သရေခေတ္တရာ ပြည်မြို့တော်

စိုက်ခင်းများ ဖျက်ဆီးနေသည့် တောဆင်ရိုင်း တစ်ကောင်ကို နေရာ ပြောင်းရွှေ့မည်

ခိုင်ခိုင်စိုး 7 Daily

images_pyaycity-pyay2

ပေါက်ခေါင်းမြို့နယ် အနီးတစ်ဝိုက်စိုက်ခင်းများကို ၀င် ရောက်ဖျက်ဆီးနေသည့် တော ဆင်ရိုင်းတစ်ကောင်ကို ဖမ်းဆီးကာ ပဲခူးရိုးမရှိ မြောက်ဇာမရီဆင်ထိန်းသိမ်းရေးသဘာဝနယ်မြေသို့ ပြောင်းရွှေ့ပေးသွားရန် စီစဉ်နေ ကြောင်း သတင်းရရှိသည်။ ဆင်ရိုင်းကို မြောက်ဇာမရီဆင်ထိန်းသိမ်းရေးသဘာဝနယ်မြေသို့ ရွှေ့ပြောင်းနိုင်ရန် ယင်းနေထိုင်သည့် နေရာများနှင့်လမ်းကြောင်းများကို လေ့လာထားပြီး ဇန်န၀ါရီနောက်ဆုံးပတ်တွင် မြန်မာ့သစ်လုပ်ငန်းနှင့် သစ်တောဦးစီးဌာနတို့ပူးပေါင်း၍ ပြောင်းရွှေ့သွားမည်ဟု မြန်မာ့သစ်လုပ်ငန်းမှ လက်ထောက်မန်နေဂျာဒေါက် တာ ဇော်မင်းဦးက ပြောသည်။ အဆိုပါ တောဆင်ရိုင်းမှာ အသက်(၄၀)၀န်းကျင်ရှိ ဆင်ထီး ဖြစ်ပြီး ပေါက်ခေါင်းမြို့နယ်နှင့် ပေါင်းတည်မြို့နယ်ကြားရှိ ရွာများ အနီး စိုက်ခင်းများသို့ ၀င်ရောက် ဖျက်ဆီးကာစားသောက်နေသဖြင့်ရွာသားများနှင့် ပဋိပက္ခဖြစ်ပွား မည်ကို စိုးရိမ်သည့်အတွက် ဖမ်းဆီး၍ ပဲခူးရိုးမရှိ မြောက်ဇာ မရီဆင်ထိန်းသိမ်းရေးသဘာဝ နယ်မြေသို့ ပြောင်းရွှေ့ပေးသွား မည်ဟု ၎င်းက ပြောသည်။ ‘‘ဒီဆင်က တမင်ဖျက်ဆီးနေ တာတော့မဟုတ်ဘူး။ အစာရှာ ရင်း ဖျက်ဆီးမိသွားတာ။ တစ်ချိန် ချိန်မှာလူကိုအန္တရာယ်ပြုလာပြီး ပဋိပက္ခဖြစ်လာမှာစိုးလို့ ကြိုတင် ကာကွယ်တဲ့သဘောနဲ့ရွှေ့မှာပါ’’ ဟု ၎င်းကပြောသည်။ ပဲခူးတိုင်းဒေသကြီး ပဲခူးရိုးမ ရှိ မြောက်ဇာမရီဆင်ထိန်းသိမ်း ရေးနယ်မြေသို့ ဆင်ပြောင်းရွှေ့ ခြင်းမှာ တတိယအကြိမ်ဖြစ်ပြီး လွန်ခဲ့သည့်နှစ်က ပဲခူးတိုင်းတွင် လူနေအိမ်နှင့် စိုက်ခင်းများဝင် ရောက်ဖျက်ဆီးသည့် ဆင် ၁၂ ကောင်နှင့် ဧရာဝတီတိုင်းမှ ဒေသခံလူသုံးဦးကို သတ်ဖြတ်ခဲ့သည့် ဆင်တစ်ကောင်ကိုလည်း ပြောင်း ရွှေ့ပေးခဲ့ဖူးကြောင်း သိရသည်။ တောဆင်ရိုင်းများကို တရား မ၀င်သတ်ဖြတ်နေခြင်းနှင့် လူနှင့် ဆင်ပဋိပက္ခဖြစ်ပွားမှုလျော့နည်း စေရန် မြောက်ဇာမရီဆင်ထိန်း သိမ်းရေး  သဘာဝနယ်မြေကို ၂၀၁၄ ဇွန်လတွင် သဘာဝနယ်မြေ အဖြစ် အတည်ပြုခဲ့ပြီး ဧရိယာ ၂၄၂,၉၃၈ဒသမ ၄၈ဧက၊ စတုရန်း မိုင် ၃၇၉ဒသမ ၅၉အကျယ်အ၀န်း ရှိသည်။

 

နောက်ဆုံးရ သတင်းများ
Find Us On Facebook
Visitors
006500
Visit Today :
This Month :
Who's Online :
Your IP Address: 162.158.79.142
Android မှ ဖတ်ရှုရန်

Copyright © 2014 http://www.pyaycity.com. All Rights Reserved.
Powered By Webmaster Myanmar