သရေခေတ္တရာ ပြည်မြို့တော်

ဆိုင်ကယ် အရှိန်မထိန်းနိုင်ဘဲ အနောက်ကနေ ၀င်ရောက်တိုက်မိခဲ့သူ စည်ပင်သာ ယာရဲတပ်ဖွဲ့ဝင်တစ်ဦး သေဆုံး

ပြည့်သဲမောင်(ပြည်)

images_pyaycity-pyay2

အောက်တိုဘာ( ၂၉) ရက်နေ့ ည(၉)နာရီ အချိန်ခန့် ပြည်-ရန်ကုန်လမ်းအတိုင်း
ပြည်မြို့ဘက်မှ ရွှေတောင်မြို့ဘက် တက စံထွေး(၄၁)နှစ်၊ ကရင်/ခရစ်ယာန်၊
ခလရ(၇၅)၊ ပြည်မြို့နေသူမောင်းနှင်ပြီး ၄င်း၏ ရင်ခွင်အတွင်း၌ ၄င်း၏သားမောင်
စောစတီဗင် (၅) နှစ်အရွယ်ရှိသူလိုက်ပါလာသော ကြယ်-၁၇၁၁ (လ) WAVE-110 စစ်စိမ်းရောင်ဆိုင်ကယ်သည် ရဲစခန်းတောင်(၂) မိုင်ခန့် ပြည်မြို့၊ ဆင် စုရပ်ကွက်၊ ပညာရေးကောလိပ်အနီး မိုင်တိုင်(၆/၁၇၇) အရောက် လမ်း ကြောင်းတစ်ကြောင်း
တည်း အရက်သေစာသောက်စားမူးယစ်နေသည့် ရဲတသကျော်ရဲအောင်(၂၄) နှစ်၊ နေပြည်တော်စည်ပင်ရဲတပ်ဖွဲ့၊ (လွတ်လပ်ရေးကွက်သစ်(၁)လမ်း၊ ဇီးကုန်းလမ်း) နေသူမှ အ ရှိန်ပြင်းစွာမောင်းနှင်းပြီး အနောက်တွင် အရန်မီးသတ်တသအောင်အောင်(၂၅)နှစ်၊ အမှတ်(၃)ရပ် ကွက်၊ ဇီးကုန်းမြို့နေသူလိုက်ပါလာသော နံပါတ်တပ်ဆင်ထားခြင်းမရှိသည့်
Viva-110အနက်ရောင် ဆိုင်ကယ်ကို အရှိန်မထိန်းနိုင်ဘဲ အနောက်ကနေ၀င်ရောက်
တိုက်မိခဲ့သည်ဟု ရဲမှတ်တမ်းအရ သိရသည်။ ထိုသို့တိုက်မိ၍ဆိုင်ကယ်နှစ်စီး၏ ဒူးကာများ၊ ရှေ့မီးကြီးခွက်များ ကွဲကြေပျက်စီးကာပျက်စီးဆုံးရှူံးသွားပြီး ရဲတသကျော်ရဲအောင်တွင်ဝဲ/ယားနားမှာ သွေးထွက်ဒဏ်ရာ၊ ၀ဲ/ယာတံတောင်ပွန်း၊ နှစ်ခေါင်းသွေးထွက်ဒဏ်ရာ၊ဦးခေါင်းနောက်စေ့ဖူးရောင်ဒဏ်ရာ၊ ၀ဲခြေညိုးစုတ်
ပြတ်ဒဏ်ရာရရှိကာ(ပြည်ဆေးရုံးကြီး အတွင်းလူနာ)၊ တကစံထွေးတွင် ဦးခေါင်းဝဲဘက်ေ
ပါက်ပြဲဒဏ်ရာ၊၀ဲလက်ညိုးပေါက်ပြဲဒဏ်ရာ၊၀ဲခြေခုံ/၀ဲဒူးပွန်းပြဲဒဏ်ရာ၊ရင်ဘတ်အောင့်ေ
သာဒဏ်ရာ၊(ကုတင်၁၀၀စစ်ဆေးရုံးအတွင်းလူနာ)၊မောင်စောစတီဗင်တွင်ဝဲပါးပွန်းပဲ့ဒဏ်ရာ၊ ၀ဲခြေသလုံးနာကျင်ဒဏ်ရာ(ကုတင်၁၀၀စစ်ဆေးရုံးအတွင်းလူနာ) များအသီးသီးရရှိခဲ့ပါသည်။ ထို့ပြင် အရန်မီးသတ် တသအောင်အောင်တွင် ဒဏ်ရာရရှိခြင်းမရှိခဲ့။ ရဲတသကျော်ရဲအောင်သည် ပြည်အဝေးသင်တက္ကသိုလ်သို့ ပထမနှစ်(သမိုင်း) စာမေးပွဲဖြေဆိုနိုင်ရန်အတွက် ၂၀၁၄အောက်၂၅ ရက်နေ့မှစ၍ခွင့်(၁) လယူကာထွက်ခွာလာခြင်းဖြစ်ကြောင်း စုံးစမ်းသိ
ရှိရ။ ဖြစ်စဉ်နှင့်ပတ်သတ်၍ဆိုင်ကယ်မဆင်မခြင်အရမ်းမောင်းနှင်းသူ ရဲတသ ကျော်ရဲအောင်
အားအရေးယူပေးရန် ယာဉ်ထိန်းရဲအုပ် သက်နောင်မှ တိုင်းတန်းသဖြင့် ည(၁၁း၃၀) အချိန်ပြည်မြို့ရဲစခန်း ယာဉ်(ပ)၄၆/၂၀၁၄၊ ပြစ်မှူပုဒ်မ-၃၃၇/၃၃၈အရ အမှူဖွင့်အရေးယူ ဆောင်ရွှက်လျှက်ရှိပြီး အမှူကို ဒုရဲအုပ်ဇော်မင်းမှ လက်ခံစစ်ဆေးဆောင်ရွက်နေစဉ် ဒဏ်ရာရ
ရှိသူရဲတပ်သား ကျော်ရဲအောင်(၂၄) နှစ်နေပြည်တော် စည်ပင်ရဲတပ်ဖွဲ့ လွတ်လပ်ရေး ကွက်သစ် ၁ လမ်းနေသူသည် ပြည်ဆေးရုံကြီးရောက်ရှိပြီးနောက် ရန်ကုန်ဆေးရုံကြီးသို့ လွဲပြောင်းထွက်ခွာစဉ် အောက်ကတိုဘာ (၃၀) ရက်နေ့မနက် (၁း၃၀)နာရီတွင် ဇီးကုန်းမြို့အရောက် သေဆုံးခဲ့ကြောင်း သိရပါသည်။ ထို့ကြောင့်မူလရေးဖွင့်ထားသော ပြစ်မူပုဒ်မ -၃၃၇/၃၃၈ မှ၃၀၄(က)/ ၃၃၇/၃၃၈သို့ပြောင်းလဲဖွင့်လှစ်ခဲ့ကြောင်း သတင်းရရှိပါသည်။

 

နောက်ဆုံးရ သတင်းများ
Find Us On Facebook
Visitors
006500
Visit Today :
This Month :
Who's Online :
Your IP Address: 162.158.79.10
Android မှ ဖတ်ရှုရန်

Copyright © 2014 http://www.pyaycity.com. All Rights Reserved.
Powered By Webmaster Myanmar