သရေခေတ္တရာ ပြည်မြို့တော်

အုတ်ဖိုမြို့နယ်တွင် အရေးပေါ်လုံခြုံရေး တိုးမြှင့်ချထား

ရေခဲ(ပြည်) Mizzima

မတ်လ ၂၅ ရက်နှင့် ၂၆ ရက်များတွင် အဓိကရိုဏ်းများ ဖြစ်ပွားနိုင်သည်ဟူသော ကောလာဟလသတင်းများ ထွက်ပေါ်နေသည့် ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ် အိုးသည်ကုန်းကျေးရွာအုပ်စုတွင် လုံ ခြုံရေးများ တိုးမြှင့်ချထားသည်ဟု မျက်မြင်တွေ့ကြုံသူ ဒေသခံမြို့မိမြို့ဖ ဦးခင်ထွန်းက မဇ်္ဈိမကို မတ်၂၀ ရက် တွင် ပြောသည်။

“ဆူပူမှုရှိမယ်လို့ အသံတွေ ထွက်နေတယ်။ ဒီသတင်းကြားနေတာ နှစ်ပတ်လောက်ရှိပြီ။ အိုးသည်ကုန်းမှာ ခရိုင်မှူးကိုယ်တိုင် လာထိုင်တယ်။ ရဲအင်အား ငါးဆယ်လောက်နဲ့ပေါ့”ဟု ဆိုသည်။
အဆိုပါအဓိကရုဏ်း မဖြစ်ပွားစေရေး မြို့နယ်အုပ်ချုပ်ရေးမှူး၊ SB (သတင်းတပ်ဖွဲ့)၊ စရဖ စသည့် ဌာနဆိုင်ရာများနှင့် မြို့မိမြို့ဖများ၊ မြို့နယ်အထောက်အကူပြုအဖွဲ့ဝင်များ ညှိနှိုင်းတိုင်ပင် ဆောင်ရွက်လျက်ရှိကြောင်း လည်း ဦးခင်ထွန်းက ပြောသည်။
အုတ်ဖိုမြို့နယ်၊ အိုးသည်ကုန်းကျေးရွာအုပ်စုတွင် ၂၀၁၃ ခုနှစ် မတ်၂၆ ရက်က ဘာသာရေးအဓိကရုဏ်းများဖြစ်ပွားခဲ့ပြီး ဘာသာရေးအဆောက်အအုံတစ်ခုနှင့် လူနေအိမ်နှင့် ဆိုင်ခန်း ၃၀ နီးပါး ပျက်စီးခဲ့ကြောင်း ၎င်းက ပြောသည်။

 

နောက်ဆုံးရ သတင်းများ
Find Us On Facebook
Visitors
006500
Visit Today :
This Month :
Who's Online :
Your IP Address: 162.158.79.142
Android မှ ဖတ်ရှုရန်

Copyright © 2014 http://www.pyaycity.com. All Rights Reserved.
Powered By Webmaster Myanmar