သရေခေတ္တရာ ပြည်မြို့တော်

မြို့နယ်ရဲမှူးက ပြည်မြို့နေ ပြည်သူများ ကောလဟာလကို မယုံပါရန်နှင့် အေးချမ်းစွာ နေထိုင်နိုင်ရန် အမြန်ဆုံး စုံစမ်းဖော်ထုတ်ရန် ကြိုးစားနေကြောင်း ပြောကြား

ပြည်-22.2.2015
သတင်း နှင့် ဓါတ်ပုံ
ပြည်သတင်းလူငယ်(ပြည်သတင်း)

pyaycity-black-man-news

ပဲခူးတိုင်းဒေသကြီး(နောက်) ပြည်ခရိုင် ပြည်မြို့ ဆင်စုနယ်မြေအတွင်း ယခု(၇) ရက်အတွင်း
ဖြစ်ပွားလျှက်ရှိသော ညပိုင်းမှ ပေါ်လာတတ်သော လူမဲ ကတုံးကြီးအကြောင်း နှင့် ပတ်သက်ပြီး
ယနေ့ ပြည်မြို့မရဲစခန်းမှာ တာဝန်ရှိသူများမှ သတင်းစာရှင်းလင်းပွဲကို , ယနေ့ညနေ (4း00)
အချိန်ခန့်က ပြုလုပ်ခဲ့ကြောင်း သိရသည်…အဆိုပါ သတင်းစာရှင်းလင်းပွဲသို့ ပြည်မြို့နယ် အုပ်ချုပ်ရေးမှူး / မြို့နယ်ရဲတပ်ဖွဲ့မှူး / အမှတ်(၁) စခန်းမှူး / အမှတ်(၂)စခန်းမှူး / အမှတ်(၃) စခန်းမှူး များနှင့် နယ်မြေခံတာဝန်ခံရဲအရာရှိများ / မြို့ပေါ်(၁၀) ရပ်ကွက်မှ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ / ရပ်မိရပ်ဖများ / သတင်မီဒီယာများ စုစုပေါင်း(၃၀) ခန့်တက်ရောက်ခဲ့ကြောင်း သိရသည်။ အဆိုပါဖြစ်စဉ်များကို ဆင်စုနယ်မြေနေထိုင်သူများမှ ယခုလိုပြောကြားခဲ့ပါတယ်..ပေါင်မှာအင်းကွက်တွေပါတယ်တဲ့ ကတုံးကြီးနဲ့တဲ့
ခုမြင်ခုပျောက် ဘာဆေးတွေပေါက်ပြီး စွမ်းနေလည်းတော့မသိဘူး ထူးခြား တာတော့အမှန်ပါပဲ ပညာတခုကို မကောင်းတဲ့ဘက်မှာ အသုံးချသလိုဖြစ်နေတယ် စဉ်းစားရခက်နေတဲ့ အရပ်ထဲက
စကားသံတွေ အပြင် လတ်တလော လူမှု့ကွန်ယက်ဖြစ်တဲ့ Facebook စာမျက်နှာတွေမှာလည်း ယခုလိုဖော်ပြတာတွေရှိနေပါတယ်…မန္တလေးဘက်မှာလည်းသိပ် မကြာခင် လပိုင်းလောက်က ဒီလိုအဖြစ်တွေဖြစ်ခဲ့တယ် ယခုပြည်မြို့ ခေတ္တရာမြို့သစ် ရွှေတံခါးဘက်မှာ လပိုင်းလောက်က
ဒီလိုမျိုးဖြစ်ခဲ့တယ် ယခု ရတနာထီးဖြူ စကားတောင် ဆင်စု ပုထိုးကြီး ပွင့်လှသိပ်ကုန်းဘက်
မှာ အခုလိုလေးတွေဖြစ်နေတယ် အာဏာပိုင်နဲ့ ပြည်သူပူးပေါင်းရှာလည်းမရဘူးဖြစ်နေတယ် နှာဘူးသူခိုးပါ ပစ္စည်းမခိုးဘူး ကတုံးနဲ့ဆေးမှင်ကြောင်တွေပါတယ် အမျိုးသမီး အိမ်တွေကိုပဲကပ်တာ ခြင်ထောင်လှန်တယ် ပွင့်လှသိမ်ကုန်း ရယ် စကားတောင်ရယ် ပုထိုးကြီးရယ်
ဆင်စုနယ်မြေတစ်ဝိုက် ၅ရက်လောက်ရှိနေပြီ သူခိုးဖမ်းသူတွေက မိန်းခလေးယောက်ကျား
လေးစုံရော ကလေးလူကြီး တုတ်ဓားအစုံပါပဲ အခုလေးတင်မိလိုက်ရိုက်မယ်ပြင်တော့
ပျောက်သွားလိုက် အုတ်တံတိုင်း မမြင့်တွေလည်း လွှားကနဲခုန်ပျံလိုက်နဲ့ ခုချိန်ထိ ဖမ်းမမိသေးဘူး
ညဆိုရင် ၈နာရီလောက်ဆိုစပြီ လမ်းတိုင်းလိုလိုစောင့်ဖမ်းနေကြပါတယ်….ထိုကိစ္စနှင့်ပတ်သက်ပြီး မြို့နယ်ရဲ့မှူးက…ခေတ်ကာလအရ ကိုယ်ပျောက်တာမဖြစ်နိုင်ဘူး လူတွေကိုထိတ်လန့်အောင် တမှင်လုပ်နေတာ ကောလဟာလတွေအခြေခံပြီး ပြည်မြို့ရဲ့ ဖွံ့ဖြိုးတိုးတက်မှုကိုထိခိုက်စေတယ်…ရာဇ၀တ်မှုတွေကျူးလွန်ဖို့ လုပ်ကြံတာဖြစ်နိုင်တယ်….ဟုအဆိုပါသတင်းစာရှင်းပွဲမှာ ပြောကြားခဲ့ပါတယ်… ထို့နောက် မြို့မစခန်းမှူက…. ဒုတ်/ဓားလက်နက်တွေကိုင်ဆောင်ထားတော့ မလိုလားတဲ့ ပြဿ နာတွေဖြစ်စေနိုင်တယ် အေးချမ်းတဲ့ရပ်ကွက်ကို ဆူပူအောင်လုပ်နေတယ်ဆိုတော့ သူဘာလိုချင်လို့လည်း… ရပ်ကွက်နေပြည်သူတွေလမ်းမစိုးရိမ်ကြဖို့လိုပါတယ် ဒီကိစ္စကို ကျွန်တော်တို့ အားလုံး ပူးပေါင်း အဖြေရှာဆောင်ရွက်ပါ့မယ် ဒါကိုအခုလောလောဆယ်တော့ (ကောလဟာလ) လိုသတ်မှတ်ထားတယ်..ခုမြင်ခုပျောက်ဆိုတာမယုံနိုင်ဘူးလေ ကိုယ်ပျောက်တယ်ဆိုတာ မဖြစ်နိုင်ဘူး ဒါ့ကြောင့် ဒီကိစ္စကို ရပ်မိရပ်ဖတွေနဲ့ ကျွန်တော်တို့အဖွဲ့တွေ ပူးပေါင်း ဆောင်ရွက်သွားမှာဖြစ်လို့ လက်နက်ကိုင်ဆောင်ခြင်းတွေကိုလည်း မပြုလုပ်စေချင်ပါဘူး ကောလဟာလ ကို အတည်ပြုဖို့အတွက် ကျွန်တော်တို့ ခုညပဲ စုံစမ်းဆောင်ရွက်တော့မှာပါ…ဟု အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ပါတယ်…. အဆိုပါဖြစ်စဉ်းများကို သေချာစုံစမ်းလိုက်တော့လည်း ဘာမှရေရာတာတစ်ခုမှမရှိဘူး တွေ့တယ်ဆိုတဲ့သူတွေ မေးတယ် ဖြေတော့ ဟိုလိုလိုဒီလိုလိုနဲ့ပါပဲ ကျွန်တော်တို့ ပြည်မြို့မှာ အရင်နှစ်ပေါင်းများစွာကလည်း ယခုလိုကောလဟာတွေဖြစ်နေခဲ့ဘူးပါတယ် ဖြစ်စဉ်အစကတော့ ၁၇-ရက်နေ့ ည ဆင်စုမှာ စတာပါပဲ ယနေ့အထိပေါ့ သေချာစုံစမ်းတော့ ဘာမှထူးခြားတာမရှိဘူး …ဟု ရပ်မိရပ်ဖ ဦးကျော်ဆန်းမှ ပြောကြားခဲ့သည်။… အဆိုပါ ကိစ္စမျိုးအလားတူဖြစ်စဉ်မှာ ရန်ကုန်/ မန္တလေး/ရေလယ် ကျောက်တန်း/ မုံရွာ နှင့် အခြားမြို့များတောရွာများမှာ ယခုလိုပုံစံတူကိစ္စမျိုး ဖြစ်နေကြောင်းလည်း Facebook စာမျက်နှာများမှာ လတ်တလော ပျံ့နှံ့လျှက်ရှိကြောင်း သတင်းရရှိခဲ့ပါတယ် ……အဆိုပါသတင်းစာရှင်းလင်းပွဲကို ယနေ့ ညနေ 5း00 အချိန်ခန့်မှာ ပြီးမြောက်သွားကြောင်း သိရသည်။

 

နောက်ဆုံးရ သတင်းများ
Find Us On Facebook
Visitors
006500
Visit Today :
This Month :
Who's Online :
Your IP Address: 162.158.79.142
Android မှ ဖတ်ရှုရန်

Copyright © 2014 http://www.pyaycity.com. All Rights Reserved.
Powered By Webmaster Myanmar