သရေခေတ္တရာ ပြည်မြို့တော်

ရွှေတောင်မြို့နယ်တွင် ကျောက်ခေတ် လက်နက်ပုဆိန်တစ်ခု တူးဖော်တွေ့ရှိ

ဇော်မင်းထိုက်၊ ပြည်၊ 7 Daily

images_pyaycity-shwetaung-town

 

ပြည်ခရိုင်၊ ရွှေတောင်မြို့ နယ်၊ ကျီးသဲကျေးရွာအုပ်စုအ တွင်းရှိ ကျီးသဲလေးထပ်ဆရာ တော်ဘုရားကြီး၏ မူလကျောင်း ဟောင်းဧရိယာအတွင်း ရှေးနှစ် ပေါင်းများစွာက ကျောက်ခေတ် သစ်မှ ကျောက်ချောလက်နက် (ပုဆိန်)တစ်ခု တူးဖော်တွေ့ရှိခဲ့ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီး ဌာနမှ သိရသည်။  ‘‘ကျီးသဲလေးထပ် မူလ ကျောင်းဟောင်းရဲ့ မြေမြှုပ်ကျွန်း တိုင်နေရာကိုတွေ့ပြီး အတည်ပြု နိုင်ခဲ့တယ်။ အဲဒီမှာ ပတ်ဝန်းကျင် ကို ဆက်လက်သုတေသနပြုတဲ့ အခါ မြေအောက်နှစ်မီတာအနက် မှာ ကျောက်ချောလက်နက်ပုဆိန် သွားကိုတွေ့တာ ဖြစ်တယ်’’ဟု ပြည်ခရိုင်ရှေးဟောင်းသုတေသန နှင့် အမျိုးသားပြတိုက်မှ ဒုတိယ ညွှန်ကြားရေးမှူး ဦးမျိုးတင့်အောင်ကပြောသည်။ ရွှေတောင်မြို့နယ်၊ ကျီးသဲ ကျေးရွာအုပ်စုတွင်ရှိသော လွန်ခဲ့ သည့် နှစ်ပေါင်း (၂၀၀)ခန့်က မီး လောင်ပျက်စီးတိမ်မြှုပ်ပျောက် ကွယ်လျက်ရှိသော ကျီးသဲလေး ထပ် ဆရာတော်ဘုရားကြီး အ ရှင် မုနိန္ဒာဘိဓဇ၏ မူလလေးထပ် ကျောင်းဟောင်းနေရာအား ရှေး ဟောင်းဌာနမှ ရှာဖွေဖော်ထုတ် လျက်ရှိရာ အောက်တိုဘာ ၂၆ ရက်တွင် ကျောက်ချောလက်နက်ကို တူးဖော်တွေ့ရှိခဲ့ခြင်းဖြစ်သည်။ ‘‘ပြဒါးလင်းဂူကျောက်ချော ခေတ်နဲ့ ချိန်ကြည့်ရင် နှစ်ပေါင်း တစ်သောင်းအောက်လောက် လက်နက်လို့ ခန့်မှန်းရတယ်။ ပု ဆိန်က နှစ်ဖက်အသွားပါတယ်။ ဒီနေရာမှာ ကျောက်ခေတ်လူသား တွေ ကျင်လည်ကျက်စားရာ ဧရာ ၀တီမြစ်ကမ်းဆင့်နေရာဖြစ်မယ် လို့ ခန့်မှန်းရတယ်’’ဟု ရှေးဟောင်းသုတေသနပညာရှင်တစ်ဦးက သုံးသပ်သည်။ ကမ္ဘာပေါ်တွင် လူများစတင်နေထိုင်ခဲ့ခြင်းနှင့် ပတ်သက်ပြီး လူတူပရိုင်းမိတ်ကျောက်ဖြစ်ရုပ်ကြွင်းများတွေ့ရှိခဲ့ရာ အာဖရိကရှိ ဂျာဗားလူ၊ တရုတ်နိုင်ငံရှိ ပီကင်းလူ၊ ဂျာမနီရှိ ဟိုက်ဒယ်ဘိုက်လူ၊ အင်္ဂလန်ရှိ ဆာဆပ်လူ၊ ဂျာမနီရှိ နိအန်ဒါသာရလူ၊ အီတလီရှိ ကရိုမတ်ဂနွန်လူဟူ၍ ရှာဖွေတွေ့ရှိခဲ့ ကြောင်း ယင်းရုပ်ကြွင်းများအား ရှေးနှစ်ပေါင်း လေးသိန်းနှင့် ခုနစ် သောင်းအတွင်းက ရုပ်ကြွင်းများ ဖြစ်ကြောင်း သိရပြီး မြန်မာနိုင်ငံ မကွေးတိုင်းအတွင်းရှိ မြိုင်မြို့နယ် တွင် ၁၉၁၄ ခုနှစ်အတွင်းက အမေရိကန်တစ်ဦးက ပုံတောင်ပုံညာလူတူပရိုင်းမိတ်ရုပ်ကြွင်း တွေ့ရှိခဲ့ပြီး နှစ်ပေါင်း သန်းလေးဆယ်ခန့်ကဟု ခန့်မှန်းခဲ့ကြောင်းရှေးဟောင်းဌာနမှ သိရသည်။

 

 

 

နောက်ဆုံးရ သတင်းများ
Find Us On Facebook
Visitors
006500
Visit Today :
This Month :
Who's Online :
Your IP Address: 173.245.52.102
Android မှ ဖတ်ရှုရန်

Copyright © 2014 http://www.pyaycity.com. All Rights Reserved.
Powered By Webmaster Myanmar