သရေခေတ္တရာ ပြည်မြို့တော်

ပီတိဆေးခန်းမှ မျက်စိလူနာတစ်ဦးကိုထပ်မံ ခွဲစိတ်ပေး

ပီတိဆေးခန်းမှ မျက်စိ အပြင်တိမ်စွဲ လူနာ တစ်ဦးကို ထပ်မံခွဲစိတ် ကုသပေးခဲ့ကြောင်းသိရှိရပါသည်။ ကိုခင်မောင်သန်း+မစုသက်လှိုင် တို့၏ မင်္ဂလာ(၂)နှစ်ပြည့် အထိမ်းအမှတ်အလှူအဖြစ် လှူဒါန်းခဲ့သော မျက်စိဝေဒနာသည်များအတွက်လှူဒါန်းငွေ(၁၅၀၀၀၀)ကျပ်ဖြင့်
ဒုတိယမြောက် မျက်စိ အပြင်တိမ်စွဲ လူနာ တစ်ဦးကို ခွဲစိတ်ကုသပေးခဲ့ပါသည်။

လူနာသည် အုပ်ဖိုမြို့နယ် ဂွေးတောက်စမ်းကျေးရွာမှဖြစ်ပြီး လယ်ယာလုပ်ကိုင်ကြောင်းသိရှိရပါသည်။
လွန်ခဲ့သော တစ်နှစ်ကျော် မိုးဦးကျတွင် လယ်ထဲဆင်း ပေါင်းနှုတ်ရင်း စပါးရွက် မျက်လုံးထဲထိုးမိခဲ့ပြီး
ဒါဏ်ရာကို တောဆေးတောင်ဆေးနဲ့သဲာ ကုသပြီး ခပ်ပေါ့ပေါ့နေလာခဲ့ရင်း လွန်ခဲ့တဲ့ ၆လလောက်တွင် မျက်လုံးထဲကမျက်ဝတ်ထွက်သလို ဝေဝါးဝါးစဖြစ်လာပါကြောင်း၊ ဖြည်းဖြည်းများလာပိုဝါးလာမှ သတိထားမိလာကာ မျက်ဆံနက်ရှေ့မှာအဖြူစလေးတွေတွေ့လာရကြောင်း၊ တိမ်ထင်ရှားလာတာနဲ့အမျှ ညာဖက်မျက်လုံးက တဖြည်းဖြည်းမမြင်ရတော့ပဲ ပီတိကိုဆက်သွယ်လာချိန်တွင် ညာမျက်လုံးအနေနဲ့ မမြင်ရသလောက်ဖြစ်နေကြောင်း၊ မျက်စိဝေဒနာသည်မိန်းခလေး `ပီတိ´ကိုရောက်ရောက်ချင်းဘဲ ကိုခင်မောင်သန်းတို့လှူဒါန်းထားသော ရံပုံငွေဖြင့် ပြည်မြို့ဆေးရုံကြီးမှ မျက်စိ တိုင်းအထူးကုဆရာဝန်မကြီး Dr.ဒေါ်ခင်ဥမ္မာနဲ့ဆက်သွယ် ကာ ဆေးရုံတင် ခွဲစိတ်ပေးခဲ့ပါကြောင်း သိရှိရပါသည်။ ပီတိဆေးခန်းသည် Dr.ဒေါ်ခင်ဥမ္မာနဲ့ ချိတ်ဆက်ပြီးမျက်စိဝေဒနာသည်များကို ခွဲစိတ်ကုသပေးနေသည်မှာ ၄ နှစ်လောက်ရှိပြီဖြစ်ပြီး အလှူရှင်များကိုဖိတ်ခေါ်ကာ`မျက်စိကုသမှု့ရံပုံငွေ´သီးသန့်ထူထောင်ပြီးကုသပေးခဲ့ကြောင်းသိရှိရပါသည်။

နောက်ဆုံးရ သတင်းများ
Find Us On Facebook
Visitors
006500
Visit Today :
This Month :
Who's Online :
Your IP Address: 162.158.79.10
Android မှ ဖတ်ရှုရန်

Copyright © 2014 http://www.pyaycity.com. All Rights Reserved.
Powered By Webmaster Myanmar