သရေခေတ္တရာ ပြည်မြို့တော်

လမ်းချဲ့ရာတွင် လမ်းမပေါ် ရောက်သွားသည့် မီးတိုင်များ မရွှေ့ပြောင်းနိုင်သေး

စံတော်ချိန်သတင်းစာ ပြည့်သဲမောင်(ပြည်)။

pyaycity-electrical-power-line-within-road

ပဲခူးတိုင်း ပြည်ခရိုင် ပြည်မြို့ ရွာဘဲရပ်ကွက် အရှေ့ပွင့်လှသိင်္မ်ကုန်းကျေးရွာမှ ရွာလယ်လမ်းမကြီးချဲ့ထွင်မှုတွင် လမ်းမပေါ်ရောက်သွားသည့် မီးတိုင်(၁၉) တိုင်ကို နှစ်လကျော်ကြာသည့်တိုင် မရွှေ့ပြောင်းနိုင်သေးကြောင်း အဆိုပါကျေးရွာသူ/ ကျေးရွာသားများက ပြောသည်။ စံနန်းဦးဘုရားထိပ်မှ စက်မှုဇုန်ထိပ်အထိ ပေ(၃၀၀၀) ကျော်ရှိသော အရှေ့ပွင့်လှသိင်္မ်ကုန်းကျေးရွာ ရွာလယ်လမ်းကို ဇူလိုင်လ အတွင်းက လွတ်တော်ရံပုံငွေဖြင့် (၁၀)ပေမှ ပေ(၂၀)သို့ ချဲ့ခဲ့ရာ လမ်းမီးတိုင်များ လမ်းမပေါ်တွင် ကျန်နေခဲ့ခြင်းဖြစ်သည်။ “ ဓါတ်တိုင်တွေက ယိုင်ပြီး လမ်းမပေါ်ရောက် နေတော့လမ်းသွားရင်ဘယ်တော့လဲမလဲ မော့ကြည့်နေရတယ်။ အမြန်ဆုံး လာလဲမှဖြစ်မှာ” ဟုလည်း ၄င်းကဆိုသည်။ ရွှေ့ပြောင်းရမည့်မီးတိုင်များသည် ၁၉၆၄ တော်လှန်ရေးကောင်စီလက်ထက်က မီးတိုင်များဖြစ်သည်။ တိုင်(၂) လုံးမှာအောက်ခြေပြတ် ဆွေးမြေ့နေပြီး ကျန်(၁၇) လုံးမှာ လမ်းမပေါ်သို့ တိမ်းစောင်းကာ လဲကျမည့်အခြေအနေ တွင်ရှိသဖြင့် လမ်းသွားလမ်းလာများ အန္တရာယ်ရှိကြောင်း ကျေးရွာသူ/သားများ ကပြောသည်။ “ မြို့နယ်လျှပ်စစ်ရုံးကို အကြောင်းကြားတော့ လာကြည့်တယ်။ တိုင်အနက်ငါးပေနဲ့ လျှောက်လမ်း နှစ်ပေ တူးပေးဖို့ ကျနော်တို့ ရွာသားတွေကိုပြောထားတယ်။ ကျနော်တို့က လုပ်ငန်းကျွမ်းကျင်မှု မရှိတော့ မတူးရဲဘူး။ အဲဒီနောက်ပိုင်း လျှပ်စစ်က လာလည်း မလာတော့ဘူး။ အဲဒီကတည်းက အဆက်ပြတ်သွားတာ အခုထိဒီအတိုင်းဘဲ” ဟု ပွင့်လှသင်ကုန်းကျေးရွာ ရာအိမ်စုမှူးဦးနေ၀င်းက ပြောသည်။ ဓါတ်တိုင်များနေရာရွှေ့ပြောင်း ပြီးစီးပါက ကျောက်လောင်းရန် ငွေကျပ်လေးသိန်းကျော် ရွာသူရွာသားများက စုဆောင်းထားပြီး သြဂုတ်လ အတွင်းကလဲ ဓါတ်ကြိုးနှင့် မလွတ်သည့် သစ်ပင်သစ်ကိုင်းများကို ခုတ်ထွင်ရှင်းလင်းခဲ့ကြောင်း ကျေးရွာလူငယ်ခေါင်းဆောင် ကိုမြင့်ကိုက ပြောသည်။ အကြောင်းအရာ ကိစ္စနှင့်ပတ်သတ်ပြီး ပြည်မြို့နယ် လျှပ်စစ်အင်ဂျင်နီယာ ဦးကျော်စွာလင်းက “ဒီအတိုင်းဆိုရွှေ့မရဘူး။ လိုက်မြောင်း တူးပြီးမှရွှေ့ရမယ်။ လိုက်မြောင်းတူးရင် ကျနော်တို့ကို အကြောင်းကြားပါ။ ကျနော်တို့လူလွှတ်ပြီး ပြပေးမယ်လို့ ပြောထားတယ်။ အခုထိမဆက်သွယ်ဘူး” ဟုပြောသည်။

မှတ်ချက်။ ။၎င်းစာမူသည် ကျနော်၏ဆရာမဇ္ဇိုမ သတင်းထောက် ရေခဲ(ပြည်) ထံမှ
ရယူခဲ့သော သတင်းအချက်အလက်များဖြစ်ပြီး စာမူနှင့်ပတ်သက်လာမည့် ကိစ္စအဝ
ကို ဖြေရှင်းသွား မည်ဖြစ်ကြောင်း ဝန်ခံကတိပြုပါသည်။

သတင်း ပြည့်သဲမောင်(ပြည်) စံတော်ချိန်နေ့စဉ် သတင်းစာ
ဓါတ်ပုံ ကိုသန့်ဇင် (သူရိယနေ၀န်း ဂျာနယ်)

 

နောက်ဆုံးရ သတင်းများ
Find Us On Facebook
Visitors
006500
Visit Today :
This Month :
Who's Online :
Your IP Address: 162.158.79.10
Android မှ ဖတ်ရှုရန်

Copyright © 2014 http://www.pyaycity.com. All Rights Reserved.
Powered By Webmaster Myanmar