သရေခေတ္တရာ ပြည်မြို့တော်

ပျူမြို့ ဟောင်း သုံးခု လုံခြုံရေးအတွက် လုံခြုံရေး ၀န်ထမ်းများ တိုးမြှင့် ခန့်ထားရန် စီစဉ်

ရန်ကုန် ၊ နိုဝင်ဘာ ၂၁

ပျူမြို့ ဟောင်းသုံးခုလုံခြုံရေး အတွက် ရှေးဟောင်း သုတေသနဌာနမှ နိုဝင်ဘာလမှစတင်ကာ လုံခြုံ ရေး ဝန်ထမ်းများတိုးမြှင့်ခန့်ထား ရန်စီစဉ်လျက်ရှိကြောင်း သိရ သည်။

ယင်းကဲ့သို့လုံခြုံရေးအ တွက်မြို့ဟောင်းများရှိသော ဒေသ၌ ဒေသခံများအား လုံခြုံ ရေးဝန်ထမ်းများအဖြစ် သီးသန့် ခေါ်ယူကာရှေးဟောင်းမြို့များ လုံခြုံရေးအတွက် လုပ်ဆောင် ခြင်းဖြစ်ပြီး သရေခေတ္တရာ၊ ဗိဿနိုးနှင့် ဟန်လင်း တွင် လုံခြုံ ရေးအင်အား ၃၅ဦးခန့်ထားကာ ဒေသခံရဲတပ်ဖွဲ့များနှင့် ပူးပေါင်း ၍ လုပ်ဆောင်လျက်ရှိကြောင်း၊ ဟန်လင်းမြို့အတွက် လုံခြုံရေး အင်အားဆယ်ဦးခန့် တိုးမြှင့်ထား ကြောင်း သိရသည်။ ရှေးဟောင်းအဆောက်အအုံများ၊ ရှေးဟောင်းပစ္စည်းများ၊ ရှေးဟောင်းမြေနေ ရာ တွင် ကျူး ကျော်နေထိုင်သူများကို စောင့် ကြည့်နိုင် ရန်နှင့် ရှေးဟောင်း နယ် မြေခရီးသွားဧည့်သည်များကို ကူ ညီစောင့်ရှောက်နိုင်ရန် ယင်းကဲ့ သို့လုံခြုံရေးချထားခြင်းဖြစ်ကြောင်း ရှေးဟောင်းသုတေသန အမျိုး သားပြတိုက်နှင့် စာကြည့်တိုက် ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေး မှူးချုပ် ဦးသိန်းလွင်ကပြော သည်။
ပျူမြို့ဟောင်းသုံးခုအား ကမ္ဘာ့အမွေအနှစ်စာရင်းဝင်နိုင် ရန်အတွက် ယဉ်ကျေး မှု ဝန်ကြီး ဌာန၊ ရှေးဟောင်းသုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့် တိုက်ဦးစီးဌာနမှ ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

မေသက်ဇင်

 

နောက်ဆုံးရ သတင်းများ
Find Us On Facebook
Visitors
006500
Visit Today :
This Month :
Who's Online :
Your IP Address: 162.158.79.142
Android မှ ဖတ်ရှုရန်

Copyright © 2014 http://www.pyaycity.com. All Rights Reserved.
Powered By Webmaster Myanmar