သရေခေတ္တရာ ပြည်မြို့တော်

နိုင်ငံသားကဒ်ပြားအတုကိုင်ဆောင်သူအမှုဖွင့်စစ်ဆေး

ဇူလိုင်လ(၁၈)ရက်နေ့လည်(၁)နာရီခွဲအချိန်ကပဲခူးတိုင်းဒေသကြီးပြည်မြို့မြို့သစ်၎/၅လမ်းနေ ဦးမင်းလွင်၏နေအိမ်တွင်မသင်္ကာဖွယ်ရာလူနှစ်ဦးတွေ့ရှိသည်ဟုမြို့နယ်လ.၀.က ရုံးသို့အကြောင်း ကြားလာသဖြင့်ဝင်ရောက်စစ်ဆေးခဲ့ရာနိုင်ငံသာစိစစ်းရေးကဒ်ပြားအတုကိုင်ဆောင်သူနှစ်ဦး အားတွေ့ရှိခဲ့ရကြောင်းသိရှိရပါသည်။

“ရမ်းဗြဲမြို့နယ်ရုံးကိုလှမ်းမေးကြည့်လိုက်တော့နံပါတ်တွေကတော့ရှိတယ်။ အချက်အလက်တွေကတော့မှားယွင်းနေတယ်လို့ပြန်ကြားတဲ့အတွက်တိုင်ကြားစာနဲ့သက်ဆိုင်ရာ ရဲစခန်းကိုပို့လိုက်တယ်။”ဟုမြို့နယ်လက်ထောက်ဦးစီးမှူးမှပြောကြားခဲ့သည်။ ရေချမ်း၂၁နှစ်(ဘ)ဦးမောင်လှ ၁၁/ရဗန(နိုင်)၀၈၇၄၆၇ကမန်/အစ္စလာမ်ကျဘန်းကျောက်နီမှော်ကျေးရွာရမ်းဗြဲမြို့နယ်နှင့်ဇော်မိုးထွန်း၂၀နှစ်(ဘ)ဦးခင်မောင်ချေ၁၀/ရဗန(နိုင်)၀၇၉၆၅၃ကရင် ရခိုင်ဗုဒ္ဓကျဘန်းကျောက်နီမော်နိုင်ငံသာစိစစ်းရေးကဒ်ပြားများကိုင်ဆောင်သူနှစ်ဦးအားတွေ့ရှိခဲ့ရသည် ဟုသိရပါသည်။ အကြောင်းအရာကိစ္စနှင့်ပတ်သတ်၍လ.၀.ကဦးစီးဦးကျော်မြင့်ဦးမှတရားလိုပြုလုပ်၍မြို့မ ရဲစခန်းတွင်တိုင်တန်းခဲ့သဖြင့်ပ-၅၄၆/၂၀၁၃ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ၄၂၀/၄၆၈ဖြင့် အမှုဖွင့်စစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်းသိရပါသည်။

New Ice

နောက်ဆုံးရ သတင်းများ
Find Us On Facebook
Visitors
006500
Visit Today :
This Month :
Who's Online :
Your IP Address: 162.158.79.142
Android မှ ဖတ်ရှုရန်

Copyright © 2014 http://www.pyaycity.com. All Rights Reserved.
Powered By Webmaster Myanmar