သရေခေတ္တရာ ပြည်မြို့တော်

ထူးကြီး မူးကြီးဆွေးနွေးခန်း ( လူမည်းကြီးတဲ.လား )

သရ၀ဏ်(ပြည်)
24.2.2015

pyaycity-super-man-without-hair

ထူးကြီး- မူးကြီးရေ ပြည်မြို.မှာတော. လူမည်းကြီးသောင်းကျန်းနေသတဲ.
မူးကြီး- အေးငါလဲ ကြားသဟဲ. စုန်းလိုလို ၊ ကဝေလိုလိုဆိုပဲ
ထူးကြီး- ဒါတင်ဘယ်ကသေးမလဲ ကိုယ်လဲပျောက်နိုင်သေးသတဲ.
မူးကြီး- ပြေးလိုက်တာလဲအတော်မြန်တယ် ၊ ခြေထောက်နဲ.မြေကြီးတောင်မထိဘူးတဲ. ဘိုးတော်လား
ဝိဇ္ဖာလားမသိဘူးနော်
ထူး- ဘိုးတော်က မိန်းမတွေ ကို၊ဟိုကိုင်ဒီကိုင်ကိုင်မလားကွ
မူး- ခုန်ပျံကျော်လွှားလဲရတယ်တဲ. အိမ်တစ်လုံးကိုတောင် ခုန်ပျံကျော်လွှားသွားနိုင်တယ်ဆိုပဲ
ထူး- ငါတော. အဲဒိလူကို မြန်မြန်မိပါစေဆုတောင်းတယ်ကွာ ၊ ဒါမှ ငါတို.မြန်မာ.အားကစား
အဆင်.အတန်းမြင်.မားလာမှာ
မူး- မင်းကတော.လုပ်ပြီ ။ ပြည်မြို.မှာသောင်းကျန်းနေတဲ.လူမည်းကြီးနဲ. မြန်မာ.အားကစား
အဆင်.အတန်းမြင်.မားတာနဲ.ဘယ်လိုဆိုင်လို.လဲဟ
ထူး- မင်းအဲဒါကြောင်. မူးကြီးဆိုတဲ. အမူးသမားဘ၀ကမတက်သေးတာပေါ.ကွာ ၊ အိုင်စီကိုမြင်.မြင်.ထားပါကွ
မူး- အိုင်ကျူပါကွ
ထူး- အေး ..အဲဒိ အိုင် ..ဘာ ..အေး အိုင်ကျူကိုမြင်.မြင်.ထားပါကွ ၊ ငါတို.မြန်မာတွေ S.E.A ဂိမ်းတွေဘာတွေမှာ မနိုင်တာကြာပြီလေ ။ ပြေးခုန်ပစ်မှာရွှေတံဆိပ်မရတာ ဂျနီဖာတင်လေးတို.လက်ထက်ပြီးကထဲကလေ ။ ဒါ.ကြောင်. လူမည်းကြီးကို ဆီးဂိမ်းမှာမြန်မာကိုယ်စားပြုပြီး အပြေးပြိုင်ပွဲနဲ.တန်းခုန်ပြိုင်ပွဲဝင်ခိုင်းလိုက်ရရင် ရွှေတံဆိပ်ရမှာသေချာတယ်ကွ ၊ အဲဒါကြောင်. ဒီလူမည်းကြီးဆိုတဲ.လူကိုမြန်မြန်မိစေချင်တာ ။ဒါမှမြန်မာ.အားကစားကမ္ဘာကိုလွှမ်းမှာပေါ.
မူး- မင်းကပေါက်ပေါက်ရှာရှာကွာ ၊ ဒါနဲ. ထူးကြီးရေ မင်းက ထူးကြီး (ပြည်)ဆိုပြီးစာလေးဘာလေးရေးတော. အခုမှသတိရတယ် မင်းကပြည်မြို.သားပဲ
ထူး- ဟုတ်ပ ..ရေမရောတဲ.ပြည်သားအစစ်ပါကွ ၊ ချက်မြှုပ်တာတောင် သံတစ်ချောင်းလမ်းက ပြည်သူ.ဆေးရုံအဟောင်းဝင်းထဲမှာမြှုပ်တာမောင်
မူး- အဲဒိလမ်းက အခု ရွှေတစ်ချောင်းလမ်းလို.နာမည်ပြောင်းလိုက်ပြီတဲ.
ထူး- သူ.ဘာသာ ရူးလို.ပြောင်းတာနေမှာပေါ. ။ သံဆိုတိုင်းဆိုးတာမဟုတ်ဘူး ၊ ရွှေ ဆိုတိုင်းကောင်းတာမဟုတ်ဘူး ။သံရွှေဆိုရင် ……
မူး- ဟော.ကောင် ချောတောငေါ.ကုန်ပြီ ။ မင်းကပြည်သားဆိုတော. ဒီကိစ္စကိုဘယ်လိုမြင်လဲ
ထူး- ဘယ်ကိစ္စလဲ သံတစ်ချောင်းလမ်းကိစ္စလား
မူး- လာပြန်ပြီလားသံတစ်ချောင်း ၊ ငါပြောတာက လူမည်းကြီးကိစ္စကွ လူမည်းကြီးကိစ္စ ၊ ကဝေပျို၏နိဒါန်း (အဲလေ) ကဝေ ဆိုပြီးနာမည်ကြီးနေတဲ.လူကိစ္စ
ထူး- မင်းကငါတို.မြို.အကြောင်းကိုမသိလို. ၊ အရင်တုန်းကမြို.မှာ အခုလိုပဲအုတ်အော်သောင်းတင်း ဂမ္ဘီရလိုလိုဘာလိုလို ကောလဟလ နှစ်ခုပေါ်ခဲ.ဖူးတယ်
မူး- ပြောစမ်းပါဦး
ထူး- ပထမတစ်ခုက ၁၉၉၀ ရွေးကောက်ပွဲပြီးကာစလောက်က ကွ ။ လူတကာရွေးကောက်ပွဲအကြောင်းအာရုံစိုက်နေကြတုန်း ပြည်မြို.အစွန်က နိဗ္ဖိန္ဒတောရအနီးကရေကန်ကြီးတစ်ကန်မှာ နဂါးပေါ်တယ်ဖြစ်ပါလေရော ။ ဟိုလူကနဂါးခေါင်းကြီးရေကန်ထဲကတက်လာတာကိုတွေ.သလိုလို ၊ ဒီလူက နဂါး အမောက်ကိုတွေ.လိုက်ရသလိုလိုပေါ.ကွာ ၊ ပြည်မြို.တစ်ဖက်ကမ်းမှာလည်း လက်ဝါးပုံမှိုပွင်.ကြီးတွေ.ရတယ်တိုပြီးကောလဟလတွေဖြစ်ပြီး
“ အရှေ.မှာ နဂါး
အနောက်မှာလက်ဝါး
မိုးပေါ်မှာသိကြား “ ဘာညာ နဲ. တဘောင်လိုလို အတိတ်လိုလိုတွေတောင်ပြောကြဆိုကြပေါ.ကွာ ။တောထဲကရေကန်ကိုနဂါးပေါ်တယ်ဆိုလို.သွားကြည်.တဲ.သူတွေများလွန်းလွန်းလို. စီးပွားရေးလာဘ်မြင်တဲ.လူတစ်ယောက်က ရေကန်နားမှာ “ ဘွားကနဲကဖီး “ ဆိုပြီးလက်ဘက်ရည်ဆိုင်တောင်လာဖွင်.ရတဲ.အထိစည်ကားခဲ.တယ်ကွ
မူး- အဲဒိတော. နဂါးကိုတွေ.ရောလား ၊ ဦးစံလင်းနဂါးတွေ.တာ မင်းတို.ပြည်မြို.ထက်နောက်ကျတယ်နော်
ထူး- ဟေ.ကောင်စကားကောင်းပြောနေရင်ဝင်ဖောက်မလာနဲ. ၊ အဲဒိလိုတစ်မြို.လုံးအုံးအုံးကျွက်ကျွက်ဖြစ်လာတော. အဲဒိတုန်းကစစ်အုပ်ချုပ်ရေးခေတ်မို.စစ်တပ်က ရေကန်ကို ပိုက်နဲ.ဆွဲကြည်.တယ်ကွာ ။ ပြီးတော. မိတဲ.အကောင်ကိုတစ်မြို.လုံးကားနဲ.လည်ပြီးပြတယ်
မူး- နဂါးကြီးကိုတွေ.ရောလား
ထူး- ဟုတ်ပါလိမ်.မယ် ၊ ပိုက်ကွန်ထဲပါလာတာက ငါးရံခေါင်းတိုအကြီးကြီးတစ်ကောင်ကွ ၊ နှစ်ချို.ငါးကြီး ။ ငါးကရေကန်ပေါ်တက်အသက်ရှူတာကို မမြင်မစမ်းနဲ.လူတွေက ကိုယ်.ဘာသာနဂါးလို. ထင်ကြတာ ။ကောလဟလကျယ်လာအောင်ဖြန်.တဲ.လူလဲရှိမှာပေါ.ကွာ ။
မူး- အေး၊ ဒါဆိုနောက်တစ်ကြိမ်ကရော
ထူး- နောက်တစ်ခါက ၂၀၀၃ ခုနှစ်လောက်မှာဟ ။ ပြည်မြို. န၀င်းကွက်သစ်ထဲကအိမ်တစ်အိမ်ဟာ ပုဏ္ဍကတိုက်ခံရတယ်လို.နာမည်တွေကြီးပြီး မြို.သူမြို.သားတွေ သွားကြည်.ကြတာ ဘုရားပွဲထက်စည်သေးတယ်မောင်
မူး- မင်းတို.ပြည်မြို.ကထူးဆန်းလှချည်လားကွာ
ထူး- ထူးဆန်းတာတော.မပြောနဲ.မောင် ။ အဲဒိအိမ် ပုဏ္ဍကတိုက်ပုံက ညညဆိုဘယ်ကကျလာမှန်းမသိတဲ. အုတ်ခဲကျိုးတွေ ဟာ တောင်ပုံရာပုံပဲကွာ ။ အိမ်ပေါ်ကိုတဂျိမ်းဂျိမ်းနဲ.ချနေတာ ။ မင်းစဉ်းစားကြည်.လေ အုတ်ခဲကျိုးဆိုတာ ယောက်ကျားအားနဲ.ပစ်ရင်တောင် ၀ါးတစ်ရိုက်ထက်ပိုပြီးဝေးဝေးရောက်တာမှမဟုတ်တာ ။
အိမ်နားမှာလဲ ရဲရော ၊ မီးသတ်ရော ၊ ရပ်ကွက်အုပ်ချုပ်ရေးတွေရောစောင်.ကြည်.နေကြတဲ.ဟာ ။ လူပစ်တာဘယ်.နှယ်ဖြစ်နိုင်မှာလဲ ။ ပုဏ္ဍကတိုက်တယ်ဆိုတာ သေချာသလောက်ပေါ.ကွာ ။
မူး- အဲဒိပုဏ္ဍကမိလားကွ
ထူး- မိတယ်မောင် ၊ လာကြည်.တဲ.လူတွေကတဖြည်းဖြည်း များများလာတော. ရဲက ကင်းပုန်းဝပ်ပြီးပါတ်ဝန်းကျင်ကို စောင်.ကြည်.တော.မှမိတာ
မူး- ကြောက်စရာကြီးကွာ ပုဏ္ဍကဆိုတာ ဘယ်လိုများနေပါလိမ်.
ထူး- ဘယ်လိုမှမနေဘူး သူလိုငါလိုပဲကွ ။ ဘာဖြစ်လို.လဲဆိုတော.ခဲနဲ.ပစ်တဲ.သူက သုံးအိမ်ကျော်က လူဖြစ်နေလို.ပဲ ။ သူက အဲဒိအိမ်ရှင်ကိုမကြေနပ်လို.အဝေးကနေခဲနဲ.ထုတာတဲ.ကွာ
မူး- မင်းပြောတော. အုတ်ခဲကျိုးကဝေးဝေးမရောက်နိုင်ဘူးဆို
ထူး- သာမန်ဆိုရင်တော.ဟုတ်တယ် ။ ဒီငတိက သူ.အိမ်မှာလောက်လွှဲလို.ခေါ်တဲ. လေးခွအကြီးစားကြီးမြေမှာစိုက်ပြီးလုပ်ထားတာကိုးကွ ။ ရှေးခေတ်ကစစ်တိုက်တော. ကျောက်တုံးကြီးတွေ ရန်သူဆီပစ်တဲ.နည်းကွ ။ သူကအဝေးကနေအဲဒိလို အုတ်ခဲကျိုးနဲ.ဆော်တာ ။
မူး- မင်းတို.ပြည်ကလူတွေက ပေါက်ပေါက်ရှာရှာကြံကြံဖန်ဖန်တော်တော်လုပ်တတ်ပါလားကွာ
ထူး- အေး ၊ အဲဒါကြောင်. လူမည်းကြီး ကောလဟလကိုငါမယုံတာပဲ
မူး- မြင်တဲ.သူကမြင်တယ်ပြောတာပဲ ၊ မင်းကသာကောလဟလလုပ်နေ
ထူး- မြင်တာက ထွက်ပြေးပြီးမှဝိုင်းလိုက်တာတွေကိုမြင်တာပါ ။ သူခိုးအိမ်ပေါ်တက်တာလဲဖြစ်မယ် ။ လင်ငယ်နဲ.ချိန်းတွေ.တုန်း လင်ကြီးနိုးလာလို. လူမည်းကြီးဘာညာနဲ. ညာပြောတဲ.မိန်းမဥာဏ်လဲဖြစ်နိုင်တယ် ။ နောက်ကွယ်မှာကောလဟလကို မကြီးကြီးအောင်ဖြန်.တဲ.အဖွဲ.လည်းအဆင်သင်.ရှိနေတယ်လို.ငါထင်တယ် ။ လူမည်းလိုလိုဘာလိုလုပ်တာလဲသူတို.အဖွဲ.သားပဲနေမှာပဲ ။
မူး- ဘယ်လူက ၊ ဘာကြောင်.ကောလဟလဖြန်.ရမှာလဲကွာ မင်းကတော.လုပ်ပြီ
ထူး- မင်းစဉ်းစားကြည်.လေ ၊ ဒီကောလဟလဟာတခြားမြို.မှာမပေါ်ဘူး ။ ထူးထူးဆန်းဆန်းတွေအရမ်းပေါ်တတ်တဲ. ပြည်မြို.မှာမှပေါ်လာတယ် ။ ပြီးတော.ဒီကောလဟလဖြစ်တဲ.အချိန်မှာ တစ်နိုင်ငံလုံးရဲ.အာရုံဟာကျောင်းသားသပိတ်ပေါ်မှာရှိနေတယ် ။ ပင်မကျောင်းသားသပိတ်စစ်ကျောင်းဟာ ပြည်နဲ.ရန်ကုန်ရဲ.အလည်ဗဟို လက်ပံတန်းမြို.မှာရောက်နေတယ် ။ သပိတ်စစ်ကြောင်းနဲ.အတူ ဂျာနယ်လစ်တွေ ၊ မီဒီယာတွေပါရှိနေကြတယ် ။ အဲဒိထဲက ဂျာနယ်လစ်တွေဟာပြည်က လူမည်းကြီးသတင်းထူးကိုကြားရင် ကင်မရာတွေ ကိုင်ပြီးလက်ပန်းတန်းကနေပြည်ကို ပြေးလာကြမှာပဲ ။ ပြီးတော. ကျောင်းသားတွေကိုဝန်းရံနေတဲ.သူတွေလဲ စပ်စုလိုစိတ်နဲ. လက်ပန်းတန်းကနေပြည်ကိုသွားကြလိမ်.မယ် ။ အဲဒီအခါမှာ ကျောင်းသားတွေအနားမှာလူအင်အားနည်းသွားလိမ်.မယ် ။ အဲဒိလိုအချိန်မှာ ကျောင်းသားတွေရှေ.ဆက်တိုးလာရင် အကြမ်းဖက် ရိုက်နှက်ဖြိုခွင်းဖို.အချိန်ကောင်းပဲ ။ဒါ.ကြောင်.ဒီသတင်းကိုအရှိန်မြှင်.ပြီး မကြီးကြီးအောင်ဖွနေတယ်လို.ငါထင်တာပဲ ။
မူး- မင်းယူဆချက်က တယ်ကောင်းပါလားကွာ ၊ ဒါနဲ.ဟိုမှာ လူတစ်ယောက်လာနေတယ်ဟေ. မင်းနာမည်ကိုမေးနေတယ် ။
ထူး- ပြောပါ ၊ကိုထူးကြီးဆိုတာကျွန်တော်ပါ ။
လူစိမ်း- ပြည်ကခင်ဗျားယောက်ခမစာပေးလိုက်တယ် ဒီမှာ
ထူးကြီးသည်စာကိုဖတ်ကြည်.ပြီးငိုင်သွားရာအောက်ပါအတိုင်းရေးသားထားလေသည် ။
ဟဲ.ပညာရှိငမူး ထူးကြီး
နင်.မိန်းမလင်ငယ်နဲ.လိုက်သွားသည်
ကလေးငါးကောင်ကိုလာခေါ်ပါ ၊ လိုက်သွားသူမှာ လမ်းထိပ်ကဆိုက္ကားဆရာ မည်းကြီးနဲ.။
ပုံ/ နင်.မိန်းမအမေ ။
စာဖတ်ပြီးနောက်ထူးကြီးသည်ကိုယ်.နဖူးကိုကိုယ်လက်နှင်.ရိုက်လိုက်ပြီး ။
ထူးကြီးထင်တာမှန်ပြီဟုအော်လိုက်လေသတည်း ။

 

နောက်ဆုံးရ သတင်းများ
Find Us On Facebook
Visitors
006500
Visit Today :
This Month :
Who's Online :
Your IP Address: 162.158.79.142
Android မှ ဖတ်ရှုရန်

Copyright © 2014 http://www.pyaycity.com. All Rights Reserved.
Powered By Webmaster Myanmar