သရေခေတ္တရာ ပြည်မြို့တော်

“ပေါင်းတလည်မြို့၊ ကုန်းတန်းကျောင်းတိုက်တွင် နှစ်စဉ် ကျင်းပ ပြုလုပ်မြဲဖြစ်သော ၀ါကျွတ် သံဃာပ၀ါရဏာပွဲ ကျင်းပ ပြုလုပ်မည် “

သတင်းနှင့်ဓါတ်ပုံ – ပြည့်သဲမောင် (ပြည်)

pyaycity-konetan-sayartaw-paungdale

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတလည်မြို့၊ ကုန်းတန်းကျောင်းတိုက်တွင် သက်တော်ရှည် ပဲခူးတိုင်းအနောက်ခြမ်း တိုင်းသြ၀ါဒစရိယ ဆရာတော်ကြီး ဘဒ္ဒန္တတိက္ခ သက်တော်(၉၆)နှစ်၊ ၀ါတော်(၇၆) ၀ါရှိ ဆရာတော်ကြီး၏ အစဉ်အလာမပျက် (၁၀) နှစ်ကျော်တိုင်တိုင် ကျင်းပပြုလုပ် ခဲ့သော ၀ါကျွတ် သံဃာပ၀ါရဏာပွဲ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။ ပေါင်းတလည်မြို့ရှိ သံဃာတော်များနှင့် ခွေးရဲရွာမအုပ်စု ဗြူးကုန်းအုပ်စုမှ သံဃာတော်အပါး(၅၀) အား နှစ်စဉ် ကျင်းပပြုလုပ်သည့် အတိုင်း သီတင်းကျွတ်လပြည့်နေ့ (၈.၁၀.၂၀၁၄) ရက်နေ့တွင် သံဃာပ၀ါရဏာပွဲအား စဉ်ကား သိုက်မြိုက်စွာ ကျင်းပပြုလုပ် သွားမည်ဖြစ်ပါသဖြင့် ပေါင်းတလည်မြို့သူ မြို့သားများနှင့်ရပ်ဝေး ရပ်နီးမှ အလှူရှင်
များအား နိဗ္ဗာန်အကျိုးမျှော်ကာ နှိုးဆော်အပ်ပါကြောင်း ကုန်းတန်းကျောင်းတိုက် ကျောင်း
အကျိုးတော်ဆောင်အဖွဲ့မှ သိရပါသည်။

နောက်ဆုံးရ သတင်းများ
Find Us On Facebook
Visitors
006500
Visit Today :
This Month :
Who's Online :
Your IP Address: 162.158.79.10
Android မှ ဖတ်ရှုရန်

Copyright © 2014 http://www.pyaycity.com. All Rights Reserved.
Powered By Webmaster Myanmar