သရေခေတ္တရာ ပြည်မြို့တော်

ကိုပါကြီး သေဆုံးမှုနှင့် ပတ်သက်၍ ပြည်မြို့တွင် ဆန္ဒပြသူနှစ်ဦးကို ပုဒ်မ (၁၈)ဖြင့် အရေးယူ

ဇော်မင်းထိုက်၊ ပြည် 7 Daily

pyaycity-two-men-protest-for-KoParGyi

ကိုပါကြီးသေ ဆုံးမှုအတွက် ပွင့်လင်းမြင်သာစွာ စုံစမ်းဖော်ထုတ်ပေးရန် ပြည်မြို့တွင် အောက်တို ဘာ ၂၆ရက်ညက ဆန္ဒြုပသူနှစ်ဦးကို ပြည်မြို့မရဲစခန်းမှ စီတန်းလှည့်လည်ပုဒ်မ ၁၈ဖြင့် အရေးယူထားကြောင်းသတင်းရရှိသည်။ ‘‘ခွင့်ပြုချက်မရှိဘဲ ဆန္ဒဖော် ထုတ်တာကြောင့်နှစ်ဦးစလုံးကို ပုဒ်မ ၁၈နဲ့ ညတွင်းချင်းပဲအမှုဖွင့် အရေးယူထားပါတယ်’’ဟု ပြည် မြို့မရဲစခန်းမှူးကပြောသည်။ ကိုပါကြီး(ခ) ကိုအောင် ကျော်နိုင်အား တပ်မတော်မှ ပစ် ခတ်ဖမ်းဆီးမှုကြောင့် သေဆုံးခြင်း နှင့်ပတ်သက်ပြီး ကျေနပ်မှုမရှိ၍ လုံလောက်သည့် စုံစမ်းစစ်ဆေး မှုများပြုလုပ်ပေးရန်ပြည်မြို့မှ ဦး မြင့်အေး၊ ကိုသန့်ဇင်ထက်တို့နှစ် ဦးသည် ဖယောင်းတိုင်မီးများကိုင် ဆောင်ကာ ဗိုလ်ချုပ်မြင်းစီးကြေး ရုပ်ရှေ့တွင်ဆန္ဒဖော်ထုတ်ခဲ့ခြင်း ဖြစ်ကာ တရားဝင်ခွင့်ပြုချက်မရှိ သောကြောင့် ပြည်မြို့မရဲစခန်းမှ အမှုဖွင့်အရေးယူခဲ့ခြင်းဖြစ်သည်။ ‘‘ကျွန်တော်တို့ ရဲစခန်းက နောက်နေ့မနက်မှာဖုန်းဆက် တယ်။  ဒီတစ်ခါတော့ ခံဝန်ကတိ တွေ၊  အာမခံတွေမလုပ်နိုင်တော့ ဘူး။  ၁၈နဲ့အဆွဲခံရတာလေးခါရှိ ပြီ။  တရားရုံးတွေသွားရလာရနဲ့ ပင်ပန်းလှပြီ။  ဖမ်းမယ်ဆိုရင် လည်း လာဖမ်းလှည့်တော့’’ဟုပုဒ် မ ၁၈ ဖြင့် အရေးယူခံရသူဦးမြင့် အေးကပြောသည်။

 

နောက်ဆုံးရ သတင်းများ
Find Us On Facebook
Visitors
006500
Visit Today :
This Month :
Who's Online :
Your IP Address: 162.158.79.10
Android မှ ဖတ်ရှုရန်

Copyright © 2014 http://www.pyaycity.com. All Rights Reserved.
Powered By Webmaster Myanmar