သရေခေတ္တရာ ပြည်မြို့တော်

သခင် ကိုယ်တော်မှိုင်း မွေးရပ်မြေ၌ အမှတ်တရပြ တိုက်ဆောက်မည်

သီဟလွင် (မြစ်မခ)

pyaycity-kotawhmine-village

ဆရာကြီးသခင်ကိုယ်တော်မှိုင်း၏ မွေးရပ်မြေဖြစ်သည့် ပဲခူးတိုင်း၊ ရွှေတောင်မြို့နယ် ၀ါးလည်ကျေးရွာတွင် ငြိမ်းချမ်းရေးဗိမာန်တစ်ခု တည်ဆောက်သွားမည်ဖြစ်ကြောင်း ဆရာကြီးသခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေး ကွန်ရက်(ရန်ကုန်) မှ သိရသည်။ အဆိုပါ ဗိမာန်တည်ဆောက်ရန်အတွက် ကျွမ်းကျင်အင်ဂျင်နီယာအဖွဲ့များနှင့် ဒီဇိုင်းပုံစံများကို စတင်ဆောင်ရွက် နေပြီး အဆိုပါ ဗိမာန်အား ပြတိုက်ပုံစံကဲ့သို့ ပြုလုပ်မည်ဖြစ်ကာ သခင်ကိုယ်တော်မှိုင်းရုပ်တုနှင့် ၎င်းရေးသားခဲ့ သည့် စာပေများ၊ မှတ်တမ်းဓာတ်ပုံများစသည်တို့ကို ပြသသွားမည်ဖြစ်ကြောင်း အဆိုပါကွန်ရက်မှ သိရသည်။ ထို့ကဲ့သို့ဆောက်လုပ်ရန်အတွက် အောက်တိုဘာ(၁၃)ရက်က ကိုယ်တော်မှိုင်း၏ မွေးရပ်မြေ ၀ါးလည်ရွာ၌ ဒေသခံဆွေမျိုးများ၊ ဆရာသခင်ကိုယ်တော်မှိုင်း ဂူဗိမာန် စောင့်ရှောက်ရေးအဖွဲ့ ၊ ဆရာကြီးသခင် ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက်(ရန်ကုန်)၊ ပြည်ခရိုင်ပေါက်ခေါင်းရွှေတောင် စသည့် အဖွဲ့များနှင့် ရန်ကုန်မှ လိုက်ပါလာသော ကိုယ်တော်မှိုင်း၏ ဆွေမျိုးများမှ တည်ဆောက်မည့်မြေနေရာနှင့် ပတ်သက်၍ ဆွေးနွေးများပြုလုပ်ခဲ့ကြသည်။ “ မြန်မာပြည်ကြီးကို ပြောင်းလဲပစ်လိုက်တဲ့သူဟာ ဒီလိုကျေးလက်ကသူတွေဆိုတာရယ်၊ ခေါင်းဆောင်ဖြစ်တဲ့ သူတွေဟာ ဒီလိုကျေးလက်ဒေသက ပြည်သူတွေထဲက ဖြစ်လာတယ်ဆိုတဲ့ ခံစားမှုလေးမျိုး ရစေချင်တာရယ်၊ ဒေသအတွက် ဂုဏ်ယူစရာဖြစ်တဲ့ ဒီနေရာလေးကို ဖြတ်သွားတိုင်း သတိထားမိစေချင်တာရယ်ကြောင့် အခုလိုဇာတိမြေမှာပြုလုပ်ဖြစ်တာပါ” ဟု ဆရာကြီးသခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက် ပြန်ကြားရေး တာဝန်ခံ ဦးထွန်းဝင်းငြိမ်းက ပြောသည်။  ထိုကဲ့သိုဆောက်လုပ်ရန်အတွက် စီစဉ်ခဲ့သည်မှာ နှစ်နှစ်ကျော်ခန့်ရှိသွားပြီဖြစ်ပြီး အလှူငွေရရှိသည့် အတိုင်းအတာအရ တဖြည်းဖြည်းဆောင်ရွက်သွားမည်ဖြစ်ကာ ငြိမ်းချမ်းရေးဗိမာန် ဆောက်လုပ်ခြင်းနှင့် ပတ်သက်၍ မည်သည့်အာဏာပိုင်အဖွဲ့အစည်း၏ အကူအညီကိုမျှမယူဘဲ လုပ်ဆောင်သွားမည်ဟု ဆရာကြီးသခင်ကိုယ်တော်မှိုင်းငြိမ်းချမ်းရေးကွန်ရက် တာဝန်ရှိသူများက ပြောသည်။ “ဘဘကြီးဆိုတာက တစ်မျိုးသားလုံးရဲ့ဖခင်ကြီး သမိုင်းစာဆိုကြီး၊ ငြိမ်းချမ်းရေးပုဂ္ဂိုလ်ကြီး တိမ်မြုပ် ပျောက်ကွယ် မနေသင့်တဲ့ပုဂ္ဂိလ်ကြီးဖြစ်တယ်။ ဒါကြောင့် ဒီလိုပုဂ္ဂိုလ်မျိုးကို ဒီလိုအခြေအနေမျိုးမှာ ဖော်ထုတ်ခွင့်ရသလောက် ဖော်ထုတ်ရတဲ့အပေါ် ၀မ်းမြောက်တယ်” ဟု သခင်ကိုယ်တော်မှိုင်း၏မြေးဖြစ်သူ ဒေါ်မေမြတ်မွန်က ပြောသည်။  ဆရာကြီးသခင်ကိုယ်တော်မှိုင်းကို ပဲခူးတိုင်းအနောက်ပိုင်း ပြည်မြို့နှင့်(၁၂)မိုင်ခန့်အကွာ ရွှေတောင်မြို့နယ် ပြည်-ရန်ကုန်ကားလမ်းမကြီးဘေးရှိ ၀ါးလည်ရွာ၌ မြန်မာသက္ကရာဇ် ၁၂၃၇ ခုနှစ်တပေါင်းလပြည့် ကျော် ၁၄ ရက်နေ့တွင် မွေးဖွားခဲ့ပြီး ၁၃၂၆ ခုနှစ် ဒုတိယ၀ါဆိုလဆန်း ၁၄ ရက်နေ့တွင် ရန်ကုန်မြို့၊ စမ်းချောင်းရပ် ချမ်းသာလမ်းအမှတ်(၅) နေအိမ်တွင် ကွယ်လွန် အနိစ္စ ရောက်ခဲ့ခြင်းဖြစ်သည်။

 

နောက်ဆုံးရ သတင်းများ
Find Us On Facebook
Visitors
006500
Visit Today :
This Month :
Who's Online :
Your IP Address: 162.158.79.10
Android မှ ဖတ်ရှုရန်

Copyright © 2014 http://www.pyaycity.com. All Rights Reserved.
Powered By Webmaster Myanmar