သရေခေတ္တရာ ပြည်မြို့တော်

အေအာရ်တီဆေးကို ပြည်ခရိုင်အတွင်းရှိ ဆေးရုံများတွင် ထုတ်ယူနိုင်ရန်စီစဉ်

pyaycity-art-medicine-for-hivဇော်မင်းထိုက်၊ ပြည်၊ 7 Daily

 

 

ပြည်ခရိုင်အတွင်းရှိ အိတ်ခ်ျအိုင်ဗီ ကူးစက်ခံထားရသော လူနာများအတွက် အေအာရ်တီဆေးများ လုံလောက်စွာပေးသွားမည့်အပြင် နေထိုင်ရာဒေသဝန်း ကျင်ရှိ မြို့နယ်ဆေးရုံများတွင် အေအာရ်တီဆေးထုတ်ယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း ပြည် ခရိုင် ခုခံအားကျဆင်းမှုရောဂါ တိုက်ဖျက်ရေးအဖွဲ့မှ သတင်းရရှိ သည်။ ‘‘အရင်က ပြည်ဆေးရုံကြီး အေအာရ်တီစင်တာတစ်ခုတည်း မှာပဲ လာရောက်ထုတ်ယူရတယ်။ ဆေးရုံကြီးရဲ့အလုပ်တွေ လျှော့ချ နိုင်ဖို့ရယ်၊  လူနာတွေအဆင်ပြေဖို့ ရည်ရွယ်ပြီး နယ်မြို့တွေမှာပါ Decentralized Art Sites တွေ ထားရှိဆောင်ရွက်နေပါတယ်’’ ဟု ခုခံအားကျဆင်းမှု ရောဂါတိုက်ဖျက်ရေးအဖွဲ့မှ ဒေါက်တာယဉ် မင်းက ပြောသည်။ ယခုအခါ အေအာရ်တီဆေး ကို ပြည်ဆေးရုံကြီး၊ ပြည်ခရိုင် ခုခံအားကျဆင်းမှုရောဂါတိုက် ဖျက်ရေးအဖွဲ့၊ ပေါင်းတည်မြို့ ပြည်သူ့ဆေးရုံကြီးတွင် အခမဲ့ ပေးနေပြီး ပန်းတောင်းမြို့နယ် ဆေးရုံတွင်လည်း စတင်ပေးဝေ နိုင်တော့မည်ဖြစ်ကာ လက်ရှိတွင် ပြည်ဆေးရုံကြီး အေအာရ်တီစင် တာရှိ လူနာ ၃၅၀ ဦးအား ဆေး များပေးနေကြောင်း သတင်းရရှိ သည်။  ပဲခူးတိုင်း အနောက်ပိုင်း သာယာဝတီဆေးရုံ၌ အေအာရ် တီစင်တာအသစ်ကို ၂၀၁၅ တွင် ထပ်မံတိုးချဲ့ဖွင့်လှစ်သွားမည်ဖြစ် ကြောင်း သိရသည်။ ‘‘ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ချမှတ်ပေးထားတဲ့ Guide line အရ လူနာရဲ့ CD4 Count ၃၅၀ အောက်ဆို ဆေးပေးတယ်။ အိတ်ခ်ျအိုင်ဗီပိုးရှိတဲ့ လူနာအနေနဲ့ ကျန်းမာအောင် ဘယ်လိုနေရမယ်၊အိတ်ခ်ျအိုင်ဗီပိုးကြောင့် တခြားအခွင့်အရေးယူရောဂါတွေ ဝင်လာရင် ဘယ်လိုစနစ်တကျ ကုသမှုခံယူရမယ်။ အေအာရ်တီဆေးကို စနစ်တကျမှန်မှန်ကန်ကန်သောက်ဖို့ကို နှစ်သိမ့်ဆွေးနွေးရပါတယ်။ ကိုယ်ဝန်ဆောင် မိခင်ကနေ သန္ဓေသားကို မကူးစက်အောင်နဲ့ ပိုးရှိတဲ့ကိုယ်ဝန်ဆောင်မိခင်တွေအတွက် တစ်သက်တာ အေအာရ်တီဆေးဝါးတွေ ရရှိရန်လည်း စီမံချက်များချမှတ် ဆောင်ရွက်နေပါတယ်’’ဟု ဒေါက်တာယဉ်မင်းက ပြောသည်။ ‘‘အေအာရ်တီဆေးကို လွန် ခဲ့တဲ့ သုံးနှစ်လောက်ကစပြီး သောက်ခဲ့တယ်။ အဲဒီတုန်းက ခွဲတမ်းနဲ့ရတယ်။ မနှစ်ကစပြီး ခွဲတမ်းနဲ့မဟုတ်တော့ လုံလောက် စွာပေးတယ်။ အခုလိုကိုယ့်ရပ် ကိုယ့်ဒေသရဲ့ ဆေးရုံမှာတင် ထုတ်ယူနိုင်ပြီဆိုတော့ ပိုပြီးအဆင် ပြေတာပေါ့’’ဟု အိတ်ခ်ျအိုင်ဗီ ကူးစက်ခံလူနာတစ်ဦးက ပြော သည်။

 

 

နောက်ဆုံးရ သတင်းများ
Find Us On Facebook
Visitors
006500
Visit Today :
This Month :
Who's Online :
Your IP Address: 173.245.52.102
Android မှ ဖတ်ရှုရန်

Copyright © 2014 http://www.pyaycity.com. All Rights Reserved.
Powered By Webmaster Myanmar