သရေခေတ္တရာ ပြည်မြို့တော်

မြန်မာစာ ပထမနှစ် အဝေးသင်ကျောင်းသား ပျောက်ဆုံးနေ သဖြင့် ပြည်မြို့မ ရဲစခန်းသို့ မိသားစုမှ လူပျောက် တိုင်တန်း

ပြည့်သဲမောင်(ပြည်)

citypyay-missing-person

ပဲခူးတိုင်းဒေသကြီး ပြည်မြို့သို့ မြန်မာစာ ပထမနှစ် အဝေးသင်လာရောက် တက်နေသော မောင်ကျော်စွာဝင်း (၁၉)နှစ် (ဘ) ဦးစိုးနိုင် (မိ)ဒေါ်လှလှဝင်း၏ သားသည် ပြည်မြို့ ရွာဘဲရပ်ကွက် အုန်းတော မင်္ဂလာလမ်း အမှတ်၃/၆၆ နေအိမ်မှ (၁၁.၁၁.၂၀၁၄) ရက်နေ့ ညနေ ( ၃ ) နာရီခွဲခန့်တွင် ထွက်ခွာသွားခဲ့ရာ ယနေ့အချိန်အထိ ပြန်လည်ရောက်ရှိလာခြင်း မရှိသည့်အပြင် လိုက်လံစုံစမ်း မေးမြန်းခဲ့သော်လည်း ဘာသတင်းမှမရပဲပျောက်ဆုံးနေပါသဖြင့် မောင်ကျော်စွာဝင်း ၏ အဘိုး ဦးမောင်အုန်း မှ လူပျောက်မှူစုံစမ်းပေးပါရန် ပြည်မြို့မရဲစခန်းသို့ တိုင်တန်းခဲ့သည်။ ထို့ကြောင့်ပြည်မြို့မရဲစခန်း မှ မောင်ကျော်စွာဝင်း (၁၉)နှစ် (ဘ) ဦးစိုးနိုင် (မိ) ဒေါ်လှလှဝင်း ၇/သကန(နိုင်)၁၂၂၅၉၄ မြန်မာစာ (ပထမနှစ်) (အဝေးသင်) ခုံအမှတ် ၁မ-၃၅၁ သဲကုန်းမြို့နယ် လက္ပံလုံးလှအုပ်စု တစ်လိုင်းကုန်ရွာ ပျောက်ဆုံးမှုအ
တွက် ပြည်မြို့မရဲစခန်း လူပျောက်မှု အမှတ်စဉ်(၉/၂၀၁၄) အရတိုင်ချက်ရေး ဖွင့်ထားရှိကြောင်းနှင့် ပျောက်ဆုံးသူ မောင်ကျော်စွာဝင်းအား တွေ့ရှိပါက မိမိတို့ ရဲစခန်းနှင့် အောက်တွင်ပါရှိသော ဖုန်းများသို့ ဆက်သွယ် အကြောင်းကြားပေး ကြပါရန် အကူညီ တောင်းခံထားရှိကြောင်း သိရပါသည်။
မှတ်ချက်။ ။ ပျောက်ဆုံးနေသူ၏ ပုံစံမှာ ဆံပင်ဗိုလ်ကေရှည် ၊ မျက်ခုံးမထူမပါး ၊ မျက်လုံးနက် ၊နှာတံပေါ် ၊နုတ်ခမ်းပါး ၊မျက်နှာသွယ် ၊အသားလတ် ၊လက်ပြင်အနဲငယ်ကုန်း ၊စကားပြောအေး ၊အရပ် ၅’ ၅”ခန့်ရှိပါသည်။ တွေ့ရှိပါက ဆက်သွယ် အကူညီပေးနိုင်သော ဖုန်းနံပါတ်များမှာ…..
ပြည်မြို့မရဲစခန်း ဖုန်း 053 24182
ဦးဝမ်းတင် ဖုန်း 09 423690166
မောင်မောင်ခင် ဖုန်း 09 31219505
ဦးအန့်ဂူ(ခ) ဦးသိန်းရဲထွဠ် ဖုန်း 0943048875
(အဆောင်ပိုင်ရှင်) ဖုန်းနံပါတ်များသို့ဆက်သွယ်အကြောင်းကြားပေးပါရန် အကူညီ
တောင်းခံအပ်ပါသည်။

 

နောက်ဆုံးရ သတင်းများ
Find Us On Facebook
Visitors
006500
Visit Today :
This Month :
Who's Online :
Your IP Address: 173.245.52.102
Android မှ ဖတ်ရှုရန်

Copyright © 2014 http://www.pyaycity.com. All Rights Reserved.
Powered By Webmaster Myanmar