သရေခေတ္တရာ ပြည်မြို့တော်

ပြည်မြို့နယ် ဂီတ အစည်းအရုံးမှ ကြီးမှူး၍ (၆၇) ကြိမ်မြောက် လွတ်လပ်ရေးနေ့ အထိန်းအမှတ် ဂုဏ်ပြု သီချင်းဆို ပြိုင်ပွဲကျင်းပမည်

pyaycity-singer-showပြည့်သဲမောင်(ပြည်)

 

 

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့တွင် မြန်မာနိုင်ငံ ဂီတအစည်းအရုံး (ဗဟို) မှ (၁၉.၁၁.၂၀၁၄) ရက်နေ့တွင် ပြန်လည်ဖွဲ့စည်း တာဝန်ပေးအပ်ခဲ့သော ပြည်မြို့နယ် ဂီတအစည်းအရုံး၏ (၆၇) ကြိမ်မြောက် လွတ်လပ်ရေးနေ့ အထိမ်း အမှတ်ဂုဏ်ပြု သီချင်းဆိုပြိုင်ပွဲ ကျင်းပမည်ဖြစ်ကြောင်း
သိရသည်။ ပြည်မြို့နယ် ဂီတအစည်းအရုံးမှ ကြီးမှူးကျင်းပသော ၄င်းသီချင်းဆိုပြိုင်ပွဲ
ကို မည်သူမဆို ၀င်ရောက် ယှဉ်ပြိုင်နိုင်ပြီး ပြိုင်ပွဲဝင်ကြေး (၅၀၀၀ိ/-) သတ်မှတ်ထားပါသည်။ ထိုပြိုင်ပွဲကို ဒီဇင်ဘာလ (၂၇)ရက် (၂၈)ရက် (၂၉) ရက်နေ့များတွင် ပြည်မြို့၊ ခေတ္တရာ ယဉ်ကျေးမှု ကဇာတ်ရုံတွင် ညနေ (၆း၀၀) နာရီ မှ (၁၀း၀၀) နာရီအထိ ကျင်းပပြုလုပ်မည်ဖြစ်ပြီး ပထမဆု (၂၀၀၀၀၀ိ/-)(နှစ်သိန်းကျပ်)၊ ဒုတိယဆု (၁၅၀၀၀၀ိ/-) (တစ်သိန်းငါးသောင်းကျပ်)၊ တတိယဆု (၁၀၀၀၀၀ိ/-) (တစ်သိန်းကျပ်)၊ နှစ်သိမ့်ဆု (၇)ဆု (၃၀၀၀၀/-) (သုံးသောင်းကျပ်) နှုန်းကိုလည်း ချီးမြှင့်မည်။ ၄င်းသီချင်း အဆိုပြိုင်ပွဲသို့ ၀င်ရောက်ယှဉ်ပြိုင်ခြင်းနှင့် ပတ်သက်၍ အသေးစိတ်သိလိုပါက ဦးမြင့်လွင် (ဦးအရှုတ်) ရွိုင်ရယ်စတား၊ ၀၉ ၅၃၁၀၃၀၀၊ ဦးချိုချဉ် (မြင်းပျံမုန့်တိုက်) ၀၉ ၅၃၆၃၄၅၆ ၊ ဦးကျော်လွင် (အတွင်းရေးမှူး) ၀၉ ၄၃၀၈၄၆၃၄၊ ဦးကျော်ကျော်နိုင် (Music Kingdom) ၀၉ ၅၃၁၀၂၀၀ တို့ထံသို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရသည်။

 

 

နောက်ဆုံးရ သတင်းများ
Find Us On Facebook
Visitors
006500
Visit Today :
This Month :
Who's Online :
Your IP Address: 162.158.79.142
Android မှ ဖတ်ရှုရန်

Copyright © 2014 http://www.pyaycity.com. All Rights Reserved.
Powered By Webmaster Myanmar