သရေခေတ္တရာ ပြည်မြို့တော်

မိုးကြိုးပစ်၍ သားအဖ နှစ်ဦး သေဆုံး

ကြို့ပင်ကောက် နိုဝင်ဘာ ၂၂

ပဲခူးတိုင်းဒေသကြီး အနောက်ပိုင်း မိုညိုမြို့နယ် ဝဲကြီးအုပ်စု လက်ပံကုန်းရွာနေ ဦးငပိတ် (ခေါ်) ဦးစိန်လှိုင်ျနှင့် သားဖြစ်သူ စောမင်းထက်တို့သည် ကြို့ပင်ကောက်မြို့နယ် ပျဉ်ထောင်တွင်းအုပ်စု ကွင်းကြီးကျေးရွာ ဦးညှက်၏ လယ်တွင် ကောက်ရိပ်လာရောက်လုပ်ကိုင်နေစဉ် နိုဝင်ဘာ ၁၈ ရက် ညနေ ၄ နာရီခွဲတွင်

အချိန်အခါမဟုတ် မိုးရွာလာသဖြင့် သားအဖနှစ်ဦး ဦးညှက်နေအိမ်သို့ ပြန်လာရာ ရွာမြောက်ဘက် လယ်သုံးကွင်း (ကိုက် ၅၀၀) အရောက် မိုးကြိုးပစ်၍ ဦးငပိတ် (ခေါ်) ဦးစိန်လှိုင် (၅၅ နှစ်)နှင့် သားဖြစ်သူစောမင်းထက် (၁၆ နှစ်)တို့နှစ်ဦး စလုံးသေဆုံးသွားသည်။ ၄င်းသေဆုံးမှုနှင့် ပတ်သက်၍ ကြို့ပင်ကောက်မြို့မရဲစခန်းက သေမှုသေခင်းဖွင့်ထားသည်။

MAL2311

 

 

နောက်ဆုံးရ သတင်းများ
Find Us On Facebook
Visitors
006500
Visit Today :
This Month :
Who's Online :
Your IP Address: 162.158.79.10
Android မှ ဖတ်ရှုရန်

Copyright © 2014 http://www.pyaycity.com. All Rights Reserved.
Powered By Webmaster Myanmar