သရေခေတ္တရာ ပြည်မြို့တော်

ရေစီးသန်သော သဲချောင်းအတွင်း အမျိုးသားတစ်ဦး မျောပါသေဆုံး

ပြည်၊ ဇွန် ၂၇ The Voice

images_pyaycity-pyay

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့တွင် ဇွန်လ ၂၆ ရက်နေ့ ညနေပိုင်းက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေစီးသန်သော သဲချောင်းအတွင်း အသက် ၂၄ နှစ်အရွယ် အမျိုးသားတစ်ဦး မျောပါ သေဆုံးသွားကြောင်း ပြည်မြို့မ ရဲတပ်ဖွဲ့စခန်းထံမှ သိရသည်။
ရွာဘဲနယ်မြေ ဂန္ဓာမာရပ်ကွက်ရှိ သဲချောင်းမှာ ခြောက်သွေ့ရာသီတွင် လမ်းအဖြစ် အသုံးပြုလျက် ရှိသော်လည်း မိုးရွာသွန်းပါက တောင်ကျရေများ စီးဝင်ပြီး ရေစီးသန်တတ်သဖြင့် စက်ဘီး၊ ဆိုက္ကားများပင်လျှင် မျောပါလေ့ရှိကြောင်း၊ ယမန်နှစ်ကလည်း ခြောက်နှစ်အရွယ် ကလေးတစ်ဦးလည်း ချောင်းအတွင်း သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း အဆိုပါရပ်ကွက် ဒေသခံတစ်ဦးက ပြောဆိုသည်။
“မိုးအရမ်းရွာရင် ချောင်းက ရေတအားစီးတယ်။ ခုဆုံးတဲ့သူက အရက်ဖြတ်ထားတယ်။ ကျန်းမာရေးကလည်း သိပ်ကောင်းပုံ မပေါ်ဘူး” ဟု ၎င်းကဆိုသည်။
မိခင်မှ ဆေးတိုက်ရန် ရှာဖွေခဲ့သော်လည်း မတွေ့ရှိသဖြင့် ရပ်ကွက်နေသူများက ရှာဖွေရာ ဒူးဆစ်အထိ ရှိသော ချောင်းရေစီးအတိုင်း ပြင်ပဒဏ်ရာမရှိဘဲ မျောပါနေသည့် သေဆုံးသူ၏ အလောင်းကို တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း၊ ချောင်းတွင်း မျောပါသေဆုံးမှုအတွက် သေမှုသေခင်း ဖွင့်၍ အရေးယူ ဆောင်ရွက်ထားကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

နောက်ဆုံးရ သတင်းများ
Find Us On Facebook
Visitors
006500
Visit Today :
This Month :
Who's Online :
Your IP Address: 162.158.79.10
Android မှ ဖတ်ရှုရန်

Copyright © 2014 http://www.pyaycity.com. All Rights Reserved.
Powered By Webmaster Myanmar