သရေခေတ္တရာ ပြည်မြို့တော်

ဟီးနိုးကား လမ်းဘေးထိုးကျပြီး တိုက်မိသဖြင့် ဈေးဆိုင်အဆောက်အအုံ ပျက်စီး

ဇီးကုန်း နိုဝင်ဘာ ၂၃

ပဲခူးတိုင်းဒေသကြီး ဇီးကုန်းမြို့နယ် မြောက်ဘက်သုံးမိုင်အကွာရှိ ၀က်စာပိုးကျေးရွာအုပ်စု ညောင်ဇင်ရွာထိပ် ရန်ကုန် – ပြည် ကားလမ်း မိုင်တိုင်အမှတ် (၁၃၂/၅) နှင့် (၁၃၂/၆) အကြားတွင် နိုဝင်ဘာ ၂၂ ရက် ညနေ ၅ နာရီ ၄၅ မိနစ်က ပြည်မှ ရန်ကုန်ဘက်သို့ ယာဉ်မောင်း ရဲမြင့် (၂၈ နှစ်) သရက်တောလမ်း နတ်တလင်းမြို့နေသူ မောင်းနှင်လာသော ၂ဂ/… ဟီးနိုးမော်တော်ယာဉ်သည် အရှိန်မထိမ်းနိုင်ပဲ  လမ်း ဘေး ထိုးကျသွားရာ

ဇီးကုန်းမြို့နယ် ၀က်စာပိုးကျေးရွာအုပ်စု ညောင်ဇင်ရွာနေ ဈေးရောင်းသူ ဦးအောင်သိန်း (၆၂) နှစ်ကို ဝင်တိုက်မိသဖြင့် ဒဏ်ရာများရရှိသွား၍ ပြည်မြို့ ပြည်သူ့ဆေးရုံသို့ အတွင်းလူနာအဖြစ်ပို့ထားပြီး ဈေးဆိုင်အဆောက်အအုံမှာလည်း ထိခိုက်ပျက်စီးခဲ့သည်။ အဆိုပါ ယာဉ်တိုက်မှုနှင့် ပတ်သက်၍ ဇီးကုန်းရဲစခန်းက အရေးယူ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

MAL2411

 

နောက်ဆုံးရ သတင်းများ
Find Us On Facebook
Visitors
006500
Visit Today :
This Month :
Who's Online :
Your IP Address: 162.158.79.10
Android မှ ဖတ်ရှုရန်

Copyright © 2014 http://www.pyaycity.com. All Rights Reserved.
Powered By Webmaster Myanmar