သရေခေတ္တရာ ပြည်မြို့တော်

ရန်ကုန်-ပြည် ရထားလမ်းပိုင်းတွင် အမြန်ရထားတွဲဆိုင်းသစ် စတင်ပြေးဆွဲ

ရဲနိုင် 7 Daily

pyaycity-new-train-ygn-pyay

ရန်ကုန်-ပြည်ရထား လမ်းပိုင်းတွင် အမြန်ရထားတွဲ ဆိုင်းအသစ်ဖြင့် စက်တင်ဘာ ၂၇ ရက်၌ စတင်ပြေးဆွဲနေပြီဖြစ် ကြောင်း ရထားပို့ဆောင်ရေးဝန် ကြီးဌာနမှ သတင်းရရှိသည်။ ရန်ကုန်-ပြည် အမှတ် ၇၁ အဆန်နှင့် အမှတ် ၇၂ အစုန်ရထားတွဲဆိုင်းအသစ်ကို မြစ်ငယ်စက်ရုံမှ ထုတ်လုပ်ခြင်းဖြစ်ပြီး လူဦးရေခြောက်ရာနီးပါးလိုက်ပါ စီးနင်းနိုင်သည်။ ရထားလက်မှတ်ကို မူရင်း ဈေးအတိုင်းသာ သတ်မှတ်ထားပြီး အထက်တန်း ၁,၉၅၀ ကျပ်၊ ရိုးရိုးတန်း ၁,၃၅၀ ကျပ်ဖြစ်ကြောင်း သိရသည်။ ‘‘အရင်တုန်းကထက်တော့ စီးရတာ ကောင်းသွားတယ်။ ခုံ တွေလည်း ကျယ်ပြီးတော့ ခိုင် သွားတယ်’’ ဟုအမြန်ရထားတွဲဆိုင်းအသစ်စီးနင်းသည့် ခရီးသည်တစ်ဦးက ပြောသည်။ မြန်မာ့မီးရထားသည် ရထား တွဲဆိုင်းသစ်များဖြင့် ပြီးခဲ့သည့် ဇန်န၀ါရီ ၁၂ ရက်က စ၍ရန်ကုန်-မော်လမြိုင်လမ်းပိုင်းတွင် အထူးအ မြန်ရထားအဖြစ်လည်းကောင်း၊ မန္တလေး-မြစ်ကြီးနားလမ်းပိုင်း တွင်လည်းကောင်း ပြေးဆွဲနေပြီး ယခုတစ်ကြိမ်သည် တတိယအ ကြိမ် ပြေးဆွဲခြင်းဖြစ်ကြောင်း သိ ရသည်။ လူစီးတွဲများ စက်ခေါင်း ကောင်းမွန်ရေးအတွက် မြန်မာ့မီးရထား  အင်းစိန်စက်ခေါင်းစက်ရုံက ကိုယ်ပိုင်တည်ဆောက်ခြင်း၊ ပြုပြင်မွမ်းမံခြင်း များဆောင်ရွက်ခြင်း၊ လူစီးတွဲနှင့် ကုန်တွဲစက်ရုံ(မြစ်ငယ်)မှ နှစ်စဉ် ပြည့်မီအောင်လူစီးတွဲများ  ထုတ်လုပ်လျက်ရှိကြောင်း သတင်းရရှိသည်။ တွဲဆိုင်းအသစ်အတွက် ရိုးရိုးတန်းတွဲတစ်တွဲလျှင် ကျပ်သိန်း ၇၅၀ ကုန်ကျပြီး လူဦးရေ ၆၅ ဦး၊ အထက်တန်းတွဲကျပ်သိန်း ၃၀၀ဖြင့်လူဦးရေ ၃၀ စီးနင်းနိုင်သည်။

 

နောက်ဆုံးရ သတင်းများ
Find Us On Facebook
Visitors
006500
Visit Today :
This Month :
Who's Online :
Your IP Address: 162.158.79.10
Android မှ ဖတ်ရှုရန်

Copyright © 2014 http://www.pyaycity.com. All Rights Reserved.
Powered By Webmaster Myanmar