သရေခေတ္တရာ ပြည်မြို့တော်

လယ်သမားအရေးကူညီသူနှင့် လယ်သမားများကို အကြမ်းဖက်ဖမ်းသည့် ရဲဝန်ထမ်းများကို အရေးယူရန် တောင်ငူတွင် ဆန္ဒပြ

လပြည့်ဝန်း။ရန်ကုန်၊ မဇ္ဈိမ

pyaycity-pyay-protest-22May14

သဲကုန်းမြို့နယ်တွင် လယ်သမားအရေး ကူညီဆောင်ရွက်ပေးသည့် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂအဖွဲ့က ကိုကောင်းထက်ကျော်နှင့် လယ်သမားများ အကြမ်းဖက် ဖမ်းဆီးသည့် ရဲဝန်ထမ်းများကို အရေးယူပေးရန် တောင်းဆိုထားသည်မှာ ၁ဝရက်ကျော်ပြီ ဖြစ်သော်လည်း ထူးခြားမှုမရှိ၍ ပဲခူးတိုင်း၊ တောင်ငူမြို့က ဗကသကျောင်းသားများက မေလ ၂၅ရက် နံနက်က တောင်ငူမြို့တွင် လှည့်လည် ဆန္ဒထုတ်ဖော်ခဲ့သည်ဟု ဗကသ အတွင်းရေးမှူး ကိုမင်းသွေးသစ်က မဇ္ဈိမ ကိုပြောသည်။ “ အဓိကကတော့ ကျောင်းသားနဲ့ ပြည်သူတွေ မတရားအကြမ်းဖက်ခံရမှုကို လူသိရှင်ကြား တောင်းပန်တာမရှိတဲ့ အပြင် ပဲခူးတိုင်းအစိုးရက ကာယကံရှင်ရော၊ ပြည်သူတွေကိုရော၊ အဖွဲ့အစည်းကိုရော မထီမဲ့မြင်ပြုလုပ်တဲ့အတွက် အခုလိုဆန္ဒထုတ်ဖော်ပြီး ပြည်သူသိအောင်လုပ်ရတာပါ” ဟု ၎င်းက ပြောသည်။ ဆန္ဒထုတ်ဖော်ခြင်းကို မေ ၂၅ရက် နံနက် ၉နာရီမှ ၁ဝနာရီ ၄၅မိနစ်အထိ တောင်ငူမြို့ ရွှေဆံတောင်ဘုရား အရှေ့ဘက်မုခ်မှ စတင်ထွက်ခွာခဲ့ပြီး တစ်မြို့လုံးအနှံ့ ချီတက်ဆန္ဒထုတ်ဖော်ခဲ့သည်။ ဆန္ဒထုတ်ဖော်ခြင်းအတွက် ခွင့်ပြုမိန့် ရယူခဲ့ခြင်း မရှိဟု ကိုမင်းသွေးသစ်က ပြောသည်။ ထိုသို့  မြို့လုံးအနှံ့ချီတက်ဆန္ဒထုတ်ဖော်ခဲ့မှ လူစုခွဲပြီးနောက် ခွင့်ပြုချက်မယူဘဲ ဆန္ဒထုတ်ဖော်သည်ဟု ဆိုကာ ရွှေဆံတော်ဘုရားဂေါပကအဖွဲ့က လာရောက် သတိပေးခြင်းကြောင်း ကိုမင်းသွေးသစ်ကဆိုသည်။ လယ်ယာမြေသိမ်းခံထားရသည့် သဲကုန်းမြို့နယ်၊ အောင်ကုန်းကျေးရွာမှ ဒေသခံ လယ်သမားများဖြစ်သည့် ဒေါ်ညို၊ ဦးမောင်ဝင်း၊ ဒေါ်ခင်မာအေးနှင့် လယ်သမားများအရေး ကူညီဆောင်ရွက် သည့် တောင်ငူခရိုင် ဗကသ ကျောင်းသား ကိုကောင်းထက်ကျော်တို့ မေလ ၁၄ရက်က သဲကုန်းမြို့တွင်း ဆန္ဒထုတ်ဖော်ပြီး အပြန် သဲကုန်းမြို့နယ် ရဲတပ်ဖွဲ့ဝင်များက အကြမ်းဖက် ဖမ်းဆီးခဲ့သည်။ ကိုကောင်းထက်ကျော်နှင့် ဒေါ်ခင်မာအေးတို့ နှစ်ဦးက ထွက်ပြေးလွတ်မြောက်ခဲ့သော်လည်း ဒေါ်ညိုနှင့် ဦးမောင်ဝင်းတို့ နှစ်ဦးမှာ ထိုနေ့တွင်ပင် ပေါင်းတည်ထောင်သို့ ပို့ဆောင်ခြင်း ခံခဲ့ရသည်။ ရဲများကရိုက်နှက်ဖမ်းဆီးခြင်းကြောင့် ကိုကောင်းထက်ကျော်မှာ ခေါင်းကွဲသွားခဲ့သည်။ ကိုကောင်းထက်ကျော်အပါအဝင် လယ်သမားများကို အကြမ်းဖက်ဖြေရှင်းသည့် ရဲဝန်ထမ်းများကို အရေးယူရန် ဆန္ဒပြခြင်းကို မေလ ၂၃ရက်က ပဲခူးတိုင်း ပြည်မြို့တွင် ပထမအကြိမ် ခွင့်ပြုမိန့်မတောင်းဘဲ ဆန္ဒထုတ်ဖော်ခဲ့သေးသည်။

 

နောက်ဆုံးရ သတင်းများ
Find Us On Facebook
Visitors
006500
Visit Today :
This Month :
Who's Online :
Your IP Address: 162.158.79.10
Android မှ ဖတ်ရှုရန်

Copyright © 2014 http://www.pyaycity.com. All Rights Reserved.
Powered By Webmaster Myanmar