သရေခေတ္တရာ ပြည်မြို့တော်

မီးသတ်တပ်ဖွဲ့ဝင် နာရေးတွင် မီးသတ်ကား သုံးစွဲခွင့်နှင့် ပတ်သက်၍ အချင်းများအမှုဖြစ်

pyaycity-fireman-qurrelဇော်မင်းထိုက်၊ ပြည်၊ 7 Daily

 

 

 

 

ပြည်မြို့၊ ဆေးရေးအရန် မီးသတ်တပ်ဖွဲ့၊ တပ်စု(၄) မှ အရန်မီးသတ်တပ်ဖွဲ့ဝင်တစ်ဦး၏ နာရေးကိစ္စတွင် မီးသတ်ကား သုံးစွဲမှုနှင့် ဆက်စပ်၍ အချင်းများပြီး အမှုတစ်ခုဖြစ်ပွားခဲ့သည်။ ပြည်မြို့၊ ဆေးရေးအရန်မီး သတ်တပ်ဖွဲ့ တပ်စု(၄) မှ တပ် ကြပ်အဆင့်ရှိ ဦးကိုကိုနိုင်မှာ နို ၀င်ဘာ ၂၅ ရက်က ကွယ်လွန်သွားခဲ့ရာ ၎င်း၏ ဈာပနတွင် မီးသတ် တပ်ဖွဲ့ဝင်များက တူညီဝတ်စုံများ ၀တ်ဆင်ကာ မီးသတ်ကားဖြင့် စနစ်တကျလိုက်ပါ ဂုဏ်ပြုပို့ဆောင်ရန် အစိုးရမီးသတ်ဦးစီးဌာန တာဝန်ရှိသူထံ ခွင့်တောင်းခဲ့သည်။ အစိုးရမီးသတ်ဦးစီးဌာနမှ အရန်မီးသတ်တပ်ဖွဲ့ ဒုတပ်ရင်းမှူးထံစေလွှတ်ခဲ့ပြီး အရန်မီး သတ်တပ်ဖွဲ့ဒုတပ်ရင်းမှူးက ပြဿနာဖြစ်လာလျှင် ကိုယ့်ပြဿနာကိုယ်ရှင်းဟု ပြောဆိုခွင့်ပြုခဲ့သည်။ ဆေးရေးမီးသတ်တပ်စုက မီးသတ်တပ်ဖွဲ့ဝင်၏ နာရေး တွင် မီးသတ်ကား အသုံးပြုကာ စနစ်တကျ လိုက်ပါပို့ဆောင်ခဲ့သည်။ သင်္ဂြိုဟ်ပြီးနောက်နေ့၌ ဆေးရေးမီးသတ်က တပ်စုမှူးအားခေါ်ယူကာ နောင်တွင် မီးသတ်တပ်ဖွဲ့ဝင်များ နာရေးတွင် မီးသတ်ကားအသုံးမပြုရန် ခံဝန် ကတိထိုးစေခဲ့သည်ဟုဆိုသည်။ ထို့ကြောင့် အသုံးပြုခွင့်နှင့် ပတ် သက်၍ ပြည်မြို့နယ် မီးသတ် စခန်းမှူး ဦးမျိုးရွှေနှင့် အရန်မီး သတ်တပ်ဖွဲ့မှ အရန်မီးသတ် ယာဉ်မောင်းတပ်ကြပ်ကြီး ဦးတင် မြင့်တို့ အချင်းများခဲ့ပြီး ပြည်မြို့ နယ်မီးသတ်စခန်းမှူးက မီးသတ် တပ်ကြပ်ကြီးကို ၀တ္တရားနှောင့် ယှက်မှုဖြင့် အမှတ် (၁) ရဲစခန်းတွင် အမှုဖွင့်ထားကြောင်းအရန် မီးသတ်တပ်ဖွဲ့ဝင်များက နိုဝင်ဘာ ၂၇ ရက်၌ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။‘‘နောင်မှာ အရန်မီးသတ်တွေရဲ့ နာရေးမှာ မီးသတ်ကား သုံးပြီး လိုက်ပါမပို့ဆောင်ရဘူးလို့ လက်မှတ်ထိုးခိုင်းတဲ့အတွက် ဗဟိုမီးသတ်ကိုရောက်သွားခဲ့တယ်။ အဲဒီမှာ မီးသတ်စခန်းမှူးကမကျေနပ်ဘူးလားလို့ ပြောတယ်။ မကျေနပ်ရင် ဘာဆက်လုပ်ရမလဲလို့ ကျွန်တော်ကမေးတယ်။ အဲဒီမှာ စကားများကြပြီး သူကကျွန်တော့်ကိုလက် သီးနဲ့ တစ်ချက်ထိုးတယ်။ ပြီးတော့သူကလည်း အမှုဖွင့်တယ်။ ကျွန်တော်လည်းရှင်းလင်းပွဲပြီးတာနဲ့ လက်သီးနဲ့ထိုးခံရတာကို ပြန်အမှုဖွင့်မှာပါ’’ဟု အရန်မီးသတ်တပ်ကြပ်ကြီး ဦးတင်မြင့်ကပြောသည်။ ‘‘အခုကိစ္စက သူတို့ဟာ ကိုယ့်သဘောကိုယ်ဆောင်ဆုံး ဖြတ်သွားတာဖြစ်တယ်။ တပ်ဖွဲ့ တစ်ခုဟာ စည်းကမ်းစနစ်ကျရမယ်။ မလိုလားအပ်တဲ့ အုပ်ချုပ်မှုဖြစ်စဉ် မဖြစ်စေရေးအတွက် ကြပ်မတ်ပေးရတာဖြစ်တယ်’’ ဟု ပြည်မြို့နယ်မီးသတ်စခန်းမှူး မီးသတ်ဒုဦးစီးမှူးဦးမျိုးရွှေက ပြောသည်။ နောင်တွင် မီးသတ်တပ်ဖွဲ့ ၀င်များ၏ နာရေး၌ မီးသတ် ကားအသုံးမပြုရေးလက်မှတ်ရေး ထိုးစေခြင်းမှာ ရုံးတွင်းသတိပေး စာအနေဖြင့်သာဖြစ်ပြီး အရန်မီး သတ်တပ်ဖွဲ့တပ်ရင်းမှူး၊ တပ်ခွဲ မှူးများရှေ့တွင် နားလည်သဘော ပေါက်စေပြီးမှသာ ဆောင်ရွက် စေခြင်းဖြစ်သည်ဟု ဆိုသည်။ ယခုနာရေးကိစ္စမှာ တပ်ဖွဲ့ဝင်သည် ၉၆ ပါးရောဂါဖြင့် သေဆုံးသွားခြင်းဖြစ်ကြောင်း၊ မီးလောင်ပြင်၊ ကယ်ဆယ်ရေး၊ လုံခြုံရေး ကိစ္စများဆောင်ရွက်စဉ် သေဆုံးပါက မီးသတ်ဦးစီးဌာနအနေဖြင့် ဂုဏ်ပြုဈာပနများ ကျင်းပပေးနိုင်ရန် အဆင့်ဆင့်တင်ပြ ဆောင်ရွက် ပေးရန်ရည်ရွယ်ကြောင်း မီးသတ် စခန်းမှူး ဦးမျိုးရွှေကပြောသည်။ ပြည်မြို့နယ်အတွင်းရှိ အရန်မီးသတ်တပ်ဖွဲ့ဝင်များ နာရေးကိစ္စဖြစ်ပေါ်လျှင် တပ်ဖွဲ့ဝင်များက တူညီဝတ်စုံဝတ်ဆင်ကာ မီးသတ်ကားဖြင့် လိုက်ပါပို့ဆောင်မှု ပြုလုပ်ခြင်း အစဉ်အလာများရှိကြောင်း၊ ပရဟိတအရန်မီးသတ် တပ်ဖွဲ့ဝင်များအနေဖြင့် စေတနာ တာဝန်ထမ်းဆောင်ခဲ့ရပြီး နာရေးကိစ္စတစ်ခုကို ခြွင်းချက်ထားကာ နောက်ဆုံးအနေဖြင့် ဂုဏ်ပြုပြီး မီးသတ်ယာဉ် သုံးစွဲခွင့်ပြုသင့်ကြောင်း ဆေးရေးအရန် မီးသတ်တပ်ဖွဲ့မှတပ်စုမှူး ဦးခင်မောင်ရွှေကလည်းပြောသည်။ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ ရှိ မီးသတ်ကားများအား ကယ် ဆယ်ရေး၊ မီးလောင်ပြင်၊ လုံခြုံ ရေးကိစ္စများမှလွဲ၍ ကျန်သည့် ကိစ္စများတွင် သုံးစွဲခွင့်မပြုရန် မီး သတ်ဦးစီးဌာနက တရားဝင်ကြေ ညာချက်ထုတ်ပြန်ကြောင်း ပြည် မြို့နယ်မီးသတ်ဦးစီးဌာန တာဝန် ရှိသူကဆိုသည်။

 

 

 

 

 

နောက်ဆုံးရ သတင်းများ
Find Us On Facebook
Visitors
006500
Visit Today :
This Month :
Who's Online :
Your IP Address: 162.158.79.142
Android မှ ဖတ်ရှုရန်

Copyright © 2014 http://www.pyaycity.com. All Rights Reserved.
Powered By Webmaster Myanmar