သရေခေတ္တရာ ပြည်မြို့တော်

ဦးနှောက် ထက်ြမက်စေမယ့် နည်းလမ်း (၁၀) သွယ်

ဦးနှောက်ဟာခန္ဓာကိုယ်တစ်ခုလုံးကို ထိန်းချုပ်ပေးတဲ့ ဗဟိုဌာနဖြစ်တာကြောင့် အင်မတန်မှရှုပ်ထွေးတဲ့ အင်္ဂါ အဖွဲ့အစည်းတစ်ခုပါပဲ။ ဦးနှောက် ကျန်းမာဖို့ အရေးကြီးသလို၊ ထက်မြက်တဲ့ဦးခေါင်းပိုင်ရှင် ဖြစ်ချင်ကြတာ လူသားတိုင်းရဲ့ ဆန္ဒပါ။ ဦးနှောက်ကျန်းမာနေမှသာ ဦးနှောက်နဲ့ အာရုံကြော ရောဂါတွေအပြင် Alzheimer (ခေါ်) အရွယ်မတိုင်ခင် ဦးနှောက်ဇရာအကြို ရောဂါတွေပါဖြစ်မလာစေနိုင်တော့ပါဘူး။ ဒါကြောင့် ဦးနှောက်ထက်မြက်စေဖို့

အောက်ပါနည်းလမ်း(၁၀)သွယ်ဖြင့် မိမိကိုယ်ကို စောင့်ရှောက်ကြည့်စေလိုပါတယ်-

(၁) တစ်နေ့ကို အနည်းဆုံး ၈ နာရီလောက် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်အောင်အိပ်ပါ။ (အိပ်ရေးမ၀ခြင်းက မှတ်ဉာဏ်စွမ်းရည်ကျဆင်းခြင်း၊ ကိုယ်ခံစွမ်းအားကျဆင်းခြင်း၊ ဆီးချိုအမှတ် (၂) ဖြစ်လာခြင်း၊ ဆူညံသံတွေ မခံစားနိုင်တော့ဘဲ အကြားအာရုံချို့ယွင်းလာခြင်း၊ မကြာခဏသန်းဝေငိုက်မျဉ်းကာ လန်းဆန်းမှုမရှိခြင်း၊ ခေါင်းကိုက်၍ မျက်စိအမြင်ေ၀၀ါးခြင်း၊ စိတ်မရှည်ဘဲ အလိုလိုဒေါသထွက်ခြင်း၊ နှလုံးခုန်နှုန်းမူမမှန်တော့ဘဲ နှလုံးရောဂါဖြစ်ခြင်း၊ ကိုယ်အပူချိန် ကျဆင်းလာခြင်း၊ အ၀လွန်ရောဂါ၊ သွေးတိုးရောဂါ၊ အသားအရေ ပျော့တွဲအရောင်မွဲလာခြင်း၊ ကယောင်ချောက်ချားဖြစ်ခြင်း၊ စဉ်းစားတွေးခေါ် နိုင်စွမ်းမရှိတော့ဘဲ ဆုံးဖြတ်ချက်တွေမှားယွင်းလာခြင်း စသည့်နောက်ဆက်တွဲ ဝေဒနာတွေ ခံစားရနိုင်ပါတယ်။)

(၂) ဦးနှောက်ကိုအလုပ်လုပ်ခိုင်းတာက ထက်မြက်လာစေမယ့် လေ့ကျင့်ခန်းတစ်ခုပါ။ လူကိုအပျင်းပြေစေပြီး ပျော်စရာလည်း ကောင်းတဲ့ Scrabble, Chess  ဉာဏ်စမ်းပဟေဠိဖွက်ခြင်း Crosswords, Sudoku စတဲ့ ဦးနှောက်လေ့ကျင့်ခန်းလေးတွေ မကြာခဏဆော့ကစားပေးပါ။

(၃) တွေးခေါ်ကြံဆပြီး နည်းလမ်းရှာရတဲ့ သင်္ချာပုစ္ဆာလေးတွေ၊ စာရင်းအင်းပညာတွေကို အဖြေညှိကြည့်ပါ (သို့မဟုတ်) လွန်ခဲ့တဲ့ ၂ရက် ၃ရက်ခန့်က မိမိစားခဲ့သော ဟင်းအမျိုးအမည်၊ ၀တ်ဆင်ခဲ့သော အ၀တ်အစားအရောင် တွေ့ဆုံခဲ့သော သူတွေအကြောင်းကို အချိန်ယူပြန်လှန်စဉ်းစားရင်း ဦးနှောက်ကို အလုပ်ပေးပါ။

(၄) ဗီတာမင်စီ၊ ဗီတာမင်ဘီ၊ ဗီတာမင်အီး၊ ဘီတာကယ်ရိုတင်း၊ ဖက်တီးအက်ဆစ်၊ ဖောလစ် အက်ဆစ်တွေက ဦးနှောက်ကို ခွန်အားဖြစ်စေပါတယ်။ ဦးနှောက်ကိုအားပြုစေတဲ့ အစားအစာများမှာ သောက်ရေသန့်၊ မက်မွန်သီး (အစိမ်း)၊ ပန်းသီး၊ ထောပတ်သီး၊ ပြောင်းဖူး၊ ငှက်ပျောသီး၊ ချိုသော အနက်ရောင် ဘယ်ရီသီးနှင့် အနီရောင်ချဉ်သော ဘယ်ရီသီးများ၊ ချယ်ရီသီး၊ ဂရိတ်ဖရု၊ ကီဝီ၊ သံပရာ၊ သံလွင်ဆီ၊ လိမ္မော်၊ အနီရောင်စပျစ်၊ စတော်ဘယ်ရီ၊ ခရမ်းချဉ်၊ မျောက်ဥ၊ ကြေဥ၊ ၀ဥ၊ ကန်စွန်းဥ၊ ပဲပင်ပေါက်၊ ရှောက်၊ သံပရို၊ သစ်တော်၊ ဆီးသီး-ဆီးယို၊ တလည်း ရက်စ်ဘယ်ရီ၊ ဒေါက်ခွရွက်၊ သစ်ကြား၊ ဆန်၊ ဂျုံဆပ် – လူး၊ ရွှေဖရုံသီးနှင့် ရွှေဖရုံစေ့၊ ကလျာဏီပင်၊ ၀က်သစ်ချ၊ ပင်စိမ်းရွက်၊ စပျစ်ခြောက်၊ ကညွတ်၊ မတ်ပဲ၊ ပဲနီလေး၊ ပဲပိစပ်၊ ငရုတ်ချိုသီးများ၊ သကြား မုန်လာ(ခေါ်) မုန်လာဥနီအလုံး(ခေါ်) Beets၊ ပန်းဂေါ်ဖီစိမ်း၊ မုန်လာဥနီ၊ အဆီနည်းသောချိစ်၊ မချိုသောဒိန်ချဉ်၊ ကိုကိုးမှုန့်နှင့်ပြုလုပ်ထားတဲ့ ချောကလက် အနက်ရောင်၊ အစိမ်းရောင်လက်ဖက်ရည်၊ တို့ဟူး၊ တူနာငါး၊ အရေခွံမပါသော ကြက်သား၊ အဖြူရောင် ကြက်ဥ၊ ငါးကြီးဆီ၊ ပျားရည်၊ အရေခွံမပါသော ဘဲငန်းသား၊ ဆယ်လ်မွန်ငါး၊ အိုမီဂါ-၃ ဖက်တီးအက်ဆစ် ကြယ်ဝသောငါးများ စသည်တို့ဖြစ်ကြပါတယ်။

(၅) လမ်းလျှောက်ခြင်း၊ ပြေးခြင်း၊ စက်ဘီးစီးခြင်း၊ ရေကူးခြင်း၊ ယောဂကျင့်ခြင်း၊ အေရိုးဗစ်စတဲ့ ကိုယ်လက်လှုပ်ရှားအားကစားတွေက သွေးလည်ပတ်မှုအားကောင်းစေတာကြောင့် ဦးနှောက် အရည်အသွေးကို တိုးတက်လာစေပါတယ်။ ဒါ့ပြင် လူကိုစိတ်အပန်းပြေစေပြီး၊ တွေးခေါ်ဉာဏ်စွမ်းရည်မြင့် မားစေပါတယ်။ (တရားထိုင်၊ တရားမှတ်ခြင်းကို နေ့စဉ်ပြုလုပ်ပေးသင့်ပါတယ်)

(၆) လုံးဝမတူညီတဲ့ ဘာသာစကားများဖြစ်ကြတဲ့ ဥပမာ အင်္ဂလိပ်ဘာသာနဲ့ ဂျပန်ဘာသာကို တစ်ပြိုင်တည်းလေ့လာသင်ယူ ကျက်မှတ်ပြောဆိုခြင်းက ဦးနှောက်ကို အလုပ်လုပ်စေလို့ ဉာဏ်ရည်ထက်မြက်စေတဲ့ နည်းလမ်းကောင်းများ ဖြစ်ကြပါတယ်။

(၇) သတင်းစာ၊ ၀တ္ထု၊ မဂ္ဂဇင်း၊ ကဗျာ၊ အင်တာနက်သတင်းများ စသည်ဖြင့် ဗဟုသုတရဖွယ်ရာ စာပေအမျိုးမျိုးတို့ကို ဖတ်ရှုလေ့လာပြီး မိမိနှစ်သက်တဲ့စာသားတွေကို မှတ်စုရေးသားပြုစုကာ မကြာခဏ ပြန်လည် ဖတ်ရှုခြင်းက ဦးနှောက်ဆဲလ်များကို ကောင်းစွာအလုပ်လုပ်စေပါတယ်။

(၈) ဦးနှောက်လန်းဆန်းတက်ကြစေဖို့အတွက် တစ်နေ့လျှင် လက်ဖက်ရည် (သို့မဟုတ်) ကော်ဖီ အနည်းဆုံးတစ်ခွက်မျှ သောက်ပေးပါ။ လက်ဖက်ရည်၊ ကော်ဖီနေ့စဉ်သောက်သုံးသူတွေဟာ လုံးဝမသောက်သူတွေထက် ဦးနှောက် ကင်ဆာဖြစ်နိုင်ခြေ ၃၄ရာခိုင်နှုန်းထိ လျှော့ချပေးနိုင်ကြောင်း အမေရိကန် အာဟာရဂျာနယ်မှာ ဖော်ပြအကြံပြုထားပါတယ်။

(၉) ပီကေ၀ါးစားခြင်းက ဦးနှောက်နဲ့အာရုံကြောတွေကို ကောင်းစွာ လှုံ့ဆော်ပေးပါတယ်။

(၁၀) အထက်ပါ ဦးနှောက်ထက်မြက်လာစေမည့် အလေ့အကျင့်ကောင်းတွေကို လေ့လာလိုက်စားရင်း ဦးနှောက်အားရှိစေမယ့် အစားအစာတွေ စားသောက်နေထိုင်ပါသော်လည်း၊ သိသိသာသာ တိုးတက်လာမှုမရှိဘဲ ထုံထိုင်း၊ မေ့လျော့ခြင်းဖြစ်နေပါက ဦးနှောက်နဲ့အာရုံကြောဆရာဝန်ဖြင့် တိုင်ပင်ဆွေးနွေးပါ။ လိုအပ်ရင်ဆေးဝါးကုသမှုခံယူပါ။ (ဦးနှောက်ဟာလူတစ်ဦးတစ်ယောက်စီ အတွက် လွန်စွာအရေးပါလှပြီ။ ထိခိုက်ပျက်စီးတဲ့အခါ ကြီးမားတဲ့ဆုံးရှုံးမှုကို ဖြစ်စေတာမို့ မပေါ့လျော့သင့်ပါဘူး)

တင်ထက်ထက်ဇော်

 

နောက်ဆုံးရ သတင်းများ
Find Us On Facebook
Visitors
006500
Visit Today :
This Month :
Who's Online :
Your IP Address: 173.245.52.102
Android မှ ဖတ်ရှုရန်

Copyright © 2014 http://www.pyaycity.com. All Rights Reserved.
Powered By Webmaster Myanmar