သရေခေတ္တရာ ပြည်မြို့တော်

နေထီးဆောင်းခြင်း (Halo Phenomenon)

ဒေါက်တာထွန်းလွင်

pyaycity-sun-umbrella

ဒီကနေ့ပြည်မြို့ဖက်မှာ နေထီးဆောင်းတာကို တွေ့ကြရတော့ လူတွေအမျိုးမျိုးပြောနေကြ တယ်လို့ သတင်းမီဒီယာဌာနကြီးတစ်ခုက အသိတစ်ယောက်က ဖုံးဆက်ပြောလာပါတယ်။
နောက်ပြီးတော့လည်း မေးလာသေးတယ်။ အဲဒါကို လူတွေက နိုင်ငံရေး၊တိုင်းရေး၊ပြည်ရေးနဲ့
ပတ်သက်ပြီး နမိတ်ကောက် အမျိုးမျိုးပြောနေကြတာ ဆရာဘယ်လိုသဘောရပါသလည်းတဲ့။
နေထီးဆောင်းခြင်းကို Greekဘာသာစကားနဲ့ Halo လို့ခေါ်ပါတယ်။ တကယ်တော့ Halo ဟာ အမြင်ဆိုင်ရာ ဖြစ်စဉ် ( Optical Phenomena) တစ်ခုသာဖြစ်ပါတယ်။ အလင်းဆိုတာ
ပြန်နှိုင်တယ်(Reflection)၊ ယိုင်နှိုင်တယ်(refraction)၊ ကွေ့နှိုင်တယ်(Diffraction)၊ သန့်နှိုင်တယ်(Rarefaction)၊ လွင့်စင်နှိုင်တယ် (Scattering)၊ ကွဲနှိုင်တယ် (Dispersion)၊ အလင်းလှိုင်းထပ်နှိုင်တယ်(Diffraction) စတဲ့ဝိသေသဖြစ်စဉ်တွေ ရှိကြပါတယ်။
အချို့ဖြစ်စဉ်တွေကို လှိုင်းသဘာဝနဲ့ရှင်းပြလို့ရတယ်။ အချို့သဘာဝတွေကတော့ အမှုန်သဘာဝ နဲ့မှ ရှင်းပြလို့ရတယ်။ ဒါကြောင့် အလင်းဟာ တစ်ခါတစ်ရန်မှာ လှိုင်းသဘာဝဆောင်ပြီး၊ တစ်ခါတစ်ရန်မှာတော့ အမှုန်သဘာဝဆောင်တယ် လို့ဆိုပါတယ်။ ဒါကို အလင်းရဲ့ဒွိသဘာဝ(Dualistic Nature of Light) လို့ ခေါ်ဝေါ်ကြပါတယ်။
ဒီလိုသဘာဝရှိတဲ့ အလင်းတန်းတွေဟာ နေမှတစ်ဆင့်ကမ္ဘာဆီကို တိုးဝင်လာကြပါတယ်။ အဲဒီအခါမှာ ကမ္ဘာ့လေထုကိုဖြတ်ကြရပါတယ်။ အဲဒီအခါမှာ ကမ္ဘာ့လေထုထဲမှာ ရှိနေကြတဲ့ ဖုံအမှုန်(dust)၊ ရေအမှုန်(water droplets)၊ ရေပေါက်တွေ( (water drops)၊ ရေခဲအမှုန်တွေ(ice crystals) တွေ ကိုဖြတ်သန်းကြတဲ့အခါ စောစောကပြောခဲ့တဲ့ အလင်းပြန်တာ၊ ယိုင်တာ စတဲ့ ဖြစ်စဉ်တွေဖြစ်ကြတဲ့အခါ လူတွေအတွက် အမြင်အာရုံဆိုင်ရာဖြစ်စဉ်တွေ(Optical Phenomena)တွေ ဖြစ်လာကြရပါတယ်။ ဥပမာ သက်တန့် (Rainbow)၊ ကောင်းကင်ပြာ၊
ကောင်းကင်နီ၊ တိမ်ပြာ၊ တိမ်နီ၊ တိမ်ဝါ၊ နေထီးဆောင်း၊ လထီးဆောင်း၊ တံလျှပ်၊ ကော်ရိုနာ၊
နေပုံပျက်ခြင်း၊ လုံ့ပျက်ခြင်း၊ နေအစင်းများစွာ နဲ့ လအစင်းများစွာ ထွက် ခြင်း စတဲ့ဖြစ်စဉ်တွေ ကမ္ဘာပေါ်မှာ တွေ့လာကြရပါတယ်။ အံ့သြရပ်သပ်ရှုမောဖွယ်ရာတွေ ချည့်ပါဘဲ။
နေထီးဆောင်းတာကို အများဆုံးမြင်တွေ့ရတဲ့ပုံသဏ္ဍာန်ကတော့ နေကိုဗဟိုပြုပြီး
နေကိုဝန်းရံနေတဲ့ စက်ဝန်းသဏ္ဍာန် ကွင်းတွေကိုမြင်တွေ့ကြရခြင်းဖြစ်ပါတယ်။ အများအားဖြင့် အဖြူရောင်အဆင်းရှိတဲ့ ကွင်းတွေ ကိုတွေ့ကြရပေမယ့် တစ်ခါတစ်ရန်တော့လည်း ကွင်းတွေကို အရောင်တွေခွဲခြား တွေ့မြင်ကြရပါတယ်။ အရောင်တွေခွဲခြားမြင်ရရင်တော့ အခြေခံအရောင် (၇)မျိုးဖြစ်တဲ့ VIBGYOR ( Violet, Indigo, Blue, Green, Yellow, Orange and Red)တွေက အစဉ်အတိုင်းတွေ့ကြရပါတယ်။ အတွင်းဖက်အကျဆုံးမှာ အနီရောင်ကို တွေ့ကြရပါတယ်။
တစ်ခါတစ်ရန်တော့လည်း နေ သို့မဟုတ် လ ရဲ့ အနီးအနားမှာ မတွေ့ရဘဲ ဆန့်ကျင်ဖက်
ကောင်းကင်ပြင်မှာတွေ့ကြရပါတယ်။ နေထီးဆောင်း(Halo)ဖြစ်စဉ်ဟာ နေရောင်ခြည် အလင်းတန်းက လေထဲမှာရှိနေတဲ့ အနား(၆)ဖက်ပါတဲ့ Hexagonal ရေခဲပုံဆောင်ခဲ(ice crystal)ကိုဖြတ်သန်းတဲ့အခါ အလင်းယိုင်ခြင်း(Refraction) ကြောင့်ဖြစ်ပေါ် လာရတဲ့ဖြစ်စဉ်ဖြစ်ပါတယ်။
ဒါကြောင့် Halo ဖြစ်စဉ် ဖြစ်ပေါ်တဲ့အခါတိုင်း လေထဲမှာ ရေခဲပွင့်တွေ ရှိနေတာကြောင့် Halo တွေကို တိမ်မြင့်အမျိုးအစားဖြစ်တဲ့ Cirrostratus Cloud (Cs) တိမ်နဲ့ ဖြစ်ပေါ်လေ့ ရှိပါတယ်။ Halo တွေမှာ 22° Halo 46° Halo ဆိုပြီး(၂)မျိုးရှိရာ၊ 22° Halo ကို နေ့ခင်းပိုင်း အချိန်အခါများတွင် တွေ့ရတတ် လေ့ရှိပြီး၊ 46° Halo ကိုတော့ နံနက်ခင်းနဲ့ ညနေစောင်း လို နေမြင့်ထောင့်နည်းတဲ့ ကာလတွေမှာတွေ့ရလေ့ရှိပါတယ်။
ထူးခြားတာကတော့ Halo တွေကို နေ သို့မဟုတ် လ တွေကို ဗဟိုပြုပြီး ၀န်းရံနေတဲ့ စက်ဝိုင်းများ အဖြစ်တွေ့ကြရသလို၊ လူ၊သစ်ပင်၊ အဆောက်အဦ၊ ဘုရားကျောင်း စတာတွေကိုလည်း ဗဟိုပြုပြီး ၀န်းရံနေတဲ့ စက်ဝိုင်းများအဖြစ်လည်းတွေ့ရတတ်ခြင်းဘဲဖြစ်ပါတယ်။ အဲဒီအခါမှာ လူတွေရဲ့ ဘာသာရေး ယုံကြည်မှုများလွန်ကဲမှုများကြောင့် သဘာဝလွန်ဖြစ်စဉ်များ(Super natural phenomena) အဖြစ်ပြောဆို လာတတ်ကြပါတယ်။
ပြည်မြို့မှာ ဒီကနေ့ တွေ့ခဲ့ကြရတဲ့ နေထီးဆောင်းဖြစ်ဉ်ကတော့ မုတ်သုံကာလကြီး မှာ မြန်မာနိုင်ငံ အလယ်ပိုင်း မှာ လေအေးတွေ ရေခဲအမှုန်တွေ တိုးဝင်လာရောက်
ဖြစ်ပေါ်နေတာကိုသိလာရတော့ မြောက်ဖက်က လေအေးတွေ အားကောင်းနေတာကို
ပြသနေပြီး၊ တောင်ဖက်က မုတ်သုံလေကတော့ မတိုးနှိုင်ဘဲ အားလျော့ နေတာကိုလည်း
ပြသနေပါတယ်။
နေထီးဆောင်းရင်တော့ မကြာမီ မိုးရွာတတ်တယ်လို့ မိုးလေ၀သခန့်မှန်းရေးမှာတော့ ယူဆထားကြောင်း ပါဗျာ။

နောက်ဆုံးရ သတင်းများ
Find Us On Facebook
Visitors
006500
Visit Today :
This Month :
Who's Online :
Your IP Address: 162.158.79.142
Android မှ ဖတ်ရှုရန်

Copyright © 2014 http://www.pyaycity.com. All Rights Reserved.
Powered By Webmaster Myanmar