သရေခေတ္တရာ ပြည်မြို့တော်

Monthly Archives: November 2014

“ပညာရေးစနစ်”ကို ဆန့်ကျင်သည့် စာတန်းများ ပြည်တက္ကသိုလ် နံရံမှာရေးဆွဲထား

ကောင်းမြတ်မင်း၊ ဧရာဝတီ

pyaycity-writing-on-university-wall

ပြည်မြို့ ရွှေတချောင်းလမ်းပေါ်က ပြည်တက္ကသိုလ် မျက်နှာစာ အုတ်နရံတွေမှာ
စစ်ကျွန်ပညာရေးစနစ်အလိုမရှိ၊ EDUCATION IS NOT SALE, WE ARE STUDENT NO
CUSTOMER ဆိုပြီး မှုတ်ဆေးနဲ့ရေးထားတဲ့ စာတန်းတွေကို ဒီကနေ့ မနက်ပိုင်းက တွေ့မြင်ခဲ့ရပါတယ်။
အမျိုးသားပညာရေး ဥပဒေကို ဗကသကျောင်းသားတွေက ဝိုင်းဝန်းကန့်ကွက်တဲ့ လှုပ်ရှားမှုတွေကို ရန်ကုန်၊ မန္တလေးမြို့ကြီးတွေမှာ ဆန္ဒဖေါ်ထုတ်နေတဲ့ အချိန်မှာ ပြည်မြို့မှာရှိတဲ့ တက္ကသိုလ်အနီးမှာလည်း တွေ့ခဲ့ရတာပါ။ Continue reading

ပြည်မြို့ထွက် မုန်လာဥများ ဈေးကောင်း ရသော်လည်း အထွက်နှုန်း နည်းသဖြင့် တောင်သူများ တွက်ချေမကိုက်

သီဟလွင် – ပြည်( မြစ်မခ)

pyaycity-carrot-field

ပဲခူးတိုင်းဒေသကြီးအနောက်ပိုင်း၊ ပြည်မြို့နယ် သရေခေတ္တရာ ရှေးဟောင်းဇုန်အတွင်းရှိ ကျေးရွာများမှ ထွက်ရှိသော မုန်လာဥများ ယခုရက်ပိုင်းများအတွင်း ဈေးကောင်းလာသော်လည်း ရာသီဥတုကြောင့် အထွက်နှုန်းနည်းကာ တောင်သူများ တွက်ချေမကိုက်ဖြစ်နေကြောင်း သိရှိရသည်။ Continue reading

မြန်မာစာ ပထမနှစ် အဝေးသင်ကျောင်းသား ပျောက်ဆုံးနေ သဖြင့် ပြည်မြို့မ ရဲစခန်းသို့ မိသားစုမှ လူပျောက် တိုင်တန်း

ပြည့်သဲမောင်(ပြည်)

citypyay-missing-person

ပဲခူးတိုင်းဒေသကြီး ပြည်မြို့သို့ မြန်မာစာ ပထမနှစ် အဝေးသင်လာရောက် တက်နေသော မောင်ကျော်စွာဝင်း (၁၉)နှစ် (ဘ) ဦးစိုးနိုင် (မိ)ဒေါ်လှလှဝင်း၏ သားသည် ပြည်မြို့ ရွာဘဲရပ်ကွက် အုန်းတော မင်္ဂလာလမ်း အမှတ်၃/၆၆ နေအိမ်မှ (၁၁.၁၁.၂၀၁၄) ရက်နေ့ ညနေ ( ၃ ) နာရီခွဲခန့်တွင် ထွက်ခွာသွားခဲ့ရာ Continue reading

ရွှေတောင်မြို့နယ်တွင် ကျောက်ခေတ် လက်နက်ပုဆိန်တစ်ခု တူးဖော်တွေ့ရှိ

ဇော်မင်းထိုက်၊ ပြည်၊ 7 Daily

images_pyaycity-shwetaung-town

 

ပြည်ခရိုင်၊ ရွှေတောင်မြို့ နယ်၊ ကျီးသဲကျေးရွာအုပ်စုအ တွင်းရှိ ကျီးသဲလေးထပ်ဆရာ တော်ဘုရားကြီး၏ မူလကျောင်း ဟောင်းဧရိယာအတွင်း ရှေးနှစ် ပေါင်းများစွာက ကျောက်ခေတ် သစ်မှ ကျောက်ချောလက်နက် (ပုဆိန်)တစ်ခု တူးဖော်တွေ့ရှိခဲ့ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီး ဌာနမှ သိရသည်။ Continue reading

ပြည်မြို့နယ် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာနမှ မိုးပွင့်အဆင့် (၇) တွင် ပထမဆုံးအကြိမ် ကောက်ပုံကွင်း ကျေးရွာသို့ နိုင်ငံသား စိစစ်ရေးကတ်ပြားများ ကွင်းဆင်း ဆောင်ရွက်

pyaycity-making-nric-wethteekanပြည့်သဲမောင်(ပြည်)

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပြည်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာန ပြည်မြို့နယ်မှလ.၀.က ဦးစီးမှုး ဦးဆောင်သောအဖွဲ့သည် Continue reading

နောက်ဆုံးရ သတင်းများ
Find Us On Facebook
Visitors
006500
Visit Today :
This Month :
Who's Online :
Your IP Address: 173.245.52.102
Android မှ ဖတ်ရှုရန်

Copyright © 2014 http://www.pyaycity.com. All Rights Reserved.
Powered By Webmaster Myanmar