သရေခေတ္တရာ ပြည်မြို့တော်

ပြည်မြို့တွင် ပထမဦးဆုံးအကြိမ် ကားကြီးများလာရောက်ပြသ

ပဲခူးတိုင်းဒေသကြီး(နောက်) ပြည်ခရိုင် ပြည်မြို့တွင် ပထမဦးဆုံးအကြိမ် (AYEYARWADD PARTNERS TRADING CO,LTD)မှ လာရောက်ပြီး ကားကြီးများကို ပြည်မြို့ အ.ထ.က(၁) ကျောင်းကြီးဘေးရှိ လွပ်လပ်ရေးကျောက်တိုင်ကွင်း ကြီးထဲတွင် (30.31.1) သုံးရက်တိုင်တိုင် အရောင်းပြကျင်းပသွားမည် ဖြစ်ကြောင်းသတင်းရရှိခဲ့ပါသည်။

အဆိုပါ ကားကြီးအရောင်းပြခန်းကို 30.8.2013..31.8.2013…1.9.2013..ရက်နေ့နေ့စဉ် မနက် (83း0) မိနစ်အချိန် မှ ညနေ (53း0) မိနစ် အချိန်အထိကားကြီးများကို အရောင်းပြသွားမည် ဟုသိရပါသည်။ အဆိုပါ ကားကြီးအရောင်းပြပွဲမှ ပွဲဖြစ်မြောက်ရေးတာဝန်ခံ ဦးဟန်ထွန်းအောင် အားပြည်သတင်းမှ ယခုလိုမေးမြန်းခဲ့ပါသည်။..
“ဒီကားပြပွဲကြီးကို ပြည်မြို့မှာ ပထမဦးဆုံးအကြိမ် လာရောက်ပြသသွားမှာဖြစ်ပါတယ် 30.31.1 သုံးရက်အရောင်းပြသွားမှာပါ ပြည်မှာရှိတဲ့ လုပ်ငန်းရှင်တွေ၊ ကားကြီးအုံနာတွေ၊ စက်ဆရာတွေ၊ ဒရိုင်ဘာတွေ နဲ့ စိတ်ပါဝင်စားသူတွေအတွက်ပါ မနေ့ကတော့ စိတ်ဝင်စာသူတွေရော အယောက်ရည် (၁၅၀) ခန့်လာရောက်ကြည့်ရူလေ့လာပြီး ဈေးစကားပြောဖြစ်ကြပါတယ် ဒီနေ့ ဒုတိယ ရက်မှာ အခုမနက်ပိုင်အချိန်အထိတော့ (၅၀) လောက်လာပါတယ် လာရောက်သူတိုင်းကိုလည်း ကျွန်တော်တို့ဘက်မှလက်ဆောင်ပစ္စည်းများကိုပါပေးပါတယ် ကားကြီးတွေကတော့အစုံပါပဲ အခုပြသထားတဲ့ကားကြီးတွေဆိုရင် အမေရိကန်၊ ဂျာမန်၊ တွေနဲ့ပေါင်းဆက်ထားပါတယ် ဒီပြည်မြို့မှာ အေ၇ာင်းရခဲ့ချင်ပါတယ် နောက်ထပ်လည်း ကားကြီးတွေရော ကားလေးတွေပါ ဆိုဒ်အစုံလာရောက်ပြသဖို့ရှိပါသေးတယ် မနက်ဖြန်နောက်ဆုံးရက်မှာလည်း အားလုံးသောပြည်မြို့သူ ပြည်မြို့သားများကို လာရောက်လေ့လာနိုင်ဖို့အတွက် ဖိတ်ခေါ်ပါတယ် ကားတွေအတွက်လည်း ဂရမ်နီ တွေလည်းပေးထားပါတယ်”ဟု၎င်းမှ ပြည်သတင်းသို့ပြောကြားသွားခဲ့သည်။
ထို့နောက်လာရောက်လေ့လာသူ ပြည်မြို့ စက်မှု့ဇုန် မှ ဦးဇော်ကြီးအား ပြည်သတင်း မှ မေးမြန်းကြည့်ရာမှာတော့ ယခုလိုပြန်လည်ဖြေကြားပေးပါသည်။
ကောင်းပါတယ် ကျွန်တော်တို့ပြည်မြို့မှာယခုလို ကားကြီးတွေလာရောက်ပြသတယ် ဆိုတော့ ပြည်မြို့ ဟာအရင်ကထက်စာရင် အတော်တိုးတက်လာတာကိုတွေ့ရပါတယ် ပထမဦးဆုံးအကြိမ် လာရောက်ပြသတာဆိုတော့ လူသိနည်းတာတွေတော့ရှိမှာပေါ့ ကျွန်တော်တို့ပြည်မြို့အတွက် ဂုဏ်ယူစရာတွေပါပဲ စက်ယန္ဒရား ပစ္စည်းတွေ ကျွန်တော်တို့ပြည်မြို့ မှာ လာရောက်ပြသတော့ အသုံးတည့်မဲ့ လုပ်ငန်းရှင်တွေအတွက် အရမ်းကောင်းပါတယ် ကားလေးတွေ ကိုလည်းလာရောက်ပြသဖို့ရှိတယ် ဆိုတာလည်းသိရပါတယ်ဟု” ၄င်းမှ ပြည်သတင်းသို့ပြောကြားသွားခဲ့ပါသည်။ အဆိုပါကားများကိုစိတ်ပါဝင်စားသူတိုင်း အောက်ဖော်ပြပါ ဖုန်းနံပါတ်များသို့ဆက်သွယ်နိုင်ပါသည်။
၁။09402634566
၂။09402634588
၃။09402634555
၎။09402634577…တို့ကိုဆက်သွယ်နိုင်ပါကြောင်း သတင်းရရှိခဲ့ပါသည်။

ပြည်သတင်း

 

နောက်ဆုံးရ သတင်းများ
Find Us On Facebook
Visitors
006500
Visit Today :
This Month :
Who's Online :
Your IP Address: 162.158.79.142
Android မှ ဖတ်ရှုရန်

Copyright © 2014 http://www.pyaycity.com. All Rights Reserved.
Powered By Webmaster Myanmar