သရေခေတ္တရာ ပြည်မြို့တော်

ဧရာဝတီမြစ် အတွင်း ပုပ်ပွနေသည့် အမျိုးသားတစ်ဦး အလောင်းတွေ့

pyaycity-found-dead-body-in-riverဇော်မင်းထိုက်၊ ပြည်၊ 7 Daily

 

 

 

 

ပြည်မြို့၊ ဧရာဝတီမြစ် အတွင်း လက်မောင်းတွင်ကြိုး ချည်ထားသော ပုပ်ပွနေသည့် အလောင်းတစ်လောင်းကို နိုဝင် ဘာ ၂၅ ရက်၌ တွေ့ရှိခဲ့ကြောင်း သတင်းရရှိသည်။ ‘‘လူသေအလောင်းကပုပ်ပွ နေတော့ ပြင်ပဒဏ်ရာတော့မတွေ့ ဘူး။ အတွင်းဒဏ်ရာတို့ ဘာ ကြောင့်သေခဲ့တာလဲကိုတော့ ရင်ခွဲစစ်ဆေးတဲ့အဖြေထွက်လာ မှပဲ သိရမယ်။ ထူးခြားတာက ညာဘက်လက်မောင်းမှာ နွား ချည်တဲ့ကြိုးမျိုးနဲ့ နှစ်ပတ်လောက် ချည်ထားတာတွေရတယ်’’ဟု အခင်းဖြစ်ပွားရာသို့ လာရောက် စစ်ချက်ယူသော ရဲအရာရှိတစ်ဦး က ပြောသည်။ အလောင်းကို ပြည်ဈေးကြီး အနီး ကျော်စွာဆိပ်ကမ်းဝန်းကျင် တွင် ဒေသခံများစတင်တွေ့ရှိခဲ့ပြီး ဒေသခံများက မိုးမေတ္တာနာရေး ကူညီမှုအသင်းသို့ အကူအညီ တောင်းကာ ပြည်ဆေးရုံကြီးရင်ခွဲ ရုံသို့ ပို့ဆောင်ပေးခဲ့ခြင်းဖြစ် သည်။ ‘‘သေတာအရမ်းတော့ မကြာလောက်သေးဘူးလို့ ထင် တယ်။ ကြိုးချည်ထားတာတွေ့ရ တော့ ပြဿနာတစ်ခုခုများရှိနေ လားမသိဘူး’’ဟု အလောင်းတွေ့ရှိခဲ့သော ဒေသခံတစ်ဦးက ပြောသည်။ ဖြစ်စဉ်နှင့်ပတ်သက်၍ ပန်းတောင်းနယ်မြေရဲစခန်းမှ သေမှု သေခင်းဖွင့်ကာ စုံစမ်းစစ်ဆေး လျက်ရှိသည်။

 

နောက်ဆုံးရ သတင်းများ
Find Us On Facebook
Visitors
006500
Visit Today :
This Month :
Who's Online :
Your IP Address: 173.245.52.102
Android မှ ဖတ်ရှုရန်

Copyright © 2014 http://www.pyaycity.com. All Rights Reserved.
Powered By Webmaster Myanmar