်မြို့တော်

ပြည်မြို့ မြရွှာ သကြားစက် စက်ရုံပိုင် မြေကော်စက်ယာဉ် မီးလောင်မှု စက်ရုံမှူးက အမှူမဖွင့်လိုသဖြင့် အမှုဖွင့်ဆောင်ရွက်ခြင်းမရှိ

 ပြည့်သဲမောင်(ပြည်)

ပြည်မြို့နယ်၊အမှတ်(၁) နယ်မြေရဲစခန်းအပိုင် ကုန်းသာလင်းအုပ်စု၊မြရွှာ ရှိ နဝဒေးသကြားစက်၏ အနောက်ဘက်ရှိ ရေမြောင်းအား စက်ရုံဝန်ထမ်းယာဉ် မောင်း မင်းမင်းထွန်း (ဘ) ဦးသန်းရွှေ ရှမ်းကုန်းရွာနေသူမှ စက်ရုံပိုင် မြေကော် စက်(back hole) ယာဉ်ဖြင့် မြေတူးဖေါ်စဉ် ဘက်ထ္ထရီရှော့ဖြစ်ရာ အင်ဂျင်ပိုင်းရှိ ဆီတိုင်ကီအား မီးလောင်မှု မတ်လ (၁၁) ရက်နေ့ ညနေ(၄းဝဝ) ခန့်ကဖြစ်ပွား ခဲ့ကြောင်း သိရသည်။

မီးလောင်မှုဖြစ်ပွားရာသို့ ပြည်ခရိုင် မီးသတ်ဦးစီးဌာန သန္ဓေတပ်ဖွဲ့ဝင်(၁၅) ဦး၊ အရန်တပ်ဖွဲ့ဝင်(၁ဝဝ) ဦးခန့်၊ သန္ဓေမီးသတ်ကား (၃) စီး၊ အရန်မီးသတ်ကား(၅) စီး၊ ရဲတပ်ဖွဲ့ဝင်များ၊ မြရွာမှကျေးရွာသူ ရွာသားများ ရောက်ရှိလာကြပြီး မီးငြိမ်းသတ်ခဲ့ ရာ(၄း၅ဝ) အချိန်ခန့်တွင် မီးငြိမ်းသွားခဲ့သည်။ ထိုကဲ့သို့ မီးလောင်မှုနှင့်ပတ်သက်၍ စက်ရုံမှူး ဦးချစ်လွင်နှင့် ပြည်ခရိုင်မီးသတ် ဦးစီးမှူး ဦးဝင်းညွန့်တို့က ယာဉ်မောင်း မင်းမင်းထွန်းအား နောက်နောင် အလား တူပေါ့ဆမှုမျိုး မဖြစ်စေရေး စက်ရုံမှူးရုံးခန်းတွင် ခေါ်ယူတွေ့ဆုံ ပြောကြားပြီး ဝန် ခံကတိပြု လက်မှတ်ရေးထိုးခဲ့ကြောင်းနှင့် စက်ရုံမှူးမှ အမှုဖွင့်အရေးယူဆောင် ရွက်လိုခြင်းမရှိကြောင်း ပြောကြား၍ အမှုဖွင့်ဆောင်ရွက်ခြင်းမရှိကြောင်း သိရသည်။

နောက်ဆုံးရ သတင်းများ
Find Us On Facebook
Visitors
006500
Visit Today :
This Month :
Who's Online :
Your IP Address: 162.158.79.142
Android မှ ဖတ်ရှုရန်

Copyright © 2014 http://www.pyaycity.com. All Rights Reserved.
Powered By Webmaster Myanmar